Sign up to save your podcasts
Or

ပင်လယ်ကမ်းစပ် နဲ့ သစ်တောအုပ်တို့ ဝန်းရံထားတဲ့ ခမ်းနားကြီးကျယ်လွန်းတဲ့ မန်ဒါလေ စံအိမ်ကြီး၊
လှပကျော့ရှင်းမှု ဂုဏ်သတင်းကျော်ကြားမှုတို့နဲ့ လူတိုင်း ပါးစပ်ဖျား တသသပြောမဆုံးပေါင်ဖြစ်ကြရတဲ့ စံအိမ်ကြီးရဲ့ သခင်မ "ရဘက်ကာ" ၊
လှည့်ကွက်လေးတွေ လျို့ဝှက်ချက်လေးတွေနဲ့ မထင်ထားတဲ့ ဇာတ်ကွက်ကြီးကို ရေးပြသွားတာ လက်ကမချချင်အောင်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ကမ္ဘာကျော် ဂန္တဝင်စာအုပ်တစ်အုပ်။
ဒီဝတ္ထုကို ရုပ်ရှင် ပြဇာတ် ရုပ်ပြ အကြိမ်ကြိမ် အမျိုးမျိုး ရိုက်တာတွေ့ရပါတယ်၊ Musical Opera ပုံစံအနေနဲ့ပါ ကမ္ဘာအနှံ့မှာ ကပြတင်ဆက်ပြီး အောင်မြင်လွန်းတဲ့ စာအုပ်တစ်အုပ်ဖြစ်ပြီး ဟစ်ချ်ကော့ က ရုပ်ရှင်ပြန်ရိုက်တဲ့အခါ လဲ best picture oscar ရတဲ့ ဂန္ထဝင်ဖြစ်သွားခဲ့တာပါပဲ ၊ ဒါ့အပြင် ၁၉၃၈ ခုနှစ်မှာ ဇာတ်ကားရုံတင်တဲ့အခါ မစ်စ်ဒန်ဗာ ဇာတ်ကောင်ဟာ film history မှာ LGBT character ကို ညွှန်းဆိုတဲ့ ပထမဦးဆုံးသော ဇာတ်ကောင်တွေထဲက တစ်ခုလို့ hollywood မှာ သတ်မှတ်ကြပါတယ် ။ မကြာသေးခင်ကမှ Netflix ကနေ ပြန်လည် ရိုက်ကူးတင်ပြထားပါသေးတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီသီချင်းကို တေးသံရှင်ဖြူဖြူကျော်သိန်း က မြန်မာမှုပြု သီဆိုထားပါတယ်၊
Netflix က ဇာတ်လမ်းဇာတ်အိမ်အားဖြင့်ရော၊ ဇာတ်ကောင်သဘောသဘာဝအရပါ
ကြီးကျယ်ခမ်းနားလှတဲ့ Rebacca ကို Chilling • Psychological • Suspenseful • Romantic • Mystery ဆိုတဲ့ စာလုံး (၅) လုံးနဲ့ အထိမိဆုံး ညွှန်းဆိုထားပါတယ်။
ရဘက်ကာ ဆိုတာက ဘယ်လိုမိန်းမမျိုးလဲ

လောကမှာ မျိုးရိုးကောင်းတယ်၊ ဉာဏ်ပညာနဲ့ ပြည့်စုံတယ်။ ချောမောလှပတယ် ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံရုံနဲ့ လုံလောက်သွားပါပြီလား

အဲ့ဒါတွေနဲ့ မပြည့်စုံရင်ရော အမြတ်နိုးခံရ မထိုက်ဖူးလား

ကိုယ်ကျင့်သိက္ခာတရားတို့၊ သစ္စာတရားတို့ ဆိုတာ ဘယ်လောက်အထိများ အရေးပါပါသလဲ

( ဒီစာအုပ်ဟာအစပိုင်းမှာ အားကျရပြီး အလယ်ပိုင်းလောက်မှာ အားမလိုအားမရနဲ့ ဒေါသထွက်ရတဲ့စာအုပ်ပါ။ စာရေးသူရဲ့ ကလောင်စွမ်းကြောင့် သည်းထိတ်ရင်ဖိုစရာတွေနဲ့လည်း ပြည့်နေတဲ့အပြင် စိတ်မောစရာတွေ၊ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေကြောင့် ရိုလာကိုစတာ စီးရသလိုမျိုး ခံစားချက်တွေကို အပြည့်အဝရ ရှိခဲ့ရပါတယ်။ စကားလုံး တစ်လုံးချင်းစီတိုင်းစာကြောင်း တစ်ကြောင်းစီတိုင်းရဲ့ သက်ဝင်လှုပ်ရှားနေမှုကြောင့် အချို့သော ဇာတ်ဝင်ခန်းတွေမှာ ချောက်ချောက်ချားချား၊ အချို့သော ဇာတ်ဝင်ခန်းတွေမှာ လှိုက်လှိုက်မောမော၊ အချို့သော ဇာတ်ဝင်ခန်းတွေမှာ ရင်တဖိုဖို ဖြစ်ရမဲ့အပြင် စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေပြီး နောက်ဆုံး စာအုပ်ပြီးခါနီး (၁၈) မျက်နှာလောက်ကျကာမှ ဟင်းဆိုပြီး သက်ပြင်းမောကြီးကို စိတ်ဒုံးဒုံးနဲ့ချနိုင်မယ့် စာအုပ်ပဲဖြစ်ပါတယ်။ တကယ့်ကို စိတ်လှုပ်ရှားရတဲ့ ခံစားချက်ကို အပြည့်အဝခံစားမိခဲ့ရတဲ့ ဝတ္ထုကောင်းတစ်ပုဒ်ပဲ ဖြစ်ကြောင်းညွှန်းဆိုပါရစေ။
- စာပေရတနာသိုက်၏ အညွှန်းကို ဖော်ပြလိုက်ရပါသည်။)
By Rodney Sann Lwin4.6
143143 ratings

123 Listeners

37 Listeners

55 Listeners

90 Listeners

59 Listeners

41 Listeners