စိတ်အိမ်လေး (A Small Home for the Mind)

စိတ်အိမ်လေး (A Small Home for the Mind)

By စိတ်အိမ်လေး (Sate Eain Lay)Society & CulturePersonal Journals
Download on the App Store

စိတ်အိမ်လေး (A Small Home for the Mind) episodes

  • Mirror Talk #4 — ကမ္ဘာနှစ်ခုကြားမှာ 🌏

    ကိုယ်ဟာ ဘယ်နေရာနဲ့မှ

    မသက်ဆိုင်တော့သလို ခံစားရတတ်တယ်


    တစ်ခါတလေ…


    အိမ်ဆိုတာ ပြန်သွားရမယ့် နေရာတစ်ခုတည်း မဟုတ်ဘဲ

    ကိုယ်နဲ့အတူ သယ်ဆောင်လာတဲ့

    နွေးထွေးမှုလေးတွေလည်း ဖြစ်နိုင်ပါတယ်…


    ဒီတစ်ပတ် Mirror Talk မှာတော့

    နေရာတွေ လူတွေ အမှတ်တရတွေနဲ့အတူ

    Sense of Belonging အကြောင်း

    အေးအေးဆေးဆေး မျှဝေထားပါတယ်…


    စိတ်အိမ်လေးမှာ ခဏတာ အနားယူသွားပါ…🤍



    Podcast: စိတ်အိမ်လေး (Sate Eain Lay)

    Calm • Healing • Mind


    🎧 Listen on YouTube:

    https://youtube.com/@sateeainlay

    10 min
  • မီးဖိုချောင် | အိမ်ရဲ့အရသာ | House of Memories 04

    တချို့အရသာတွေက…

    ဗိုက်ပြည့်ဖို့အတွက်ပဲ မဟုတ်ပါဘူး။


    ဟင်းနံ့တစ်ခု၊

    အရသာလေးတစ်ခုကနေ

    နှစ်တွေကြာခဲ့တဲ့ ကလေးဘဝဆီ

    စိတ်ကို ပြန်ခေါ်သွားတတ်ပါတယ်။


    ဒီအခန်းလေးမှာ…

    Marcel Proust ရဲ့ Swann’s Way ထဲက

    အစားအစာနဲ့ အမှတ်တရတွေရဲ့ ဆက်နွယ်မှုကနေ

    အိမ်ရဲ့အရသာ၊

    မီးဖိုချောင်ထဲက နေ့စဉ်ဘဝလေးတွေနဲ့

    တစ်ချိန်က ကိုယ့်အတွက် ချက်ပြုတ်ပေးခဲ့ကြတဲ့သူတွေအကြောင်း

    အတူတူ ပြန်လည်သတိရကြည့်ရအောင်။



    Podcast: စိတ်အိမ်လေး (Sate Eain Lay)

    Calm • Healing • Mind


    🎧 Listen on YouTube:

    https://youtube.com/@sateeainlay

    9 min
  • Unopened Letters 01 — မပို့ဖြစ်ခဲ့တဲ့စာများ

    တစ်ချို့စကားတွေက ပြောဖို့ထက် ရေးဖို့ ပိုလွယ်တတ်တယ်…

    မပို့ဖြစ်ခဲ့တဲ့စာတွေ၊ မပြောဖြစ်ခဲ့တဲ့စကားတွေနဲ့

    ကိုယ့်စိတ်ထဲမှာ တိတ်တိတ်လေး သိမ်းထားခဲ့တဲ့ ခံစားချက်တွေအကြောင်း…


    ဒါကတော့ “Unopened Letters”

    မပို့ဖြစ်ခဲ့တဲ့ စာတွေအကြောင်းပါ 💌


    Podcast: စိတ်အိမ်လေး (Sate Eain Lay)

    Calm • Healing • Mind


    🎧 Listen on YouTube:

    https://youtube.com/@sateeainlay

    8 min
  • ထမင်းစားခန်း | အတူစားခဲ့ကြတဲ့ ထမင်းဝိုင်းများ | House of Memories 03

    ဒီစားပွဲဝိုင်းလေးမှာပဲ စကားတွေ၊ ရယ်မောမှုတွေနဲ့ မိသားစုအချိန်လေးတွေကို မျှဝေခဲ့ကြတယ်


