AskAlex

Career ကို ဘယ်လိုရွေးချယ်သင့်လဲ..?


Listen Later

Q: career နဲ့ပတ်သက်တာလေးမေးချင်လို့ပါ အစ်ကို။ အသက်က ၂၀ ပါ။ computer service  အပိုင်းနဲ့ car spa အပိုင်းမှာ ဘယ်ဟာကိုသွားသင့်လဲ ရွေးရခက်နေလို့ပါ။ ဘာကိုဝါသနာပါလဲ ဘာကိုအားသာလဲ ဆိုတာတွေ မသိပါဘူး။ ကိုယ်ပိုင်စီးပွား‌ရေးလုပ်ချင်တယ်။ လောလောဆယ်အလုပ်တစ်ခုတော့ ဝင်လုပ်မှရမှာမို့လို့ပါ။ နှစ်ခုလုံးကလဲ လိုအပ်တဲ့သင်တန်းတွေတက်ပြီး သင်ရင်းလုပ်ရမှာတွေပါ။ ဘယ် career ပိုပြီးအလားအလာ ရှိလဲ။ အဲ့ဒီကနေမှ ဘယ်လမ်းကြောင်းတွေ ဆက်သွားလို့ရလဲ။ ဘာတွေဆက်လုပ်လို့ရလဲ။ အစ်ကို စဉ်းစား လို့ရသလောက် ပြောပြပါဦး။ အစ်ကိုရော ဘယ် career ကို recommend လုပ်ချင်လဲဗျ။ 

