AskAlex

Audience ရွေးတဲ့အခါ ဘယ်လို research လုပ်သင့်လဲ..? (Part-2 Content)


Listen Later

Q: audience ရွေးတဲ့အချိန်မှာ ကိုယ့် product နဲ့ကိုက်ညီအောင် ဘယ်လိုရွေးရမလဲ ဥပမာ shoe ဆိုရင် shoes, shoe store အာ့လောက်ဘဲရွေးရင် ရပြီလားရှင့်။ ပိုပြီး advance ဖြစ်အောင် audience network ပိုကျယ်အောင် ဘယ်လိုမျိုးစဉ်းစား research လုပ်သင့်လဲရှင့် ။


A:  နောက်တစ်ပိုင်းကကျတော့ content marketing ။ ကျွန်တော်ပြောနေကျ media buying boosting က effective communication အတွက်က ၃၀ ရာခိုင်နှုန်းလောက်ပဲ နေရာယူတာပါ။ ဘယ် media channel မျိုးမဆို။ media, website, journal တွေပဲ ပြောပြော MRTV-4 တို့ဘာတို့မှာလာနေတဲ့ ကြော်ငြာတွေ၊ commercial တွေပဲပြောပြော၊ billboard တွေပဲပြောပြော၊ Facebook boosting တွေပဲပြောပြော၊ YouTube ads တွေပဲပြောပြော၊ SEM ပဲပြောပြော၊ programmatic ads ပဲပြောပြော၊ ဘယ် platform ကဘယ်လိုမျိုး page ကြော်ငြာမျိုးမဆို content မကောင်းရင် ဘယ်သူမှမကြည့်ကြပါဘူး။ content မကောင်းဘူးကောင်းတယ်ဆိုတာက ကိုယ်နဲ့ content ဘယ်လောက် relevant ဖြစ်လဲပေါ်မှာမူတည်ပြီးတော့မှ လူတွေက အဲ့ဒီ content တွေ၊ ကြော်ငြာတွေကို သတိထားပြီးကြည့်ကြတာပါ။ ဆိုတော့အကြံပေးချင်တာက content သည် ၇၀ ရာခိုင်နှုန်းလောက် အရေး ပါတယ်လို့မြင်တယ်။ အဲ့တော့ content ကအင်မတန်အရေးကြီးတယ်။ ကျွန်တော်တို့ wedding ပြောတဲ့ အချိန်မှာလေ wedding သွားတော့မဲ့လူတစ်ယောက်ကို target ထားတယ်။ အဲ့တာကို ရိုက်နေကျခုံလေး တစ်ခုံမှာ ဓါတ်ပုံရိုက်ပြီးသွားတာထက်စာရင် အနည်းဆုံးတော့ camera လေးသုံးပြီးတော့ wedding template တစ်ခုလောက်သုံးပြီးတော့ ကိုယ်ရဲ့ဖိနပ်လေးကို wedding မှာဘယ်လိုမျိုးဝတ်လို့ရနိုင်မှာလဲ ဆိုတဲ့ wedding mood ဝင်လာတဲ့အထိကို ကျွန်တော်တို့က content  create လုပ်ပေးနိုင်မယ်ဆိုရင် အများကြီးပိုပြီးအဆင်ပြေနိုင်ပါတယ်။ content ကိုသေချာစဉ်းစားဖို့အတွက်ကို အကြံပေးချင်ပါတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm

...more
View all episodesView all episodes
Download on the App Store

AskAlexBy Alex Khine