AskAlex

Content Writer နဲ့ Digital Marketing ဘယ်လို ဆက်စပ်လဲ..?


Listen Later

Q: content writer တစ်ယောက်က digital marketing နဲ့အများကြီးသက်ဆိုင်လားရှင့်။ digital marketing ကိုအဓိကလေ့လာသင့်လား သိချင်တာပါ။ content writer လမ်းကိုသွားနေလို့ပါ။

A: စျေးရောင်းတာဆိုရင်တော့ marketing ကသိကိုသိရမှာပါ။ content writer မှတော့မဟုတ်ဘူး။ ဘယ်သူမဆို communicate လုပ်မယ်ဆိုရင်က ဥပမာ-NGO လိုအဖွဲ့မျိုးအဖွဲ့တစ်ခုကနေ ကိုယ့်ရဲ့ donor တွေ၊ အလှူခံမယ့်သူတွေကို communicate လုပ်မယ်ဆိုရင်လည်း marketing ကိုသိရပါတယ်။ ဒါမှမဟုတ် personal branding လုပ်မယ်ဆိုလို့ရှိရင်လည်း marketing သိရပါတယ်။ marketing ရဲ့အောက်ထဲမှာပဲ content creation/ content creative ဆိုတာပါလာတာဖြစ်တဲ့အတွက် marketing သိတယ်ဆိုရင် ဥပမာ- PESO paid earned shared owned ဆိုတဲ့ channel တွေရှိတယ်။ Maslow’s law တွေရှိတယ်။ ပြီးရင် customer journey awareness, interest, insight, advocate ဆိုတဲ့လေးခုမှာ ဘယ် stage ရောက်ပြီဆိုလို့ရှိရင် ဘယ်လိုမျိုး content တွေရေးပေးရမှာလဲ သိချင်တယ်ဆိုရင် သိသင့်ပါတယ်။ အဲ့တာတွေအကုန်လုံးက marketing သိတော့မှပဲ ပိုပြီးတော့ effective ဖြစ်မှာပါ။ content writer သည် ကျွန်တော်တို့ရဲ့ creative ဖြစ်တဲ့အပိုင်းကိုသွားတာပါ။ ဘယ်လိုရေးရင် ဘယ်လိုစိတ်ဝင်စားမှာလဲဆိုတဲ့ ဟာမျိုးလေးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့တစ်ခုအကြံပေးချင်တာက creative ကိုပဲသွားတာမဟုတ်ဘဲနဲ့။ creative ဆိုတာ art ဗျာ။ အဲ့ဒီ art ကိုဒီဘက်က logic နဲ့ပြန်ပြီးတွဲရတယ်။ တွဲတဲ့အချိန်မှာ ဒီလူတွေက ဒီ brand ကိုလုံးဝမသိသေးဘူး။ ဒီလို content မျိုးလေးတင်မယ်။ ဒီလူတွေကသိနေပြီ မဝယ်သေးဘူး။ ဒါလေးတင်မယ်။ ဒီလူတွေကသိပြီး သွားပြီ။ product ကိုလည်းစသုံးနေပြီ။ အဲ့တာကြောင့် ဒီလို content လေးတင်မယ်စတဲ့ customer journey ပေါ်မှာမူတည်ပြီးတော့ သူတို့ကိုပြရမယ့် content မျိုးလေးတွေကကွာသင့်ပါတယ်။ အဲ့တာဆိုရင် ပိုပြီးစိတ်ဝင်စားနိုင်တယ်။ ကျွန်တော့်အနေနဲ့က content writer တွေ၊ နောက်ဆုံး designer တွေကိုပါ marketing သင်ပေးပါတယ်။ ကျွန်တော်ရုံးက designer တွေကိုလဲ Marketing သင်ပေးပါတယ်။ ကျွန်တော်သိတဲ့ branding exercise တွေကိုပြန်ပြီးရှင်းပြတယ်။ သူတို့ရဲ့ creative point of views ကိုပြန်ပြီးနားထောင်တယ်။ အဲ့လိုမျိုးလုပ်လေ့ရှိပါတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm


...more
View all episodesView all episodes
Download on the App Store

AskAlexBy Alex Khine