
Sign up to save your podcasts
Or


Q: လုပ်ငန်းတစ်ခုကို brand တည်ဆောက်ဖို့ ဘာတွေလုပ်သင့်ပါသလဲ။ influencer တွေခေါ်သင့်လားရှင့်။ A: ဘာလုပ်ငန်းလဲမသိဘဲနဲ့တော့ ဒါကိုအကြံအတိအကျ ပေးလို့မရဘူး။ influencer marketing ဆိုရင်တော့ Yes, အခုအချိန်မှာ hot ဖြစ်နေတယ်။ မြန်မာနိုင်ငံက လူတွေတော်တော်များများလည်း influencer တွေကို သဘောကျကြတယ်ဆိုတော့ brand တည်ဆောက်တဲ့နေရာမှာ အနည်းနဲ့အများတော့ effective ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လုပ်ငန်းလဲဆိုတာမူတည်ပြီးတော့မှ ကျွန်တော်တို့က ATL, BTL, TTL ဆိုတဲ့ About the Line, Below the Line, To the Line ရှိတယ်။ About the Line မှာ Facebook လိုမျိုး paid marketing ပေါ့နော်။ paid marketing ထဲမှာ ဘယ်လောက်သုံးရမှာလဲ။ လုပ်ငန်းတစ်ခုတည်ဆောက်ဖို့ဆိုတာက နိုင်ငံခြား ကလာတဲ့ investments တွေရှိခဲ့ရင်တောင် marketing budget က တစ်နှစ်ကို ဘယ်လောက်ဆိုပြီး ပေးထားတာလေနော်။ အဲ့တော့ brand တည်ဆောက်ဖို့ဆိုတာကလည်း marketing budget ဘယ် လောက်ဆိုလဲဟာကိုမှ လူတွေက ဘယ်နေရာမှာ attention တွေအဓိကပေးနေတာလဲဆိုတဲ့ဟာကို မူတည်ပြီးတော့မှ ကျွန်တော်တို့က ရာခိုင်နှုန်ူးနဲ့ ပြန်ခွဲရတယ်။ ကျွန်တော်တို့ရဲ့ Facebook page ကျွန်တော်တို့ရဲ့ own content platform တွေကို ပိုက်ဆံဘယ်လောက်သုံးမှာလဲ။ PR တွေ influencer marketing တွေကို ပိုက်ဆံဘယ်လောက်သုံးမှာလဲ။ ပြီးရင် ပိုက်ဆံအရမ်းရှိတဲ့ brand တွေဆိုလို့ရှိရင် video ရိုက်ချလိုက် commercial ရိုက်ချလိုက် ပြီးရင် ကြော်ငြာတွေဖြည့်ရိုက်လို့ရပါတယ်။ Spot တွေဝယ်လို့ရတယ်။ ဆိုတော့ လုပ်လို့ရတဲ့ဟာတွေက အများကြီးရှိတယ်။ ဘာတွေလုပ်သင့်လဲဆိုတော့ ပထမဆုံးအချက်ကတော့ know your customers (KYC) ပဲ။ အဲ့တော့ KYC ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်ပါ။ customer journey ကို Map လိုက်။ သူတို့ ဒီပစ္စည်းတစ်ခု ဝယ်တော့မယ်ဆိုရင်က လူတစ်ယောက်အနေနဲ့ ဘယ်လိုမျိုးအဆင့်တွေကို ဖြတ်ရလဲဆိုတဲ့ customer journey ရှိတယ်။ ဥပမာ ကျွန်တော်တို့ Facebook က ကြည့်တယ်။ ကြော်ငြာမြင်ရတယ်။ messenger မှာလာပြောတယ်။ အဲ့လိုမဟုတ်ဘဲနဲ့ Facebook ကနေ influencer တစ်ယောက်ရဲ့ page ကနေပြီးတော့မှ တွေ့တယ်။ page ကိုလာတယ်။ like လုပ်သွားတယ်။ message လာမေးတယ်။ ပြီးရင် နှစ်ရက်လောက်ပျောက်သွားတယ်။ boosting တွေရတယ်။ ပြန်ဝင်လာတယ်။ လာဝယ်တယ်ဆိုတဲ့ customer journey ကိုအရင်ဆုံး research လုပ်သင့်တယ်။ အဲ့တော့ research လုပ်ပြီးတော့မှ ဒီ customer journey တော့ရှိတယ်။ ဒီ customer journey မှာ top funnel မှာပိုက်ဆံဘယ်လောက်ထည့်ရမလဲ။ mid funnel မှာ ပိုက်ဆံ ဘယ်လောက် ထည့်ရမလဲ။ low Funnel မှာပိုက်ဆံဘယ်လောက်ထည့်ရမလဲဆိုတာ ကိုယ့်ဟာကိုယ် ဆက်ပြီးစဉ်းစား ရတာပါ။ ဒါကတော့ customer ကိုသိပြီးတော့ customer check point တွေ customer journey ကို ကျွန်တော်တို့က အရင်ဆုံးစဉ်းစားပြီးတော့မှပဲ သူတို့ရဲ့ ဘယ်နေရာမှာ ဘယ်လောက်ရှိလဲဆိုတဲ့ ဘယ်နေ ရာမှာ ဘယ်လို attention တွေပေးနေလဲဆိုတဲ့ ဟာတွေမှာ ပိုပြီးတော့ အဆင်ပြေပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
