Q: စျေးကြီးတဲ့ product or service တွေကို marketing လုပ်ရင် ဘယ်လိုမျိုးသွားသင့်ပါသလဲဗျ။ boosting ဆိုရင်ရော ဘယ်လို target ရွေးသင့်လဲဗျ။ သင်တန်းကြေးများတဲ့ ပညာရပ်တွေကိုသင်ပေးတဲ့ ကျောင်းအနေနဲ့ သွားရမယ့် marketing လေးကို သိပါရစေခင်ဗျ။ boost အပိုင်းဆိုရင် ဘယ်လိုသွားသင့်လဲ အကြံလေးလိုချင်ပါတယ်ဗျ။
A: အဲ့တော့ စျေးကြီးတဲ့ product နဲ့ service တွေကိုသွားမယ်ဆိုရင်တော့ စျေးမရောင်းတဲ့နည်းနဲ့ပဲသွားမှ အဆင်ပြေမှာပါ။ ဘာလို့လဲဆိုတော့ စျေးအရမ်းရောင်းနေတယ်ဆိုရင် စျေးရောင်းလို့မရဘူး။ ဒါက ကျွန်တော့်အမြင်ပါ။ စျေးကြီးတယ်ဆိုတဲ့နေရာမှာ ဘာ့ကြောင့်စျေးကြီးတယ်ဆိုတဲ့ why ဆိုတဲ့ ဟာကို အရင်ဆုံးဖြေရမှာ။ ပိုက်ဆံဘယ်လောက်ပဲ ရှိရှိဗျာ။ သင်တန်းကြေးများတဲ့ ပညာရပ်တွေကို သင်ပေးတဲ့ ကျောင်းအနေနဲ့ဆိုတော့ သူ့ရဲ့ choice ကအရမ်းများသွားပြီ။ ကျွန်တော်တို့ဟာကို မသင်ဘဲနဲ့ နိုင်ငံတကာမှာသင်နေတဲ့ သင်တန်းတွေ ဒါမှမဟုတ် တခြားတခြားသော online course တွေကို သွားတက်မှာလားဆိုတဲ့ဟာတွေရှိတယ်။ အဲ့ထက်ပိုပြီး ပိုက်ဆံရှိတဲ့သူမျိုးတွေဆိုရင်လည်း မြန်မာနိုင်ငံမှာ ကျောင်းမတက်တော့ဘဲနဲ့ တခြားနိုင်ငံမှာကျောင်းသွားတက်လို့ရနေတဲ့ အခြေအနေမျိုးတွေ ဖြစ်သွားတာကိုး။ သွားလည်းသွားတက်နေကြတာကိုး။ ဆိုတော့ ကျွန်တော်ကတော့ ဘာမြင်လဲဆိုတော့ အဲ့ဒီ စျေးကြီးတယ်ဆိုတဲ့ product တွေရောင်းမယ်ဆိုလို့ရှိရင် စျေးမရောင်းတဲ့ပုံစံနဲ့ သွားစေချင်ပါတယ်။ ဥပမာ- Mercedes ဆိုရင် သူကဘာနဲ့ရောင်းလဲဆိုတော့ social အခြေအနေတစ်ခုကို ရောင်းတယ်။ Mercedes ရဲ့ကြော်ငြာတွေထဲမှာ ကျွန်တော့်ခေါင်းထဲမှာ အခုထိမြင်နေတဲ့ ကြော်ငြာ တစ်ခုက ခြင်္သေ့ကြီး ရုံးမှာလုံးဝခေါင်းခဲနေပြီးတော့မှ Mercedes ကားထဲဝင်သွားပြီးတော့ သီချင်းဖွင့်လိုက်တာနဲ့ ခြင်္သေ့ကြီးက ငြိမ့်သွားတယ်ဆိုတဲ့အထာပေါ့လေ။ အဲ့တာက ခြင်္သေ့ဆိုတဲ့ဟာက ပြောမယ်ဆိုရင် တောရဲ့ဘုရင်ပေါ့နော်။ ဒီထဲမှာလုံးဝ social status တစ်ခုကိုပြလိုက်တာ။ အဲ့တော့ ဒီ Mercedes ကို စီးတဲ့လူတွေက social status အမြင့်ဆုံးဆိုတဲ့ဘက်ကို သွားထားတာ။ အဲ့လိုဆန်ဆန်မျိုး လုပ်စေချင်တယ်ပေါ့နော်။ ဆိုတော့ကျတော့ စျေးကြီးတဲ့ products တွေကို ရောင်းမယ်ဆိုရင် ပိုပြီးတော့ value ပေးရပါတယ်။ ဆိုလိုချင်တာက စျေးကြီးတယ်ဆိုရင် လူတွေက တစ်ခါထဲနဲ့ ဝယ်ချင်တဲ့စိတ် ပေါ်ချင်မှပေါ်လိမ့်မယ်။ content တစ်ခုကိုမြင်တယ်ဆိုလို့ရှိရင် တစ်ခါထဲနဲ့ဝယ်ချင်တဲ့စိတ် ပေါ်ချင်မှပေါ်လိမ့်မယ်။ အဲ့တော့ သူတို့ attention ကို သူတို့သွားနေတဲ့ နေရာတိုင်းမှာလိုက်ဖို့ လိုအပ်တယ်။ အဲ့တော့ ဒီနေရာမှာ boosting ဘယ်လိုမျိုးရွေးတယ်ဆိုတဲ့ဟာက အင်မတန်လွယ်တဲ့ဟာ။ ကျွန်တော်တို့ Facebook ပဲသွားသွား၊ programmatic ပဲသွားသွား ကျွန်တော်တို့က mobile, handset, device တွေနဲ့ရွေးလို့ရတာဆိုတော့ အဲ့တာက ကျွန်တော်တို့သင်တန်းကျောင်းရဲ့ သင်တဲ့ topic ပေါ်မှာမူတည်ပြီးတော့မှ interest consensual targeting သွားလို့ရတယ်။ ဘယ် interest ဘယ် interest ရှိတယ်။ ပြီးလို့ရှိရင် သူတို့သည် ဘာဖုန်းကိုင်တယ်ဆိုလို့ရှိရင် တော်ရုံတန်ရုံက သူတို့ရဲ့ target ကို hit ဖြစ်သွားတယ်။ အရေးကြီးတာက boosting targeting ဆိုတာထက် content ကဘာလုပ်မလဲဆိုတာက အင်မတန်အရေးကြီးတယ်လို့ ကျွန်တော်ကမြင်တယ်။ အဲ့တော့ ဘယ်လို card ကို play မှာလဲပေါ့။ ဥပမာ- ကိုယ့်ရဲ့သင်တန်းကျောင်းက အရမ်းကြာနေပြီ။ Strategy First လိုမျိုး သင်တန်းကျောင်းဆိုရင် legacy card ကို play လို့ရတယ်။ legacy card ဆိုတာ ဒီကျောင်းကသင်လိုက်တဲ့ မွေးထုတ်လိုက်တဲ့ တပည့်တွေအကုန်လုံးက ကုမ္ပဏီကြီးတော်တော် များများမှာ marketing head တွေဖြစ်နေကြပြီဆိုလို့ရှိရင်။ ဥပမာ- ကျွန်တော်ကော ကျွန်တော်နဲ့အတူတူ Strategy First ကို တက်ခဲ့ကြတဲ့ အစ်ကိုတွေအမတွေ အကုန်လုံးသည်လည်း ကိုယ့်ကျောင်းကို ပြန်ညွှန်တယ်။ ဆိုတော့ ကျွန်တော်လည်းအမြဲတမ်း Strategy First ကိုတက်တယ်လို့ ပြောပြလေ့ရှိတယ်။ အဲ့လိုမျိုးပဲ အဲ့ဒီ legacy card ကို ပေးလို့ရတယ်။ ဒါသည် Testimonials ပဲပြောပြော ကိုယ့်ရဲ့ကျောင်းသားဟောင်းတွေပဲပြောပြော Strategy First ကို အမြဲတမ်းပြန်ညွှန်တာကြောင့် သွားလို့ရတဲ့ဟာမျိုးရှိတယ်။ နောက်တစ်ခုကကျတော့ ကျွန်တော်ဒီမှာ Ask Alex လုပ်နေကြသလိုမျိူး value တွေပေးတဲ့ဟာ။ အဲ့တော့ သင်တန်းကျောင်းအနေနဲ့ သင်တန်း ကျောင်းမှာသင်တာက တစ်ပိုင်းဗျာ။ တစ်ကယ့်အပြင်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေရှိတယ်။ practical လက်တွေ့လုပ်ငန်းခွင်တွေမှာ။ အဲ့တော့ လက်တွေ့လုပ်နေရတဲ့အချိန်မှာ ဘယ်လိုမျိုးဖြေရှင်း ရလဲဆိုတဲ့ဟာကို ကျောင်းသားဟောင်းတွေရဲ့ ပြန်ပြီးချိတ်ပေးပြီး သွားလို့ရတဲ့ ပုံစံမျိုးတွေ လုပ်လို့ရတယ် ပေါ့နော်။ ဒါပေမဲ့ again ပါ။ စျေး စျေး ဆိုတဲ့ဟာမျိုးတွေထက်စာရင် ကျွန်တော်ကတော့ စျေးရောင်းတဲ့ post တွေ ဥပမာ- ဒါတွေဒါတွေ သင်တန်းမှာ ဒါတွေ သင်မယ်။ အဲ့တော့ အဲ့ဒီအတွက်ကို ကျွန်တော်တို့က ဒီလောက်စချုပ်တယ်ဆိုတဲ့ဟာမျိုးထက်စာရင် သင်တန်းကျောင်းရဲ့ branding ကို တည်ဆောက်တာက အများကြီးပိုပြီးတော့ affect