မြန်မာပြည်က လက်ရှိလူနေမှုဘဝ အခြေအနေတွေကို စိတ်ကျန်းမာရေးရှုထောင့်ကနေ အပတ်စဉ် ဆွေးနွေးဝေမျှနေတဲ့ "ညစ်မနေနဲ့" အစီအစဉ် ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေကြား စိုးရိမ်ထိတ်လန့်မှုတွေ တိုးလာနေပြီး စိတ်သောကရောက်နေရတဲ့အကြောင်း ဆွေးနွေးထားပါတယ်။ ဟာဝိုင်ယီအခြေစိုက် စိတ်ကျန်းမာရေးပညာရှင် ဂျူဂျူးမင်းသူနဲ့အတူ အမေရိကန် အငြိမ်းစားဒုဗိုလ်မှူးကြီး ဒေါက်တာဒေါ်မီမီဝင်းဘတ်၊ နယူးယောက်အခြေစိုက် စိတ်ကျန်းမာရေးအထူးကု ဒေါက်တာဒေါ်နီလာသွင်၊ မြေအောက်တော်လှန်ရေး (UG) လုပ်နေတဲ့ ကိုသန့် (အမည်လွှဲ) တို့ပါဝင်ဆွေးနွေးထားပါတယ်။