AskAlex

Brand Strategist တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်မလဲ?


Listen Later

Q: Brand Strategist တစ်ယောက်ဖြစ်ဖို့အတွက် ဘယ်လို skill set တွေနဲ့ Experience တွေလိုအပ်မလဲဗျ ကို Alex.
A: အဓိကကတော့ ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ analytical mindset တစ်ခုတော့ လိုအပ်မယ်ပေါ့နော်။ ကျွန်တော့်ကို အခု coach လုပ်ပေးနေတဲ့ ကျွန်တော့်ဆရာမ Eileen ဆို ဘာပြောလဲဆိုတော့ သူ့သူငယ်ချင်း Ramon ဆိုလို့ရှိရင် Report တစ်ခုခုဖတ်လို့ရှိရင် Report ဆိုတော့ number တွေ chart တွေပါတော့ အဲ့ number တွေ chart တွေက ကနေသလိုကို ခံစားနေရတယ်လို့ပြောဖူးတယ်။ ကျွန်တော်လည်း အတူတူပဲ။ အဲ့ numbers တွေကို သုံးပြီးတော့ ဒီဘက်မှာ business action point ဖြစ်ဖို့ဘာလုပ်လို့ရနိုင်လဲဆိုတာကို ကျွန်တော် မြင်ရတယ်ပေါ့။ ဥပမာ - ဒီနှစ်မှာ agriculture တက်လာတယ်ထားပါတော့ ကျွန်တော်တို့ Level Up Marketing Group အနေနဲ့ Agriculture နဲ့ပတ်သတ်ပြီးဘာလုပ်ရမလဲ စဉ်းစားကြတယ်။ Agriculture နဲ့ပတ်သတ်တဲ့ client တွေကို ဆက်ပြီး chase လုပ်မှာလား၊ ဒါမှမဟုတ် ဒီ Agriculture နဲ့ပတ်သတ်တဲ့ ကြော်ညာမျိုးတွေဆက်လုပ်မှာလား၊ စတဲ့ analytic ဖြစ်ရမယ့် skill set တွေလိုအပ်ပါမယ်။ Experience ကဘာတွေလိုအပ်မလဲဆိုတော့ - ကျွန်တော်ကတော့ Operational Experience ကိုအရမ်းတန်ဖိုးထားတယ်။ ဘာလို့လဲဆို Strategist တစ်ယောက်က operation မလုပ်ဘူးဆိုရင် သူ့ရဲ့ထွက်လာတဲ့ Strategy တွေက ဘယ်လိုပြောရမလဲဆိုရင် အပေါ်ကကျလာတဲ့ Strategy က မြေပြင်နဲ့ချိတ်ဆက်လို့မရတဲ့ Strategy တွေဖြစ်နေမှာဆိုတော့ ကျွန်တော်တော့အဲ့တာကို မကြိုက်ဘူး။ Operation အပိုင်းပြီးရင်တော့ Campaign တွေလုပ်ပါ။ ပြီးတော့ KFC မှာကျွန်တော်ကိုယ်တိုင် comment တွေဖြေဖူးတယ်။ Samsung မှာ copy ရေးဖူးတယ်။ ပြီးတော့ ပုံတွေလည်းဆွဲဖူးတယ်။ KOLs တွေနဲ့လည်း deal လုပ်ဖူးတယ်။ ကျွန်တော်ကတော့ ကျွန်တော့ JD (Job description) ပါပါမပါပါ အကုန်လုံးကို taste လုပ်ရတာကကြိုက်တဲ့အတွက် အကုန်လုံးကို လိုက်လုပ်ဖြစ်တယ်။ ပြီးတော့ ကျွန်တော်ငယ်ငယ်ကတည်းက Level Up လို Marketing Agency တစ်ခုလုပ်ချင်တာဆိုတော့ KFC တုန်းကဆိုလည်း ဆိုင်တစ်ဆိုင်ဖွင့်မယ်ဆိုရင် စည်ပင်မှာလုပ်ငန်းလိုင်စင် ဘယ်လိုလျှောက်ရမလဲသိချင်လို့ဆိုပြီး စည်ပင်နဲ့သွားညှိတယ်။ ကျွန်တော့် Experience ကတော့ Marketing ထဲမှာလုပ်လာတာ ဆယ်နှစ်လောက်ရှိပြီဆိုတော့ မလုပ်ဖူးတာအတော်ကိုရှားတယ်။ မလုပ်ဖူးတာဆိုလို့ press release မရေးတာပဲရှိတာ။ ဆိုတော့ Operational Experience ကိုရအောင်ယူပါ။ ဒီအချိန်မှာ လခနည်းလို့ JD ကဒီလောက်များလို့ဆိုတာတွေလည်းတွေ့ပါတယ်၊ နားလည်းနားလည်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ဖြစ်ချင်တဲ့ပုံစံမျိုးပေါ်မူတည်ပြီးတော့ လုပ်ပါလို့ပြောချင်ပါတယ်။ ကျွန်တော်ကတော့ ငယ်ငယ်က အလုပ်စဝင်ကတည်းက လခနည်းသည်ဖြစ်စေများသည်ဖြစ်စေ အရေးမကြီးပါဘူး။ အဲ့တော့ ကျွန်တော်အပေါ်ကပြောခဲ့သလိုမျိုး Experience တွေရှိရင်တော့ Strategist တစ်ယောက်အနေနဲ့ မြေပြင်နဲ့နီးစပ်တဲ့ Strategy တွေထွက်လာမယ်လို့ ထင်ပါတယ်။
...more
View all episodesView all episodes
Download on the App Store

AskAlexBy Alex Khine