ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

ဘာသာပြန်လက်ရာ အပိုင်း (၁)


Listen Later

ဒီအပတ်မှာတော့ "ဘာသာပြန်လက်ရာ" ဆိုတဲ့ ကဏ္ဍသစ်ကို စတင်မိတ်ဆက်ပေးချင်တာ ဖြစ်ပါတယ်။ ဘာသာပြန်ကဏ္ဍရဲ့ ရည်ရွယ်ချက်ကတော့ မသန်စွမ်းမှုနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို နိုင်ငံတကာ အသိအမြင်တွေပါ ကြွယ်၀စေဖို့အတွက် ကျွန်ုပ်တို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး အဖွဲ့သားတွေရဲ့ အနုပညာဖန်တီးမှုနဲ့ ပြန်လည်ပေါင်းစပ်ပြီးတော့ တင်ဆက်ပေးမယ့် အစီအစဉ်ကောင်းလေးပဲ ဖြစ်ပါတယ်။ မသန်စွမ်းလူငယ်တွေရဲ့ အင်္ဂလိပ်စာ စွမ်းရည်တွေကိုလည်း တစ်ဖက်တစ်လမ်းက မြှင့်တင်ပေးရာရောက်သလို သူတို့ကိုယ်တိုင် ဖန်တီးရေးသားမှုမှာ တစ်စိတ်တစ်ပိုင်း အကျိုးပြုနိုင်ဖို့အတွက် ရည်ရွယ်တင်ဆက်ရခြင်း ဖြစ်ပါတယ်။ နိုင်ငံခြားဘာသာ တစ်မျိုးမျိုးကနေ မြန်မာမှုပြုထားတဲ့ မိမိတို့ရဲ့ ထူးခြားတဲ့ဘာသာပြန် လက်ရာတွေကို Podcast အစီအစဉ်မှာ အတူပူးပေါင်း တင်ဆက်ချင်တယ်ဆိုရင် မိတ်ဆွေတို့အနေနဲ့ မိမိကိုယ်တိုင် ရေးသားထားကြောင်း ဝန်ခံချက်နဲ့အတူ မှတ်ပုံတင်ရှေ့၊ နောက် ဓာတ်ပုံ ၂ ပုံ၊ ကိုယ်ရေးဓာတ်ပုံ ၁ ပုံတို့နဲ့အတူ [email protected] ကနေ ပေးပို့ရမှာဖြစ်ပါတယ်။ မိတ်ဆွေတို့ရဲ့ ဘာသာပြန်လက်ရာများနဲ့ နိုင်ငံတကာက မသန်စွမ်းသူတွေရဲ့ဘ၀ကို နားလည် ခံစားနိုင်ဖို့အတွက် ကျွန်ုပ်တို့နဲ့အတူ လက်တွဲပူးပေါင်းတင်ဆက်ဖို့ အထူးပဲ ဖိတ်ခေါ်အပ်ပါတယ်။  ဒီအစီအစဉ်မှာ ပွဲဦးထွက်အနေနဲ့ ညီမငယ် Olivia Ma က သူမနဲ့ မသန်စွမ်းမှုချင်း တူညီတဲ့ အမျိုးသမီးငယ်လေး တစ်ယောက်ရဲ့ ခံစားချက်ကို ၂၀၁၄ ခုနှစ်က BuzzFeed News မှာ ကလောင်ရှင် Amanda Bast က ယဉ်ကျေးမှုနှင့် ဝေဖန်ရေး ခေါင်းစဉ်အောက်ကနေ ကိုယ်စားပြုရေးဖွဲ့ခဲ့တဲ့ "I have Spina Bifida and I am Beautiful" "ကျွန်မမှာ ခါးဆစ်အမြှေးအိတ်ကျွံရောဂါရှိပါတယ်။ ကျွန်မက လှပပါတယ်။" အမည်ရ ဆောင်းပါးတစ်ပုဒ်ကို ဘာသာပြန်ထားတာဖြစ်ပြီး ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုးက ခံစားဖော်ကျူးပေးမှာ ဖြစ်ပါတယ်။

နောက်အပတ်မှာ  ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက    ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ   ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast    အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊   အကြံဉာဏ်များပေးကြသူများနဲ့  နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို   အထူးပဲကျေးဇူးတင်ပါသည်။ မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊  သိဖို့လိုအပ်နေသူများ၊   မသန်စွမ်းအရေးကို မိမိတို့ရဲ့  လုပ်ငန်းခွင်အသီးသီးမှာ  ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို  ထပ်ဆင့်  ဝေမျှပေးရင်း  သတင်းကောင်းပေးနိုင်ပါတယ်။

Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက် Myanmar CinemAbility  Network  ရဲ့ Youtube Channel မှာလည်း စနေနေ့ည (၇)နာရီမှာ Premiere Show  အဖြစ်  သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့   မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ   ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက်  ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected]  သို့မဟုတ် တင်ဆက်သူများရဲ့ ဖုန်းနံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃  နဲ့   မနွေး  - ၀၉၉၄၁၅၅၉၈၉၇ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။  မြန်မာပြည်သူပြည်သားအားလုံး  မသန်စွမ်းမှု  အသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင်  လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့   ကျွန်ုပ်တို့က  ဆန္ဒပြုလိုက်ရပါတယ်။


...more
View all episodesView all episodes
Download on the App Store

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးBy MCA Network