လွန်ခဲ့တဲ့ရက် (၂၀) လောက်ကပဲကျနော့်အဖေရုတ်တရက်ဆုံးပါးသွားခဲ့ပါတယ်။အခုချိန်မှာ ကျနော့်လိုမျိုး ကိုယ့်ရဲ့မိသားစုဝင်တွေ၊ကိုယ်ချစ်ရတဲ့သူတွေကိုဆုံးရှုံးထားတဲ့သူတွေရှိကြမှာပါ။အစကတော့ဒီ Episode ကိုလုပ်ဖို့စိတ်ကူးမရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အခုလိုအချိန်မှာ ဒီလိုအခြေနေတွေကိုဘယ်လိုကျော်ဖြတ်ခဲ့လဲဆိုတာတွေရယ် ၊ အဖေနဲ့ပတ်သက်တဲ့အမှတ်တရတချို့ရယ်ကိုပေါင်းပြီး ပြောပြပေးထားပါတယ်။