Dawei Watch Podcast

အလဲထိုးစနစ်နဲ့ စိန်ခေါ်ပွဲထိုးတော့မယ့် မြန်မာ့လက်ဝှေ့ချန်ပီယံ ဒေ့ဗ်လက်ဒပ်(ခ)ဒေဝ


Listen Later

မြန်မာ့လက်ဝှေ့ချန်ပီယံလည်းဖြစ်၊ ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလည်းဖြစ်တဲ့ ဒေ့ဗ်လက်ဒပ် ခေါ် ဒေဝ ဟာ လာမယ့်မေလ ၂၇ ရက်နေ့ကိုရောက်ရင် စိန်ခေါ်ပွဲထိုးသတ်တော့မယ်လို့ သိရပါတယ်။


အခုစိန်ခေါ်ပွဲမှာ ဒေဝ ရင်ဆိုင်ရမယ့်ပြိုင်ဘက်က ကမ္ဘောဒီးယား လက်ဝှေ့ဘုရင် ပရွမ်း ဆမ်းနန် ပါပဲ။


ပရွမ်း ဆမ်းနန် ဟာ ဒေဝအတွက် ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်လာစရာ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆမ်းနန်က အတွေ့အကြုံရင့် လက်ဝှေ့သမား ဖြစ်နေလို့ပါပဲ။


ကစားသမားဘဝဖြတ်သန်းမှုတလျှောက်မှာ ဆမ်းနန် ထိုးသတ်ခဲ့တဲ့ လက်ဝှေ့ပွဲစဉ်အရေအတွက်က ၁၅၀ အထိ ရှိခဲ့ပြီးပါပြီ။ အဲ့ဒီပွဲစဉ်ပေါင်း ၁၅၀ မှာ ဆမ်းနန်အတွက် အရှုံးရလဒ် ကြုံခဲ့ရတာက ၁၀ ပွဲတည်းသာ ရှိခဲ့ပါတယ်။


နောက်ဆုံး ၇ ပွဲကို ဆိုရင် ဆမ်းနန်က အလဲထိုးရလဒ်တွေနဲ့ချည်း ဆက်တိုက် အနိုင်ယူထားတာပါ။


ဒါကြောင့် ဆမ်းနန်ကို ရင်ဆိုင်ရမယ့် အခုစိန်ခေါ်ပွဲဟာ ဒေဝအတွက် စိန်ခေါ်မှုကြီးမားလှတဲ့ပွဲတစ်ပွဲ ဖြစ်လာလိမ့်မယ်လို့ သတ်မှတ်လိုက်ရတာပဲဖြစ်ပါတယ်။

...more
View all episodesView all episodes
Download on the App Store

Dawei Watch PodcastBy Dawei Watch

  • 5
  • 5
  • 5
  • 5
  • 5

5

2 ratings