Sign up to save your podcasts
Or
သောတရှင်များအားလုံး မင်္ဂလာပါ...
ကရင်ပြည်နယ်ကို အလည်သွားရင် ကရင်ရိုးရာဝတ်စုံတွေ ဝယ်ယူဆင်မြန်းကြပေမဲ့ ကရင်ရိုးရာစစ်စစ်တွေ ရက်လုပ်တာနဲ့ ပတ်သက်လို့ လေ့လာသိရှိလိုသူနည်းပါလိမ့်မယ်။ တကယ်တော့ ကရင်ရိုးရာဝတ်စုံတွေဟာ အတော်လေး စိတ်ဝင်စားဖို့ ကောင်းတဲ့ ရက်လုပ်ပုံတွေ ရှိပါတယ်။ ကိုပီတ ဟာ ကရင်ပြည်နယ်မှာ ချစ်ခင်စွာ နေထိုင်နေရင်း ဈေးကွက်အောင်မြင်မှုနည်းလို့ တစထက်တစ တိမ်မြုပ်ပျောက်ကွယ်လုဖြစ်လာတဲ့ ဂျပ်ခုတ်စစ်စစ်တွေကို ပြန်လည်ဖော်ထုတ်ရင်း ဈေးကွက်မှာပါ အောင်မြင်နိုင်အောင် ကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။ ခက်ခဲတဲ့ အခြေအနေတွေကြားမှာ ရအောင်ကြိုးစားနေရင်း ချည်ထည်ကို ဆိုးတဲ့ ဆေးကအစ သဘာဝက ရတဲ့ အရောင်တွေကို အသုံးပြုဖန်တီးနိုင်ဖို့ တီထွင်ကြံဆသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ဆိုင်မှာဆိုရင် ကရင်ရိုးရာအထည်တွေဟာ အခြားဆိုင်များနဲ့ယှဉ်ရင် ဈေးများနေတယ်ထင်ရပေမဲ့ ရောင်းချစရာနဲ့ ပြစရာ ပစ္စည်းမရှိတဲ့အထိ အရောင်းတွင်ကျယ်နေတတ်ပါတယ်။
စတဲ့ စတဲ့ စိတ်ဝင်စားစရာတွေကို နားဆင်ကြရမှာ ဖြစ်ပါတယ်ခင်ဗျာ။
| Website: https://www.thihathetraveller.com |
4.1
1515 ratings