    တစ်ချိန်က ရိုးရိုးလေးလို့ ထင်ခဲ့တဲ့

    မိသားစုထမင်းဝိုင်းလေးက

    အခုတော့ ပြန်လွမ်းမိတဲ့ အမှတ်တရတစ်ခု ဖြစ်လာခဲ့တယ်


    ဒီအခန်းလေးက…

    တစ်ချိန်က အတူတူထိုင်ခဲ့ဖူးတဲ့ ထမင်းဝိုင်းလေးတွေအတွက်ပါ


    ရှေ့ဆက်မယ့်နေ့ရက်တွေမှာလည်း…

    ကိုယ့်ဘေးနားက လူတွေနဲ့အတူ

    ဒီလို အခိုက်အတန့်ရိုးရိုးလေးတွေကို

    တန်ဖိုးထားရင်း ဖြတ်သန်းနိုင်ပါစေ…🤍


    Podcast: စိတ်အိမ်လေး (Sate Eain Lay)

    Calm • Healing • Mind


    🎧 Listen on YouTube:

    https://youtube.com/@sateeainlay

    11 min
  • Mirror Talk #3 — အသစ်ကနေ ပြန်စတင်ခြင်း

    တစ်ခါတလေ…


    အသစ်ကနေ ပြန်စတင်ခြင်းဆိုတာ

    စိတ်လှုပ်ရှားစရာ အစအသစ်တစ်ခု မဟုတ်ပါဘူး။


    ပင်ပန်းနေတဲ့အချိန်မှာတောင်

    တစ်ခါထပ်ပြီး ပြန်စရတဲ့ ခြေလှမ်းတစ်ခု ဖြစ်နိုင်ပါတယ်။


    မြို့အသစ်၊ ဘာသာစကားအသစ်၊ အလုပ်အသစ်…

    အရင်က ရင်းနှီးခဲ့တဲ့ နေရာတွေနဲ့ လူတွေကို ထားခဲ့ပြီး

    ဘဝတစ်ခုကို ပြန်တည်ဆောက်ရတဲ့အခါ

    ကြောက်စိတ်တွေလည်း ရှိလာတတ်ပါတယ်။


    ဒီနေ့ Mirror Talk မှာ…

    အသစ်ကနေ ပြန်စတင်ရတဲ့ အတွေ့အကြုံ၊

    အတိတ်ကို ကျော်ဖြတ်ပြီး ရှေ့ဆက်ဖို့

    ကိုယ့်ကိုယ်ကို ပြန်ပြောဖြစ်တဲ့ စကားလေးတွေကို မျှဝေထားပါတယ်။


    အရင်က သင်ယူခဲ့သမျှအားလုံးနဲ့

    နောက်ထပ်တစ်ကြိမ် ပြန်စတင်နိုင်ပါစေ။ 🌱 🌤️


    Podcast: စိတ်အိမ်လေး (Sate Eain Lay)


    Calm • Healing • Mind


    🎧 Listen on YouTube:

    https://youtube.com/@sateeainlay

    10 min
  • မမေ့နိုင်သေးတဲ့ အိပ်မက်တစ်ခု 🌙 | The Teeth Dream | Dream Stories 02

    ကျွန်မက အိပ်မက်တွေကို မကြာခဏ မက်တတ်ပါတယ်။

    ထူးဆန်းတဲ့အိပ်မက်တွေ၊ အမှတ်တရဖြစ်နေတဲ့အိပ်မက်တွေဆိုရင်

    မနက်နိုးလာတာနဲ့ ချရေးထားတတ်ပါတယ်။


    ဒီတစ်ခါတော့

    လွန်ခဲ့တဲ့ နှစ်တော်တော်ကြာက မက်ခဲ့ဖူးတဲ့

    သွားအိပ်မက်တစ်ခု အကြောင်း ပြန်လည်မျှဝေထားပါတယ်။


    တစ်ခါတလေ အိပ်မက်တွေက

    message လေးတစ်ခုလို ခံစားရတယ်။

    ကိုယ်မသတိထားမိသေးတဲ့အရာတစ်ခုကို

    တိတ်တိတ်လေး လာပြောပြနေသလိုမျိုး…


    ဒီ episode လေးကို နားထောင်ပြီး

    ကိုယ့်ကိုယ်ကိုယ် ခဏရပ်ပြီး နားထောင်ကြည့်ပါ။ 🤍


    သင်ရော… ဒီလိုမျိုး မမေ့နိုင်တဲ့ အိပ်မက်လေးတွေ မက်ဖူးလား...?