By Alex KhineQ: လုပ်ငန်းတစ်ခုကို brand တည်ဆောက်ဖို့ ဘာတွေလုပ်သင့်ပါသလဲ။ influencer တွေခေါ်သင့်လားရှင့်။ A: ဘာလုပ်ငန်းလဲမသိဘဲနဲ့တော့ ဒါကိုအကြံအတိအကျ ပေးလို့မရဘူး။ influencer marketing ဆိုရင်တော့ Yes, အခုအချိန်မှာ hot ဖြစ်နေတယ်။ မြန်မာနိုင်ငံက လူတွေတော်တော်များများလည်း influencer တွေကို သဘောကျကြတယ်ဆိုတော့ brand တည်ဆောက်တဲ့နေရာမှာ အနည်းနဲ့အများတော့ effective ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လုပ်ငန်းလဲဆိုတာမူတည်ပြီးတော့မှ ကျွန်တော်တို့က ATL, BTL, TTL ဆိုတဲ့ About the Line, Below the Line, To the Line ရှိတယ်။ About the Line မှာ Facebook လိုမျိုး paid marketing ပေါ့နော်။ paid marketing ထဲမှာ ဘယ်လောက်သုံးရမှာလဲ။ လုပ်ငန်းတစ်ခုတည်ဆောက်ဖို့ဆိုတာက နိုင်ငံခြား ကလာတဲ့ investments တွေရှိခဲ့ရင်တောင် marketing budget က တစ်နှစ်ကို ဘယ်လောက်ဆိုပြီး ပေးထားတာလေနော်။ အဲ့တော့ brand တည်ဆောက်ဖို့ဆိုတာကလည်း marketing budget ဘယ် လောက်ဆိုလဲဟာကိုမှ လူတွေက ဘယ်နေရာမှာ attention တွေအဓိကပေးနေတာလဲဆိုတဲ့ဟာကို မူတည်ပြီးတော့မှ ကျွန်တော်တို့က ရာခိုင်နှုန်ူးနဲ့ ပြန်ခွဲရတယ်။ ကျွန်တော်တို့ရဲ့ Facebook page ကျွန်တော်တို့ရဲ့ own content platform တွေကို ပိုက်ဆံဘယ်လောက်သုံးမှာလဲ။ PR တွေ influencer marketing တွေကို ပိုက်ဆံဘယ်လောက်သုံးမှာလဲ။ ပြီးရင် ပိုက်ဆံအရမ်းရှိတဲ့ brand တွေဆိုလို့ရှိရင် video ရိုက်ချလိုက် commercial ရိုက်ချလိုက် ပြီးရင် ကြော်ငြာတွေဖြည့်ရိုက်လို့ရပါတယ်။ Spot တွေဝယ်လို့ရတယ်။ ဆိုတော့ လုပ်လို့ရတဲ့ဟာတွေက အများကြီးရှိတယ်။ ဘာတွေလုပ်သင့်လဲဆိုတော့ ပထမဆုံးအချက်ကတော့ know your customers (KYC) ပဲ။ အဲ့တော့ KYC ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်ပါ။ customer journey ကို Map လိုက်။ သူတို့ ဒီပစ္စည်းတစ်ခု ဝယ်တော့မယ်ဆိုရင်က လူတစ်ယောက်အနေနဲ့ ဘယ်လိုမျိုးအဆင့်တွေကို ဖြတ်ရလဲဆိုတဲ့ customer journey ရှိတယ်။ ဥပမာ ကျွန်တော်တို့ Facebook က ကြည့်တယ်။ ကြော်ငြာမြင်ရတယ်။ messenger မှာလာပြောတယ်။ အဲ့လိုမဟုတ်ဘဲနဲ့ Facebook ကနေ influencer တစ်ယောက်ရဲ့ page ကနေပြီးတော့မှ တွေ့တယ်။ page ကိုလာတယ်။ like လုပ်သွားတယ်။ message လာမေးတယ်။ ပြီးရင် နှစ်ရက်လောက်ပျောက်သွားတယ်။ boosting တွေရတယ်။ ပြန်ဝင်လာတယ်။ လာဝယ်တယ်ဆိုတဲ့ customer journey ကိုအရင်ဆုံး research လုပ်သင့်တယ်။ အဲ့တော့ research လုပ်ပြီးတော့မှ ဒီ customer journey တော့ရှိတယ်။ ဒီ customer journey မှာ top funnel မှာပိုက်ဆံဘယ်လောက်ထည့်ရမလဲ။ mid funnel မှာ ပိုက်ဆံ ဘယ်လောက် ထည့်ရမလဲ။ low Funnel မှာပိုက်ဆံဘယ်လောက်ထည့်ရမလဲဆိုတာ ကိုယ့်ဟာကိုယ် ဆက်ပြီးစဉ်းစား ရတာပါ။ ဒါကတော့ customer ကိုသိပြီးတော့ customer check point တွေ customer journey ကို ကျွန်တော်တို့က အရင်ဆုံးစဉ်းစားပြီးတော့မှပဲ သူတို့ရဲ့ ဘယ်နေရာမှာ ဘယ်လောက်ရှိလဲဆိုတဲ့ ဘယ်နေ ရာမှာ ဘယ်လို attention တွေပေးနေလဲဆိုတဲ့ ဟာတွေမှာ ပိုပြီးတော့ အဆင်ပြေပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm