Sign up to save your podcasts
Or

လူတိုင်းသတိထားသင့်တဲ့ COVID-19 နှင့် အမှိုက်အန္တရာယ်
COVID-19 ကူးစက်မှုများ အဆက်မပြတ် ဖြစ်ပေါ်လာသည်နှင့်အမျှ ကျွန်တော်တို့မှာ စွန့်ပစ်ပစ္စည်းဖြစ်တဲ့ အမှိုက်နှင့် အခြားအသုံးအဆောင်တွေ များပြားလာတာ အမှန်ပါပဲ။
ထိုအမှိုက်နှင့်ပစ္စည်းတွေကို ကျွန်တော်တို့ စွန့်ပစ်လိုက်တဲ့အခါ သေသေချာချာ ထုတ်ပိုးပြီး စနစ်တကျ လွှင့်ပစ်ဖို့လိုအပ်ပါတယ်။ ဒီလိုမှ မပစ်ရင် စည်ပင်ဝန်ထမ်းများနှင့် အခြားသော တာဝန်ရှိအလုပ်သမားများအတွက် အန္တရာယ်ရှိစေနိုင်ပြီး COVID-19 ပိုးဟာ ပိုမိုပျံ့နှံ့လာနိုင်ပါတယ်။
ဒါ့ကြောင့် သင်ရဲ့စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းက COVID-19 ကို တစ်ဆင့်ခံအနေနဲ့ ဖြန့်သလို ဖြစ်လာနိုင်ပါတယ်။ ဥပမာအားဖြင့်- COVID-19 ခံစားနေရတဲ့သူရဲ့ Mask , Test Kid အစရှိတာတွေကို ပိုးမသတ်ဘဲ ကြုံသလိုပစ်လိုက်တဲ့အခါ သိမ်းဆည်းရသူများထံ COVID-19 ရောက်ရှိသွားမှာ ကျိန်းသေပါပဲ။
ဒါ့ကြောင့် ကိုဗစ်ရောဂါပိုးရှိနိုင်တဲ့ အရာတွေကို ဘယ်လိုစနစ်တကျစွန့်ပြစ်မလဲဆိုတာကိုသိရှိဖို့အတွက် ဒီ SUM ရဲ့ COVID-19 နှင့် အမှိုက်အန္တရာယ် Podcast ကိုနားထောင်ပြီး Podcast ထဲမှာပြောပြထားတဲ့ နည်းလမ်းလေးတွေကို ကျင့်သုံးကြရအောင်။
ဆက်လက်ပြီး ကျွန်တော်တို့ရဲ့ ကြုံတွေ့နေရတဲ့ နေ့စဉ်ဘဝမှာ COVID-19 ရောဂါကြောင့်သော်လည်းကောင်း၊အာဏာသိမ်းခြင်းကြောင့်သော်လည်းကောင်း အရေးပေါ်စီစဉ်လိုက်ရတဲ့ အခြေအနေတွေ မြောက်များစွာ ရှိပါတယ်။
အကယ်၍ ကျွန်တော်တို့ဟာ သဘာဝပတ်ဝန်းကျင်ကို လစ်လျှူရှုလိုက်ရင် နောင်တစ်ချိန်မှာ သဘာဝရဲ့ဘေးအန္တရာယ်ကို ပြင်းစွာခံစားရပါလိမ့်မယ်။ ထိုသို့ ဘဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာတဲ့အခါမှာတော့ ယခုကြုံတွေ့ရတာထက်ပိုပြီး တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်လာနိုင်ပါတယ်။
ဒါ့ကြောင့်ကျွန်တော်တို့အားလုံး အမှိုက်ကိုဘယ်လို စနစ်တကျစွန့်ပစ်ရမလဲ? နောင်တစ်ချိန်မှာ ဖြစ်ပေါ်လာမယ့် သဘာဝဘေးအန္တရာယ်ကို ဘယ်လိုတားဆီးမလဲ ဆိုတာ ယခု Podcast လေးမှာ အတူတူနားထောင်လိုက်ရအောင်။
အခု Podcast လေးကို SUM ရဲ့ တခြားသော Platform တွေမှာလည်းနားထောင်နိုင်ပါတယ်။
Spring University Myanmar
By SUM Podcasts5
22 ratings