The Travelling Lion | Myanmar Podcast

026 :: [Audio Book] Thu Kha Myay Pon (Part - 1)


Listen Later

ဒီနေ့အတွက် ကျွန်တော့်ရဲ့ Podcast Episode (26) မှာတော့ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက် ဖတ်ပြထားပါတယ်။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ ဆရာ့ရဲ့ ဘာသာပြန်ဆိုမှုအရေးအသားတွေဟာလည်း ဖတ်ရှုရသူကို အတော်လေး ဆွဲဆောင်သွားပြီး ခရီးထွက်ချင်စိတ်ကို တိုးစေပါတယ်။ စာရေးသူ ဟာ ခရီးသွားခြင်းကို စိတ်မဝင်စားသူ ဖြစ်ပေမဲ့ ရေးသားမှုတွေဟာ မြေပြင်အခြေအနေနဲ့ ကိုက်ညီအောင် ရေးဖွဲ့နိုင်တယ်လို့ ယူဆမိပါတယ်။ ခရီးသွားတာကို အရူးအမူးစွဲလန်းနေတဲ့ Travel Blogger တစ်ယောက်အနေနဲ့ ဒီစာအုပ်ဟာ လက်ကမချချင်လောက်အောင် ဖြစ်ခဲ့ရတာမျိုး ကိုယ်ကြိုက်တဲ့စာအုပ် ကိုယ့်အသံနဲ့ ဖတ်ရွတ်ပြီး သိမ်းဆည်းဂုဏ်ပြုမိပါတယ်။ ခရီးသွားအကြောင်းအရာသက်သက်မဟုတ်ဘဲ၊ ပျော်ရွှင်နေတဲ့နိုင်ငံတွေဆီ ပျော်ရွှင်ခြင်းအရှာထွက်တဲ့ သူအကြောင်းဖြစ်တာမို့ ပိုပြီး စိတ်ဝင်စားရပါတယ်။ ကမ္ဘာပေါ်က ဘယ်နိုင်ငံတွေက ပျော်ရွှင်နေကြသလဲ၊ မပျော်ကြသလဲ၊ ဘာကြောင့်လဲ ဆိုတာတွေကို အသေးစိတ်ဖတ်ရင်း ဘဝဒသနများစွာလည်း ခံစားမှတ်သားရစေပါတယ်။ စာဖတ်ဖို့ အခက်အခဲရှိသူတွေ၊ အသံထွက်စာအုပ်တွေကိုနှစ်သက်သူတွေ သဘောကျနှစ်ခြိုက်ဖို့ မျှော်လင့်ပါတယ်။ စာအုပ်ထူတဲ့အတွက် အပိုင်းလိုက် ခွဲပြီး တင်ဆက်ပေးလိုက်ပါတယ်။ အခုကတော့ အပိုင်း (၁) ဖြစ်ပါတယ်။ နားဆင်ကြည့်ပါဦးခင်ဗျ။

| Website: https://www.thihathetraveller.com |

| Facebook: https://www.facebook.com/travellerthiha |
| Instagram: https://www.instagram.com/thihalulin |
| YouTube: https://www.youtube.com/thihalulin |
| Email me @ [email protected] |

...more
View all episodesView all episodes
Download on the App Store

The Travelling Lion | Myanmar PodcastBy Thiha Lu Lin

  • 4.1
  • 4.1
  • 4.1
  • 4.1
  • 4.1

4.1

15 ratings