    ♡ ♥︎ ❤︎ ♡ ♡♡ ̆̈ ㅤㅤ♡



    🎧 Listen on YouTube:

    https://youtube.com/@sateeainlay


    Calm • Healing • Mind


    Podcast: စိတ် အိမ်လေး (Sate Eain Lay)

    8 min
  • ဧည့်ခန်း | အမှတ်တရတွေ စုဝေးနေတဲ့အခန်း | House of Memories 02

    တစ်ခါတလေ အမှတ်တရတွေဆိုတာ ကြီးမားတဲ့အဖြစ်အပျက်တွေ မဟုတ်ပါဘူး...


    အတူတူကြည့်ခဲ့တဲ့ TV၊ မီးပျက်တဲ့ညတွေ၊ ကိုယ်စီ ထိုင်နေကျ နေရာလေးတွေ… ဒီလို သာမန်အချိန်လေးတွေကပဲ နှစ်တွေကြာလာတဲ့အခါ အမှတ်တရတွေ ဖြစ်လာတတ်ပါတယ်...


    ဒီအခန်းလေးမှာတော့…


    ကိုယ့်ဘေးနားမှာ တစ်ချိန်တစ်ခါ အတူရှိခဲ့ဖူးတဲ့သူတွေကို

    ခဏလောက် ပြန်သတိရကြရအောင် 🌙



    🎧 Listen on YouTube:

    https://youtube.com/@sateeainlay


    Calm • Healing • Mind

    12 min
  • ဒီနေ့ကို ဒီညမှာပဲ ထားခဲ့လိုက်ပါ... | စိတ်အိမ်လေး Sleep Series 02

    ဒီနေ့ရဲ့ ပင်ပန်းမှုတွေကို

    ဒီညအထိ သယ်ဆောင်မလာပဲ...


    အတွေးတွေကို ခဏအနားပေးပြီး

    စိတ်ရော ကိုယ်ရော အနားယူလိုက်ပါ...


    ဒီနေ့ကို ဒီနေရာမှာပဲ

    အဆုံးသတ်ခွင့်ပေးလိုက်ပါ… 🌙🤍



    🎧 Listen on YouTube:

    https://youtube.com/@sateeainlay


    Calm • Healing • Mind

    7 min
  • အိမ်ရှေ့တံခါး | တွေ့ဆုံခြင်းများနှင့် နှုတ်ဆက်ခြင်းများ | House of Memories 01

    တချို့လူတွေက…

    ကျွန်မတို့ဘဝထဲကို ဝင်လာပြီး

    တစ်သက်လုံး အမှတ်တရဖြစ်သွားတတ်ပါတယ်။


    တချို့ကတော့…

    နှုတ်ဆက်ခြင်းမရှိဘဲ

    တိတ်တိတ်လေး ဝေးသွားတတ်ပါတယ်။


    ဒီအခန်းလေးမှာ…

    Tuesdays with Morrie ထဲက

    Morrie နဲ့ Mitch ရဲ့ ဆက်နွယ်မှုကနေ

    တွေ့ဆုံခြင်း၊ ချစ်ခြင်းနဲ့ အမှတ်တရတွေအကြောင်း

    အတူတူ စဉ်းစားကြည့်ရအောင်။



    🎧 Listen on YouTube:

    https://youtube.com/@sateeainlay


    Calm • Healing • Mind

    11 min
  • အိမ်ရှေ့တံခါး | အစပြုခြင်းများနှင့် နှုတ်ဆက်ခြင်းများ | House of Memories #1

    တချို့လူတွေက…

    ကျွန်မတို့ဘဝထဲကို ဝင်လာပြီး

    တစ်သက်လုံး အမှတ်တရဖြစ်သွားတတ်ပါတယ်။


    တချို့ကတော့…

    နှုတ်ဆက်ခြင်းမရှိဘဲ

    တိတ်တိတ်လေး ဝေးသွားတတ်ပါတယ်။


    ဒီအခန်းလေးမှာ…

    Tuesdays with Morrie ထဲက

    Morrie နဲ့ Mitch ရဲ့ ဆက်နွယ်မှုကနေ

    တွေ့ဆုံခြင်း၊ ချစ်ခြင်းနဲ့ အမှတ်တရတွေအကြောင်း

    အတူတူ စဉ်းစားကြည့်ရအောင်။



    Podcast: စိတ် အိမ်လေး (Sate Eain Lay)


    🎧 Listen on YouTube:

    https://youtube.com/@sateeainlay


    Calm • Healing • Mind

    11 min

About စိတ်အိမ်လေး (A Small Home for the Mind)

From the publisher's feed

စိတ်ပင်ပန်းနေတဲ့အချိန်တွေမှာ