နိုင်ငံရေးပါတီများ ဖျက်သိမ်းမှု စစ်ကောင်စီကို နိုင်ငံတကာသတိပေး၊ မြန်မာ့စီးပွားရေး ဆက်လက် ကျဆင်းနိုင်ချေ ကမ္ဘာ့ဘဏ် ခန့်မှန်း၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေ၊ ဆန်ကို အကန့်အသတ်နဲ့ပဲ ပြည်ပတင်ပို့ခွင့်အတွက် စီစဉ်နေ၊ ပြီးတော့ လယ်ယာထွက်ကုန်ဈေးအတက်အကျ အစရှိတဲ့ လယ်ယာစီးပွားသတင်းတွေ၊ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု အနာဂတ်မျိုးဆက်အတွက် ပညာရေးကို ဘယ်လိုရိုက်ခတ်မှုရှိလဲဆိုတဲ့ တွေ့ဆုံမေးမြန်းခန်းတို့ကို ၂၀၂၃ ဧပြီ ၁ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။