AskAlex

Ads run တာထက် ထိရောက်တဲ့ အခြားကြော်ငြာရှိလား..?


Listen Later

Q: အကိုရေ ads run တာထက် ထိရောက်တဲ့ အခြားကြော်ငြာတာ မရှိသလောက်နည်းပါတယ်။ဒါပေမဲ့ ပြိုသွားတဲ့ လုပ်ငန်းတွေများလာတာနဲ့အမျှ နောက်ဆုံးကြောငြာနိုင်မဲ့သူတွေ အဆင်ပြေအုံးမယ် ထင်တယ်။

A: Yes and No ပေါ့..။ ကျွန်တော်ပြောတယ်လေ Small Business တွေအတွက် ပြောမယ်ဆိုရင် Ads Run တာက ၅ကျပ် ၁၀ small skill run လို့ရတာဆိုတော့ affective ဖြစ်တာကျွန်တော်လည်းလက်ခံပါတယ်၊ ဒါပေမဲ့ အခြားသော နည်းလမ်းတွေကလည်း ထိရောက်တယ်ဆိုတဲ့ဟာက Measurement ပြန်လုပ်လို့ရတယ် ဆိုတဲ့ ဟာမှာ အများကြီးသွားကွာပါတယ်၊ ဥပမာ Channel Myanmarမှာ ကြော်ငြာထည့်တယ်ဆိုရင် စျေးတော်တော် သက်သာတယ်၊ ကြော်ငြာထည့်လို့ပိတ်သွားတာဘဲရှိတာပေါ့လေ အဲ့တော့ Gold Channel တို့ဘာတို့ ထည့်ပေးတာတွေရှိတယ်၊ ကျွန်တော်တို့ရဲ့ Client တွေအတွက်ကို။ ဒါပေမဲ့ သူတို့ဆီမှာ ဘယ်နှစ်ယောက် ကြည့်သွားတယ်ဆိုတဲ့ Data ပြန်တိုင်းလို့မရဘူး၊ ဘာလို့လဲဆိုတော့ Telegramနဲ့ shareနေကြတာ ဆိုတော့ အဲ့တော့ Facebook ကတော့ ပြန်တိုင်းလို့ရတယ် အဲ့တော့ ထိရောက်တယ်ဆိုတဲ့ စကားလုံးကိုပြောခွင့်ရှိသွားတာပေါ့၊ တခြား Platformတွေက ပြန်တိုင်းရတာနည်းနည်းခက်တယ် ဥပမာ KOL Marketing run တယ်ဘဲထား ကျွန်တော်တို့ရဲ့ အဲ့ဒီနေ့ အဲ့ဒီရက်သတ္တပတ်ပတ်ချာလည်မှာ လာပြီးတော့ Product Enquire လာလုပ်တဲ့ Product အကြောင်းစျေးလာမေးတဲ့သူတွေက အဲ့ဒီ KOL ကဆိုတာ မသေချာဘူး မသိရဘူး၊ ကျွန်တော်အနေနဲ့ကတော့  Ads run တာနဲ့အမျှ ထိရောက်တယ်ဆိုတဲ့ ဟာကတော့ တိုင်းလို့ရတယ်ဆိုတဲ့ဟာက တခြားကြော်ငြာတွေမှာသိပ်မရှိဘူး၊ ဒါပေမဲ့ ထိရောက်တယ် ဆိုတဲ့ နေရာမှာတော့ တခြားသော Platform တွေလည်း သူ့နည်းသူ့ဟန်နဲ့ ထိရောက်ပါတယ်၊ ကျွန်တော်တို့က Agency ဆိုတော့ အမျိုးမျိုးသော Platform တွေကို လိုက်စမ်းရတာပေါ့ programmatic တွေစမ်းရတယ်၊ KOL တွေစမ်းရတယ်၊ programmatic လုပ်ခွင့်ရတယ်၊ KOL တွေလုပ်ခွင့်ရတယ်၊ တခြားသော Platform တွေ လုပ်ခွင့်ရတာဆိုတော့  တခြားတွေဟာတွေလည်း Market attention တစ်ခုသာနားလည်တယ်ဆိုလို့ရှိရင် ထိ‌ရောက်တဲ့နေရာတွေလည်း ရှိနိုင်ပါတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm

...more
View all episodesView all episodes
Download on the App Store

AskAlexBy Alex Khine