မူးယစ်မှုနဲ့ ထိုင်းနိုင်ငံမှာ ဖမ်းခံထားရတဲ့ ဒေါက်တာထွန်းမင်းလတ်ဆီမှာ စစ်ကောင်စီအကြီးအကဲ မိသားစုဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေ တွေ့၊ ရွေးကောက်ပွဲကျင်းပဖို့ နိုင်ငံတဝန်း လူဦးရေစာရင်းတွေကောက်ယူ၊ ဒီလို တပတ်အတွင်းမြန်မာသတင်းများနဲ့ လယ်ယာစီးပွားသတင်းတွေ၊ နောက်ပိုင်းမှာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ကလွှတ်ပေးတာတွေအပေါ် ဘယ်လို အမြင်တွေရှိပါလဲဆိုတဲ့ သတင်းထောက်မှတ်စုတို့ကို ၂၀၂၃ ဇန်နဝါရီ ၁၄ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။