
Sign up to save your podcasts
Or


Q: Design တွေမှာ text များတာနဲ့ engagement ကျတာ သက်ဆိုင်သလား။ A: Facebook ကတော့ text proportion ပေါ်မှာ မူတည်ပြီးတော့မှ engagement မသတ်မှတ်တော့ဘူး လို့တော့ ပြောပါတယ်။ ဒါပေမဲ့ စာတွေအများကြီးရေးတဲ့ဟာကို အကုန်လုံးလိုက်ဖတ်နေရတယ်ဆိုတာက ပျင်းစရာကြီး။ မြန်မာပြည်မှာလည်း အချင်းချင်းစနောက်တဲ့ စကားတစ်ခွန်းရှိပါတယ်။ ပုံနည်းတယ် စာများတယ်ဆိုတဲ့ဟာမျိုးပေါ့လေ။ စာမဖတ်ချင်လို့ ပုံကြည့်ပါတယ်ဆိုမှ ပုံထဲမှာစာတွေနဲ့ဆိုတော့ စာတွေက အပေါ်မှာထည့်ရေးလို့ရတယ်။ copy ထဲမှာထည့်ရေးလို့ရတယ်။ ဘာလို့ ပုံထဲမှာထည့်ရေး ကြမှာလဲပေါ့။ ဆိုတော့ flyer ဖတ်နေတာမှမဟုတ်တာ။ လူတွေက design တွေထဲမှာ စာများတယ်ဆိုလို့ရှိရင် သိပ်ပြီးတော့ ဖတ်ကြလေ့ မရှိဘူး။ အရမ်းကြီးစိတ်ဝင်စားဖို့ကောင်းနေတဲ့ ကိုယ့်ရဲ့စိတ်ဝင်စားတဲ့ဟာနဲ့ စာထဲမှာရေးထားတာနဲ့ တစ်ထပ်တည်းကျနေရင်တော့ စာဖတ်ချင်စိတ်ရှိတယ်။ မဟုတ်ရင် ကိုယ်က Facebook ပွတ်နေတယ်။ အဲ့အချိန်မှာ စာအများကြီးတက်လာရင် ဘာကြီးလဲဟဆိုပြီး ကျော်သွားကြတယ်။ အဲ့တော့ အနည်းဆုံးတော့ စာနည်းနည်းလေးလျှော့ပြီးတော့မှ ထိထိမိမိဖြစ်မဲ့ ကိုချစ်ကိုစိုးရဲ့ page လေးကို တစ်ချက်ကြည့်စေချင်တယ်။ သူ့ရဲ့ copy writing skill ကတော့ the god ပဲ။ အဲ့လိုမျိုး တစ်ကြောင်းတည်းနဲ့ heart ထိသွားစေမယ့် Tagline ဆန်ဆန် slogan ဆန်ဆန် one header ဆန်ဆန် one liner ဆန်ဆန် ပုံစံမျိုးသွားမယ်ဆိုရင်တော့ ပိုပြီးတော့ အဆင်ပြေနိုင်မယ်လို့ ထင်ပါတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm
By Alex KhineQ: Design တွေမှာ text များတာနဲ့ engagement ကျတာ သက်ဆိုင်သလား။ A: Facebook ကတော့ text proportion ပေါ်မှာ မူတည်ပြီးတော့မှ engagement မသတ်မှတ်တော့ဘူး လို့တော့ ပြောပါတယ်။ ဒါပေမဲ့ စာတွေအများကြီးရေးတဲ့ဟာကို အကုန်လုံးလိုက်ဖတ်နေရတယ်ဆိုတာက ပျင်းစရာကြီး။ မြန်မာပြည်မှာလည်း အချင်းချင်းစနောက်တဲ့ စကားတစ်ခွန်းရှိပါတယ်။ ပုံနည်းတယ် စာများတယ်ဆိုတဲ့ဟာမျိုးပေါ့လေ။ စာမဖတ်ချင်လို့ ပုံကြည့်ပါတယ်ဆိုမှ ပုံထဲမှာစာတွေနဲ့ဆိုတော့ စာတွေက အပေါ်မှာထည့်ရေးလို့ရတယ်။ copy ထဲမှာထည့်ရေးလို့ရတယ်။ ဘာလို့ ပုံထဲမှာထည့်ရေး ကြမှာလဲပေါ့။ ဆိုတော့ flyer ဖတ်နေတာမှမဟုတ်တာ။ လူတွေက design တွေထဲမှာ စာများတယ်ဆိုလို့ရှိရင် သိပ်ပြီးတော့ ဖတ်ကြလေ့ မရှိဘူး။ အရမ်းကြီးစိတ်ဝင်စားဖို့ကောင်းနေတဲ့ ကိုယ့်ရဲ့စိတ်ဝင်စားတဲ့ဟာနဲ့ စာထဲမှာရေးထားတာနဲ့ တစ်ထပ်တည်းကျနေရင်တော့ စာဖတ်ချင်စိတ်ရှိတယ်။ မဟုတ်ရင် ကိုယ်က Facebook ပွတ်နေတယ်။ အဲ့အချိန်မှာ စာအများကြီးတက်လာရင် ဘာကြီးလဲဟဆိုပြီး ကျော်သွားကြတယ်။ အဲ့တော့ အနည်းဆုံးတော့ စာနည်းနည်းလေးလျှော့ပြီးတော့မှ ထိထိမိမိဖြစ်မဲ့ ကိုချစ်ကိုစိုးရဲ့ page လေးကို တစ်ချက်ကြည့်စေချင်တယ်။ သူ့ရဲ့ copy writing skill ကတော့ the god ပဲ။ အဲ့လိုမျိုး တစ်ကြောင်းတည်းနဲ့ heart ထိသွားစေမယ့် Tagline ဆန်ဆန် slogan ဆန်ဆန် one header ဆန်ဆန် one liner ဆန်ဆန် ပုံစံမျိုးသွားမယ်ဆိုရင်တော့ ပိုပြီးတော့ အဆင်ပြေနိုင်မယ်လို့ ထင်ပါတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm