Mizzima 108FM

Mizzma 108FM Politics


Listen Later

Mizzima 108FM ၏ ဇန်နဝါရီလ ၇ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ် 


Politics on Mizzima 108FM January 7

  

စစ်အုပ်စု သွေးပျက်နေတာလား...စစ်ဘောင်ချဲ့ဖို့ ပြင်ဆင်နေတာလား (ဆောင်းပါး)


“အာဏာသိမ်းကာလ မြန်မာနိုင်ငံရဲ့ စစ်ရေးနှင့် လုံခြုံရေးအခြေအနေ အနှစ်ချုပ် တွေ့ရှိချက်" ဆိုတဲ့ ခေါင်းစဉ်နဲ့ BBC Burmese က အွန်လိုင်းကနေ ပြုလုပ်တဲ့ စကားဝိုင်း ဆွေးနွေးပွဲတစ်ခုကို ဇန်နဝါရီလ ၄ ရက်က ထုတ်လွှင့်ခဲ့ပါတယ်။ ဒီ ထုတ်လွှင့်မှုမှာ မြန်မာပြည်တွင်းက ဒီမိုကရေစီအင်အားစုတွေရဲ့ လက်နက်ကိုင်ခုခံတော်မှုနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်အုပ်စု ပြန်ကြားရေးဖြစ်တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ထည့်သွင်းမေးမြန်းခဲ့ပါတယ်။ဗိုလ်ချုပ်ဇော်မင်းထွန်းက "ကျွန်တော်တို့အနေနဲ့ ဒါကို အမှန်အတိုင်း ဝန်ခံရမယ်ဆိုရင်တော့ PDF လက်နက်ကိုင်အဖွဲ့တွေ ပေါ်လာလိမ့်မယ်လို့ ကြိုပြီး ဒီလောက်အထိ မျှော်လင့်ခဲ့တာ မရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ ဆန္ဒပြပွဲတွေ ဖြစ်လာမယ်ဆိုတာကတော့ မျှော်လင့် ပြီးသား ဖြစ်တယ်" လို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် အာဏာသိမ်းခဲ့ရင် နိုင်ငံရေးအရ တန်ပြန်တိုက်ခိုက်မှုတွေ ဖြစ်လာယ်ဆိုတာကိုလည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ - CRPH ဖြစ်ပေါ်လာမှုကို နမူနာပြုပြီး ပြောဆိုသွားပါတယ်။စစ်အုပ်စု ထိပ်ပိုင်းခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက PDF ပတ်သက်လို့ တခုတ်တရ ထည့်ပြောလာရတာဟာ လူထုလက်နက်ကိုင်တော်လှန်ရေးရဲ့ အောင်မြင်မှုလို့ ဆိုနိုင်ပါတယ်။ ဒီလို ထည့်ပြောလိုက်တဲ့အတွက် တော်လှန်သော လူထုဘက်မှာ နှစ်ထောင်းအားရ ဖြစ်ကောင်း ဖြစ်ကြပါလိမ့်မယ်။ သို့သော် စစ်အုပ်စုရဲ့ မသမာတဲ့ ခြေလှမ်း၊ ကောက်ကျစ်တဲ့ ခြေလှမ်းဟာ မီဒီယာပေါ်မှာ လေလှိုင်းပေါ်မှာ မဟုတ်ပါဘူး။ မြေပြင် အောက်ခြေမှာ ဖြစ်ပါတယ်။ မြေပြင်မှာ တိုးတိုးလာတဲ့ စစ်ထိုးမှု၊ ချဲ့ချဲ့လာနေတဲ့ စစ်ဘောင်အနေအထားကို မျက်စိရှင်ရှင်၊ အသိလျင်လျင်နဲ့ ချဉ်းကပ်ကြဖို့ လိုပါတယ်။လူထုရဲ့ နွေဦးတော်လှန်ရေးကြီးက မပြီးသေးပါဘူး။ စစ်အုပ်စုဟာ PDF တွေရဲ့ လက်နက်ကိုင်တော်လှန်ရေး အားကောင်းမှုကို ကြောက်သလို ရွံ့သလို ထုတ်ပြောပြပြီး ဒီတော်လှန်ရေးကြီး မအောင်မြင်ဖို့အတွက် နည်းပေါင်းစုံနဲ့ ဖြိုခွဲနေဆဲ ဖြစ်ပါတယ်။ စစ်ဘောင်တွေ ချဲ့ပြီးရင်း ချဲ့နေပါတယ်။ လူထုရဲ့ နွေဦးတော်လှန်ရေးဟာ စစ်အုပ်စုကို ပန်းသထက် ပန်းအောင်၊ ကျပ်သထက် ကျပ်အောင် လုပ်ဆောင်ထားနိုင်သေးပြီး အမြစ်ပြတ်ရေးအတွက် အရှိန်ထပ်မြင့် လုပ်ဆောင်ဖို့ လိုပါသေးတယ်။ ပန်းတိုင် မရောက်ခင် တက်မထောင်ကြဖို့ လိုပါတယ်။


...more
View all episodesView all episodes
Download on the App Store

Mizzima 108FMBy Mizzima Radio