Sign up to save your podcasts
Or

Mizzima 108FM ၏ ဇန်နဝါရီ ၆ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM January 6
နွေဦးတော်လှန်ရေးဟာ နိုင်ဖို့ လိုသလို ခိုင်ဖို့လည်း လိုတယ်(ဆောင်းပါး)
နွေဦးတော်လှန်ရေးဟာ လူထုရဲ့ စည်းရုံးမှုနဲ့ တစ်နှစ်နီးပါး ကြာတဲ့အထိအောင် စစ်အုပ်စုဘက်သားတွေ အုပ်ချုပ်ခွင့် မရနိုင်အောင် ဟန့်တားထားနိုင်တာဟာ တော်လှန်ရေးအတွက် "အနိုင်" တစ်ခုပဲ ဖြစ်ပါတယ်။ နိုင်ငံရေး သပိတ်တိုက်ပွဲတွေ မစဲသွားသေးသလို ရရာ လက်နက်နဲ့ တော်လှန်နေတဲ့ လူထုသေနတ်သံတွေက စစ်အုပ်စုကို ခြိမ်းခြောက်နေပြီး ဖြစ်ပါတယ်။ သို့သော် ဒီလောက် လုပ်ရုံနဲ့ နွေဦး တော်လှန်ရေးဟာ အောင်မြင်မှာလားလို့ မေးရင် မအောင်မြင်နိုင်သေးပါဘူး။ လူထုဟာ အုပ်ချုပ်ရေးယန္တရား တည်ဆောက်ဖို့ စိုင်းပြင်းနေတဲ့ စစ်ဖိနပ်ကို ခြေမန်းကွင်းစွပ် တုပ်နှောင်ထားနိုင်ရုံပဲ ရှိပါသေးတယ်။တော်လှန်ရေးအတွက် အပြီးသတ်အနိုင်ကို ရယူရေးဟာ အာဏာနိုင်ငံရေး နယ်ပယ်ထဲက လူထုထောက်ခံမှု ရထားကြတဲ့ နိုင်ငံရေး အင်အားစုတွေရဲ့ "နိုင်ကို နိုင်ရမယ်" ဆိုတဲ့ ပြင်းပြတဲ့ စိတ်ဓာတ်နဲ့ ထိရောက်တဲ့ လုပ်ဆောင်မှုတွေကို အခုထက် ပိုပြီး လုပ်ဆောင်ဖို့ လိုပါတယ်။ ထို့နည်းတူ အုပ်ချုပ်သူအစိုးရ အင်အားစုတွေဘက်ကလည်း ရထားပြီးသား "အနိုင်" ကို ပို ခိုင်သထက် ခိုင်အောင်အတွက် အခုထက် ပိုပြီး လုပ်ဆောင်ဖို့ လိုပါတယ်။ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဆိုတဲ့ "ခိုင်မာ" တဲ့ စနစ်နဲ့ နိုင်ငံရေး တည်ဆောက်ရေး ပန်းတိုင် ချမှတ်ပြီး စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ် မှန်သမျှ ချုပ်ငြိမ်းရေး၊ စစ်အာဏာယန္တရား အပြီးတိုင်ပျက်သုန်းရေး "အနိုင်" တိုက်ပွဲတွေမှာ တစ်ချိန်က "မှီထားတဲ့ အပ" ဖြစ်သော အစုစိတ်တွေ ရှင်းထုတ်ပြီး ရှိထားပြီး၊ ရထားပြီးသား "အနိုင်" ကို ထပ်တိုးချဲ့ဖို့ လုပ်ဆောင်ရပါမယ်။
အစီအစဉ်များကို Internet Podcast များတွင်လည်း နားဆင်နိုင်ပါသည်။
By Mizzima RadioMizzima 108FM ၏ ဇန်နဝါရီ ၆ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်