AskAlex

Creative Writer's Block ဖြစ်လာရင် ဘယ်လိုဖြေရှင်းရမလဲ..?


Listen Later

Q: မင်္ဂလာပါ ကို Alex။ ကျွန်တော်အခုလုပ်နေတဲ့ အလုပ်မှာက တစ်ယောက်တည်းနဲ့ graphic ၊ content ၊ video တွေလုပ်နေရတာပါ။ မေးချင်တာကတော့ အကုန်လိုက်လုပ်နေရင်းနဲ့ ဘာ idea မှထွက်မလာတော့ဘူးဗျာ။ ပင်ပန်းလို့ ဘယ်လိုဆက်လုပ်ရမလဲဗျ။ 


A: ကျွန်တော်တို့က အကုန်လိုက်လုပ်နေရင် ဘာ idea မှထွက်မလာဘူးဆိုတာက creative writer's block လို့ ခေါ်တယ်။ စာရေးဆရာတွေမှာ အဓိကဖြစ်တာပေါ့နော်။ အဲ့တော့ writer's block ကို ဘယ်လိုမျိုးရှင်းကြလဲ ဆိုတော့ အဓိက inspiration လိုက် ယူရတာ။ inspiration ဆိုတာနေရာတကာမှာရှိတယ်။ ကျွန်တော်တို့ထဲ မှာလည်း ရှိတယ်။ အပြင်ကပန်းခြံထဲမှာလည်း ရှိတယ်။ shopping mall ထဲမှာလည်းရှိတယ်။ inspiration ယူလို့ရတဲ့ဟာလည်းရှိတယ်။ အဲ့တော့ကျွန်တော်ကတော့ creative သမားမဟုတ်ဘူးပေါ့နော်။  ကျွန်တော်ကဘယ်သောအခါမှ creative သမားလို့မသတ်မှတ်ခဲ့ ဖူးဘူး။ ကျွန်တော်ကိုယ်တိုင်လည်း marketing strategy သာ ခေါင်းထဲက ထွက်တာ။ အဲ့တာကို out of the box ကိုဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာမျိုးကို ရုတ်တရက်စဉ်းစားရင် ကျွန်တော်ခေါင်းထဲက ထွက်မလာ ဘူး။ ဘာလုပ်လဲဆိုတော့ တခြားသော page တွေ တခြားသော case study ။ ကျွန်တော်ခုနကပြောတာ case study အရမ်းလိုက်ကြည့်တယ်။ ကြော်ငြာတွေအများကြည့်တယ်။ အဲ့ထဲမှာ ဥပမာ- အရမ်းကြိုက်တဲ့ ကြော်ငြာ Mercedes ရဲ့ခြင်္သေ့ကြီးကြော်ငြာ။ အမြဲတမ်းလည်းကျွန်တော့် Ask Alex မှာပြောပြနေတာ။ တောဘုရင်ဆိုတဲ့ စိတ်ဓာတ်ကို Mercedes ကုမ္ပဏီပိုင်ရှင်သူက အမြဲတမ်းခေါင်းကိုက်နေတာ။ ကားထဲမှာထိုင်နေတဲ့အချိန်မှာ ဘယ်လောက်ထိငြိမ့်ညောင်းတယ်ဆိုတဲ့ status တစ်ခုကိုပြလိုက်နိုင်တဲ့ပုံစံမျိုးဖြစ်သွားတယ်။ အဲ့တော့ ကားထဲမှာ ampere light တွေရှိတယ်။ ကားရဲ့ခုံက massage လုပ်ပေးတယ်။ ပြီးရင်ကားထဲကသီချင်းက လုံးဝ base boost လုပ်ပေးထားတယ်။ boss ဆိုတဲ့ status တစ်ခုကို စာတစ်ကြောင်းမှမပြောပဲနဲ့ အသံနဲ့ပဲ ကျွန်တော်တို့ကပြသွားတဲ့ဟာမျိုးပေါ့လေ။ အဲ့တော့ အသံဆိုတာ sound track တွေနဲ့ပြသွားတဲ့ ဟာကို အရမ်းကြိုက်တယ်။ ဆိုတော့ အဲ့ဒီ Mercedes ဆိုတဲ့ကြော်ငြာကို Nike မှာပြန်သုံးလို့ရတယ်။ ထားပါ‌တော့ ရွှေဆိုင်တွေမှာပြန်သုံးလို့ရတယ်။ ကျွန်တော်တို့က idea ကိုဖလှယ်ပြီးသုံးလိုက်တာ။ ကျွန်တော်တို့ရဲ့ local မှာဘယ်လိုမျိုးတွေက ဘယ်လို business တွေက ဘယ်လို audience တွေရှိနေတာလဲ။ အဲ့ဟာနဲ့ကိုက်တဲ့ တခြားသောနိုင်ငံတွေမှာရော ဘယ်လိုမျိုး idea တွေမျိုးတွေ ခေတ်စားနေတာလဲ။ ကျွန်တော်တို့ ၁၉၈၀ ကနေ ဒီနေ့အထိ ကြော်ငြာတွေမနည်းမနောထွက်လာတာ။ အဲ့ဒီပုံစံမျိုးနဲ့ inspiration ယူပါတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm

...more
View all episodesView all episodes
Download on the App Store

AskAlexBy Alex Khine