AskAlex

2022 မှာ Marketer တွေစောင့်ကြည့်လေ့လာသင့်တဲ့ YouTube Channel များ။


Listen Later

Q: 2022 မှာ Marketer တွေစောင့်ကြည့်သင့် Inspiration ယူသင့်တဲ့ website or YouTube channel လေးတွေရှိရင် ပြောပြပေးပါအစ်ကို။
A: Inspiration ယူချင်တယ်ဆိုတဲ့နေရာမှာ ဘယ်လို Inspiration မျိုးလည်း ကျွန်တော်မသိတော့ တိတိကျကျတော့ပြောပြလို့မရဘူးပေါ့။ ကျွန်တော်ဘယ်ကယူလဲတော့ ပြောပြပေးပါမယ်။ ကျွန်တော်ဖတ်ဖြစ်လေ့ရှိတာက case study ကိုအဓိကထားပြီးတော့ဖတ်လေ့ရှိပါတယ်။ တစ်ခြားနိုင်ငံတွေက Company တွေမှာဘာတွေလုပ်နေလဲဆိုတဲ့ case study ပေါ့လေ။ ကျွန်တော့် အတွက်က အဲ့တာက အရမ်းအရေးကြီးတယ်။ အဲ့ case study တွေကနေကျွန်တော်က ဘာယူလဲဆိုတော့ သူတို့ကို တိုက်ရိုက်ကြီးကူးချနေတာထက် ဘာကြောင့် အဲ့ idea ထုတ်ရတာလဲဆိုတာကို အမြဲတမ်းလိုက်တယ်။ ဥပမာ - ထိုင်းကကြော်ငြာတွေဆို တအားသဘောကျတယ်။ တအားလည်း emotional ဖြစ်တယ်။ ဘာကြောင့် သူတို့အဲလိုစဉ်စားနိုင်ရတာလဲ? ကိုယ့် target segment ရဲ့ behavior ကိုသူတို့ဘယ်လိုမျိုးသိသွားလို့ ဒါမျိုးကိုလုပ်ပြနိုင်ရတာလဲဆိုတာကို အရမ်းစိတ်ဝင်စားလို့ တွေးကြည့်တယ်။ ဆိုတော့ ကျွန်တော်ကြည့်တာတွေက channel တွေတော့မဟုတ်ဘူး။ YouTube ထဲက Thai Award winning commercial ads ဆိုပြီး YouTube ထဲမှာရှာတယ်။ ဒါမှမဟုတ် Cannes Lions ဆိုတာရှိသေးတယ်။ အဲ့တာက ကျွန်တော်အရမ်းကြိုက်တဲ့ ကြော်ငြာပိုင်းဆိုင်ရာ ဆုတစ်ခုပါ။ ပြင်သစ်မှာလုပ်လေ့ရှိတယ်။ အဲ့ Cannes Lions က ကြော်ငြာတွေကို လိုက်ကြည့်ပြီးတော့ ဘာကြောင့် အဲ့ကြော်ငြာကိုလုပ်ရတာလဲဆိုတာကို Case Study တွေလိုက်ရှာတယ်။ အရင်တုန်းကတော့ ကျွန်တော် follow up လုပ်တာသည် Gary Vee (Gary Vaynerchuk) ပါ။ ကျွန်တော့်ရဲ့ မြင်ဆရာတစ်ယောက်ထဲမှာလည်း ပါပါတယ်။ ဘာလို့ဆိုသူပြောထားတဲ့ အကြောင်းအရာအများစုက ကျွန်တော်လက်ခံထားတဲ့အရာအများစုနဲ့တူတယ်ဆိုတော့။ သူ့ agency ဖြစ်တဲ့ VarynerX မှာဘာလုပ်ဖြစ်လည်းဆိုတာကို လိုက်ကြည့်တယ်၊ လိုက်လေ့လာတယ်။ ပြီးတော့ သူ့ရဲ့ content တွေအများကြီးရှိပါတယ်။ Gary Vee ပြီးရင် ကျွန်တော်ဆက်ကြည့်တာက Seth Godin ရဲ့ Website ကော၊ YouTube ကိုကောကြည့်ပါတယ်။ ပြီးတော့ ကျွန်တော် အဓိကထားပြီးကြည့်ဖြစ်တာက Talk Show တွေကြည့်တာများတယ်။ ကြည့်တယ်ဆိုတာထက် အလုပ်လုပ်နေရင်း ဖွင့်ထားတယ်လို့ပြောတာက ပိုမှန်မှာပေါ့။ အဲ့ကျ ခေါင်းထဲဝင်တစ်ချက်မဝင်တချက်ဆိိုပေမယ့် ဝင်လာတဲ့ဟာတွေက အကျိုးရှိတယ်။ Seth Godin ဆိုလို့ရှိရင်လည်း Purple Cow တို့၊ Tribes တို့စတဲ့ Marketing နဲ့သက်ဆိုင်တဲ့ စာအုပ်တွေထုတ်ထားတော့။ ကျွန်တော့်အတွက် အဆင်ပြေတယ်။ ကျွန်တော်ကတော့ အဲ့ဒီ့ဟာတွေကနေ Inspiration ရပါတယ်။
...more
View all episodesView all episodes
Download on the App Store

AskAlexBy Alex Khine