Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)

ကျောင်းသူ၊ ဦးဆောင်သူ၊ သို့မဟုတ် ဂုဏ်ယူဖွယ်သမီးလတ်


Listen Later

မဆုမြတ်ဟာ နွေဦးတော်လှန်ရေးအတွက် အားကြိုးမာန်တက် ပါ၀င်လှုပ်ရှားခဲ့တဲ့ တက္ကသိုလ်ကျောင်းသားများထဲမှ တစ်ယောက်လည်း ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးကို လုံး၀ဆန့်ကျင်ပြီး အကြမ်းမဖက် ဆန္ဒထုတ်ဖော်ရေးကိုသာ ရှေးရှုခဲ့သူ ကျောင်းသားသမဂ္ဂဥက္ကဌတစ်ဦးလည်း ဖြစ်ပါတယ်။

သူမဘာကြောင့် EAOs တွေဆီ သွားရောက်ခိုလှုံရတာလဲ၊ လက်နက်ကိုင်တော်လှန်ရေးကို ဘာကြောင့် ရွေးချယ်ခဲ့တာလဲဆိုတဲ့ အကြောင်းပြချက်တွေက သိပ်ကို ရိုးရှင်းပြီး လက်တွေ့ကျတဲ့ အကြောင်းအရာတွေ ဖြစ်နေပြန်ပါတယ်။

မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် နွေဦးတော်လှန်ရေးရဲ့ ခုလုတ်ကန်သင်းတွေကို ကြိုးစားရုန်းကန်ကျော်ဖြတ်ခဲ့တဲ့ သူမရဲ့ အာဂသတ္တိ၊ သူငယ်ချင်းတွေအပေါ် ကာကွယ်တတ်တဲ့ ခေါင်းဆောင်စိတ်၊ လက်တွဲဖော်ကို နားလည်တတ်တဲ့ ကြင်နာစိတ်၊ စတဲ့စိတ်ဓာတ်တွေနဲ့ တရွေ့ရွေ့ဖြတ်သန်းခဲ့တဲ့ သူမရဲ့ဘ၀အကြောင်းကို ယခု podcast မှာ နားဆင်ကြရမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် အထင်နဲ့အမြင် ကွဲပြားမှုတွေ ၊ တော်လှန်ရေးအစိုးရအပေါ် မျှော်လင့်ချက်တွေနဲ့ နားလည်မှုတွေ၊ ဖြစ်သမျှအကြောင်းကို မကောင်းပေမယ့် ကောင်းဖို့အမြဲကြိုးစားမှုတွေ အစရှိတဲ့ အ‌ကြောင်းအရာတွေကို မဆုမြတ်ရဲ့ နွေဦးခရီးကြမ်းမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

မိသားစုအတွက် ဂုဏ်ယူဖွယ်သမီးတစ်ယောက်အဖြစ် ရပ်တည်ရင်း မိသားစုတစုလုံး အိုးပစ်အိမ်ပစ် ပြေးရလွှားရ အခြေအနေထိရောက်ခဲ့ပေမယ့် လောကဓံကို ခေါင်းမော့ရင်ကော့ပြီး ပြုံးပြုံးကြီး ရှေ့ဆက်နေတဲ့ သူမတို့ မိသားစုဟာ နွေဦးတော်လှန်ရေးရဲ့ ပြယုဒ်တစိတ်တပိုင်း ဖြစ်ပါတယ်။

သူမရဲ့ ဖြတ်သန်းကျော်ဖြတ်လာတဲ့ နွေဦးရက်ရှည်များကို နားထောင်ရင်း မိမိရဲ့ကိုယ်တိုင်ခံစားရတဲ့ ခံစားချက်‌တွေကို မျှဝေသွားဖို့လည်း မျှော်လင့်ပါတယ်။

...more
View all episodesView all episodes
Download on the App Store

Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)By Insight Myanmar

  • 5
  • 5
  • 5
  • 5
  • 5

5

3 ratings


More shows like Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)

View all
Insight Myanmar by Insight Myanmar Podcast

Insight Myanmar

51 Listeners