ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

စာဖတ်ကြပါ


Listen Later

🎤"မိတ်ဆွေတို့ရေ ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ တက်သစ်စ လူငယ် အစီအစဉ်မှာတော့ ကိုယ်အင်္ဂါမသန်စွမ်းသူ  တောင်ပေါ်သားလေး စိုင်းလျှန်းခမ်းရဲ့ လူငယ်ဘဝမှာ မသန်စွမ်းမှုအပေါ် အနိုင်ကျင့်စော်ကားမှုတွေကို ကြမ်းကြမ်းတမ်းတမ်း တုန့်ပြန်တတ်ခဲ့တဲ့ မခံချင်စိတ်လေးကို စာပေနဲ့ ဘယ်လို အကောင်းဖက်ရောက်အောင် ပြုပြင်ပြောင်းလဲယူခဲ့သလဲဆိုတာ စိတ်ခွန်အား ယူကြရအောင်ပါ။

စိုင်းလျှန်းခမ်းဟာ သူငယ်နာအကြောတင်း လို့ခေါ်တဲ့ Cerebral Palsy (CP) မသန်စွမ်းမှုရှိနေသူ တစ်ဦးပါ။ အဓိကအားဖြင့် လူတစ်ယောက်ရဲ့ ကိုယ်နေဟန်ထား လှုပ်ရှားနိုင်မှုနဲ့ ဟန်ချက်ထိန်းနိုင်မှုကို ထိခိုက်စေပြီး များသောအားဖြင့် ကလေးဘဝမှာကတည်းက ခန္ဓာကိုယ်က ကြွက်သားတွေကို အသုံးပြုနိုင်ဖို့အတွက် ဦးနှောက်နဲ့ ချိတ်ဆက် အလုပ်လုပ်ဖို့ရာ အားနည်းစေပြီး သွားလာပြောဆိုရာမှာ အခက်အခဲရှိနေတဲ့ မသန်စွမ်းမှုလို့ အလွယ်တကူ မှတ်ယူနိုင်ပါတယ်။

သူကြုံတွေ့ခဲ့ရတဲ့ မသန်စွမ်းမှုကို ကဲ့ရဲ့ လှောင်ပြောင် သရော်ခံရခြင်းဟာ ပြုလုပ်သူရဲ့ ဂုဏ်သိက္ခာကိုပါ ထပ်တူညှိုးနွမ်းစေသလို ခံရသူအတွက်လည်း ထိခိုက်နာကျင် ဝမ်းနည်းစေပါတယ်။ ဒီလို နှစ်ဦးနှစ်ဖက် အကျိုးမရှိစေတဲ့ အပြုအမူတွေကို ကျွန်ုပ်တို့ လူမှုအသိုက်အဝန်းမှာ လက်ခံကျင့်သုံး နေသူတွေကိုလည်း အများပြည်သူက ပြတ်ပြတ်သားသား ရှုံ့ချသင့်ပါတယ်။ ဘယ်သူမဆို အချိန်မရွေး အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းသူ ဖြစ်သွားနိုင်တယ်ဆိုတာ မမေ့ကြဘဲ အရာရာမှာ ကိုယ်ချင်းစာတရားကို လက်ကိုင်ထားပြီး မသန်စွမ်းသူတွေကို ဂုဏ်သိက္ခာနဲ့အညီ လူမှုအသိုက်အဝန်းမှာ ဖယ်ချန်မထားဘဲ တန်းတူဆက်ဆံပေါင်းသင်း စေချင်ပါတယ်။

🎤 ကဲ ဒီတော့ စိုင်းလျှန်းခမ်းရဲ့ ဘဝတူ မသန်စွမ်း လူငယ်တွေအပေါ် မိမိရဲ့ကိုယ်တွေ့တွေကနေ စေတနာအပြည့်နဲ့ တိုက်တွန်းဝေမျှမှုအဖြစ် ဒုတိယပိုင်းကို ဆက်လက် အားပေးလိုက်ကြရအောင်။ နောက်နောင် တင်ဆ်ကမှုတွေမှာလည်း ဘယ်လိုအကြောင်းအရာတွေ ဆက်လက် ဝေမျှသွားဦးမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်ကြိုဆိုကြပါဦးနော်။ 👏

👨‍🦽*** Cerebral palsy (CP) is a group of disorders that affect a person's ability to move and maintain balance and posture. CP is the most common motor disability in childhood. Cerebral means having to do with the brain. Palsy means weakness or problems with using the muscles.

******************************************************

📢(ကြော်ငြာကဏ္ဍ)

👉Voice/Writing/Editing Talents အဖြစ် မိမိအိမ်ကနေ လက်တွဲပူးပေါင်း လေ့လာဖန်တီးကြဖို့ စိတ်ပါဝင်စားသူများအနေနဲ့ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ လျှောက်ထားနိုင်ပါပြီ။ 👇

https://www.facebook.com/MyanmarCinemAbilityNetwork/videos/660962659083136

👉ကျွန်ုပ်တို့ရဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်မှာ အလုပ်သင်အဖြစ် ဖန်တီးမှုမျိုးစုံကို လက်စွမ်းပြလုပ်ဆောင်ဖို့ စိတ်ဝင်စားသူများအနေနဲ့ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ လျှောက်ထားနိုင်ပါပြီ။ 👇

https://www.facebook.com/MyanmarCinemAbilityNetwork/photos/1304201730029805 

🎧"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး" Podcast📲

👉 https://www.facebook.com/MyanmarCinemAbilityNetwork/

👉 https://myanmarcinemabilitynetwork.wordpress.com/

👉 https://www.clubhouse.com/club/myanmar-cinemability-network

👉 https://www.youtube.com/@mcanetwork

👉 https://t.me/mcanetwork

👉 https://twitter.com/MCinemAbilityN

👉 https://www.instagram.com/myanmarcinemabilitynetwork/

👉 https://www.linkedin.com/company/mcanetwork/

👉 https://www.clubhouse.com/club/ရယရယမမ-ပပပပ

📧 Gmail: [email protected]

☎️ 09261256493, 09420819597, 09941559897

#ReadTheBooks

#LoveTheLibrary

#DiscriminationAgainstDisability

#CerebralPalsy

#MotivationForYouth

#PodcasterWithDisability

#DisabilityAndCreation

#InclusiveIndependentPodcast

...more
View all episodesView all episodes
Download on the App Store

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးBy MCA Network