A: ဒါကတော့ ကိုနေဇော်လတ်ရဲ့ life နဲ့ ကျွန်တော်ရဲ့ life နဲ့တော့ကွာတယ်လေ။ ကျွန်တော်ဆို car spa အ ကြောင်းဘာမှမသိဘူး။ ကျွန်တော့်သူငယ်ချင်း car seeker နှစ်ယောက်ရှိတယ်။ သူတို့အကြောင်းသွားမေးလဲ သူတို့သည် compute service အကြောင်းသွားမေး ဘာမှမသိဘူး။ ဆိုတော့ တစ်ခုခုရွေးလိုက်ပါ။ အသက်နှစ်ဆယ်ပဲရှိသေးတာ ဆိုတော့ တစ်ခုရွေးပြီးနောက်တစ်ခုပြောင်းလည်း နောက်မကျသေးပါဘူး။ ဘာလို့လဲဆိုတော့ computer service အပိုင်းကို car spa ဘက်မှာလည်း သုံးလို့ရတယ်။ car spa ကနေ computer service ကိုသွား လည်း ပြန်ပြီးသုံးလို့ရသေးတယ်။ ကိုယ့်ကားကိုယ်စစ်လို့ရတာပေါ့လေ။ ဆိုတော့ တစ်ခုခုကိုရွေးလိုက် တယ်ဆိုရင် နောက်တစ်ဖက်မှာဘာဖြစ်မယ်မှန်း ကိုယ်သိမှာမဟုတ်တော့ဘူး။ အဲ့တော့ တစ်ခုခုကို မျက်လုံးမှိတ်ခုန်ချလိုက်။ အဆင်ပြေသွားမယ်လို့တော့ ယူဆတယ်။ ချီတုံချတုံဖြစ်နေပြီးတော့ အချိန်တွေ ကုန်နေတာထက်စာရင် ကိုယ်ဘာကိုဝါသနာပါလဲ၊ ဘယ်နေရာမှာအားသာလဲဆိုတဲ့ဟာကို မသိဘူးဆိုရင် တစ်ခုခုကိုဝင်ချလိုက်ပါ။ သေချာတာကတော့ နှစ်ခုလုံးကတော့ အလားအလာတွေရော အခက်အခဲတွေ ရော အများကြီးရှိမှာပဲ။ car spa လဲ car spa နဲ့ပတ်သတ်တဲ့ အခက်အခဲတွေ သင်ရမဲ့ဟာတွေအများကြီးရှိမှာပဲ။  computer service လဲ computer service အလျှောက် ကျွန်တော်ကတော့ computer ပိုင်းနဲ့ ပိုးပြီးနီးစပ်လာတဲ့သူဆိုတော့ hardware တွေ OS တွေ စတဲ့စတဲ့ C double + တို့ A+ တို့  hardware နဲ့ ပတ်သတ်တဲ့ ဘာတွေညာတွေ အကုန်လေ့လာရမယ်။ Car Spa မှာလဲ ကျွန်တော်သိသလောက် ထိုနည်းလည်းကောင်းပဲ သူ့ရဲ့သင်ရမဲ့ဟာတွေရှိတယ်.. ပြောချင်တာကနှစ်ခုလုံးမှာ အခက်အခဲတွေအများကြီးပဲ ကျွန်တော်တို့က တစ်ခုခုကိုဝင်ပြီးတော့မှ သုံးလေးငါးနှစ်လောက်ကို နေလိုက်ပါ။ အသက်နှစ်ဆယ့်သုံး နှစ်ဆယ့်လေး နှစ်ဆယ့်ငါးလောက်မှ ပြန်ပြီးဆုံးဖြတ်တယ်ဆိုရင်လည်း နောက်မကျပါဘူး။ အရင်တုန်းက ကျွန်တော်လည်းယောင်စိန်ပဲ။ sale လုပ်ကြည့်လိုက်၊ technician လုပ်ကြည့်လိုက်၊ networking လုပ်ကြည့်လိုက်၊ အကုန်လုံးလျှောက်လုပ်တာ။ သေချာ marketing ဘက်ကိုသေချာဝင်လာတာ  KFC မှာဝင်လာတာ အသက်နှစ်ဆယ့်လေးနှစ်။ KFC ကနေ marketing associate အနေနဲ့ထွက်လာတာ။ ကျွန်တော်သည် အသက်နှစ်ဆယ့်လေးနှစ်ဆယ့်ငါးမှာမှ marketing ကိုဝင်လာတာ  ငယ်ငယ်တည်းက own business တွေကိုပဲလုပ်ချင်တာ။ ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ မသိဘူး။ ကျွန်တော့်ရဲ့ မိသားစုတွေသည်လည်း စီးပွားရေးသမားတွေမဟုတ်ဘူး။ အဲ့တော့ဘယ်ကနေ ဘယ်လို စရမယ်မသိဘူး။ အကြံပေးချင်တာက ဝင်လိုက်။ car spa နဲ့ computer service ဆိုပြီး ကွဲသွားမှာပဲရှိတာ။Business run ရတဲ့ operation အပိုင်းတွေ၊ customer service အပိုင်းတွေ၊ marketing အပိုင်းတွေ၊ after sale အပိုင်းတွေ၊ sale အပိုင်းတွေ၊ စတဲ့ဟာတွေအကုန်လုံးကတော့ ဒါတွေပဲ။ product ပဲကွဲသွားတယ်။ နှစ်ခုလုံးက service တွေပဲဆိုတော့ တစ်ခုခုဆုံးဖြတ်ပြီးဝင်လိုက်တာက ပိုအဆင်ပြေနိုင်မယ်လို့တော့ ယူဆပါတယ်။ ဘယ် career ကို recommend ပေးချင်လဲဆိုတာထက် မြန်မြန်ဝင်ဖို့ပဲ အကြံပေးချင်ပါတယ်။ အမြန်ဆုံးသာဝင်ပါ။ တခြားဟာကို over thinking လုပ်မနေနဲ့။ အရမ်းကြီး over think ဖြစ်သွားရင် ကိုယ့်ဟာကိုယ် ဒုက္ခပေးတာနဲ့အတူတူပဲ။ ကျွန်တော်ကတော့ သိပ်ပြီး over think လုပ်လေ့မရှိဘူး။ ပြောစရာရှိရင် ပြောတယ်။ လုပ်စရာရှိရင် လုပ်တယ်။ ဒါကိုလုပ်လိုက်လို့ နောက်တစ်ခုဘာဖြစ်မလဲ မသိဘူး။ ကျွန်တော်ဆီမှာရှိတဲ့ data ပေါ်အခြေခံပြီး လုပ်လိုက်တယ်။ နောက်ဆုံးမှားသွားတယ်ဆိုရင်လည်း ကျွန်တော့်ကြောင့်မှားတာ။ fail ဖြစ်သွားတယ်ဆိုရင်တောင်မှ အဲ့ထဲမှာဘာတွေ learning ရ နိုင်လဲဆိုတဲ့ဟာကိုပြန်ကြည့်ပြီးတော့မှ နောက်တစ်ခုကို ပြန်လုပ်တာ။ ဆိုတော့ ကျွန်တော်လည်း အရင်တုန်းက Business နှစ်ခု သုံးခု စလုပ်ဖူးတယ်။ fail သွားလို့ အခု level up ဆိုပြီးလုပ်လာတာ။ level up ကတော့မဆိုးဘူးလို့ သုံးသပ်လို့ ရတယ်။ ဆိုတော့ စလုပ်ဖို့ အကြံပေးချင်ပါတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm

...more
View all episodesView all episodes
Download on the App Store

AskAlexBy Alex Khine