AskAlex

Digital Marketer တွေရဲ့ အနာဂတ် ဘာဖြစ်လာနိုင်လဲ..?


Listen Later

Q: လက်ရှိအကိုတို့အနေနဲ့ boost ကိုဘယ်လိုလုပ်ပေးနေလဲ။ ဘယ် bank နဲ့လုပ်ပေးနေလဲ သိလို့ရမလားရှင့်။ ညီမအခုလုပ်နေရတာ တော်တော်လေးတိုင်ပတ်နေလို့ပါ။ dollar စျေးတွေကလည်း ဇွတ်တက်နေတာ ဆိုတော့ အစ်ကို့အမြင်လေးလည်း သိချင်ပါတယ်။ digital marketer တွေရဲ့အနာဂတ်က ဘယ်လိုဖြစ်လာ မလဲရှင့်။

A: (အနာဂတ်က ဘယ်လိုဖြစ်လာမလဲဆိုတော့ ပလာစတာ ပဲဖြစ်လာမှာပေါ့လေ) ကျွန်တော်အနေနဲ့ boost ဘယ်လိုလုပ်ပေးနေလဲဆိုတော့ bank account တွေပေါင်းစုံဖွင့်ထားပါတယ်။ ကျွန်တော်တို့ဆီမှာအကုန်ရှိတယ်.. ရှယ်ပဲ။ ပေါင်းစုံဖွင့်ထားပြီးတော့မှ အနည်းဆုံး rate နဲ့ရတဲ့ဟာမျိုးနဲ့ boost လုပ်ပေးပါတယ်။ အဲ့တော့ dollar စျေးတွေကလည်း အရမ်းတက်တာဆိုတော့ ကျွန်တော့်အမြင်ဆိုရင်က local က media တွေကိုပဲပြန်ပြီးသွားဖို့အတွက် စဉ်းစားကြည့်ပါ။ မြန်မာငွေနဲ့ charge တဲ့ media တွေရှိပါသေးတယ်။ နောက်ဆုံး boost မလုပ်ဘဲနဲ့ KOL အနေနဲ့ သွားဖို့လည်းအဆင်ပြေတာပဲ။ KOL marketing ကိုသုံးကြပေါ့လေ။ ဘာလို့လဲ ဆိုတော့ ဒေါ်လာစျေးက inflation နဲ့အတက်အကျတွေ ရှိနေတာဆိုတော့။ အဲ့တော့ local မှာမြန်မာငွေနဲ့ charge လုပ်တဲ့သူတွေက ဘယ်လောက်ရှိလဲပြန်ကြည့်ပြီး ကျွန်တော်တို့ရဲ့ customer attention ပေါ် မူတည်ပြီး အမြဲတမ်း adjust ပြန်လုပ်ရတာပေါ့လေ။ digital marketer တွေရဲ့အနာဂတ်က ဘယ်လို ဖြစ်လာမလဲဆိုတော့ အနာဂတ်ကဝေးပါသေးတယ်။ ပြောရရင်မနက်ဖန်တောင် ဘာဖြစ်လာမလဲမသိသေးပါဘူး။ ကျွန်တော်အမြဲတမ်းပြောနေကျ စကားတစ်ခွန်းရှိတယ်။ digital marketer မလုပ်ပါနဲ့။ marketer ပဲလုပ်ပါ။ ဆိုတော့ digital marketing သည် marketing ရဲ့ branch တစ်ခုဗျာ။ marketing ကို platform တွေပေါ်မှာ run နေကြတာ။ ကျွန်တော်တို့ run နေကြတဲ့ concept တွေအကုန်လုံးက marketing ထဲမှာရှိနေပြီးသား။      PESTLE     တို့ content marketing တို့။ content marketing ဆိုတာ post တင်မှ content marketing မဟုတ်ဘူး။ video တွေ photo တွေတင်မှ content marketing မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ radio လည်း content marketing ပဲ။ billboard လည်း content marketing ပဲ။ TVC လည်း content marketing ပဲ။ content marketing ရဲ့ concept ကိုက လူတွေ စိတ်ဝင်စားမဲ့ content မျိုးကို ဘယ်လိုမျိုး formula တွေနဲ့သွားကြမလဲ ဖြစ်တာအလျောက် ကျွန်တော်တို့ သည် digital marketer ဆိုပြီးမခံယူဘဲ marketing ကိုလေ့လာပါ။ marketing ကိုလုပ်ပါ။ digital က ကျွန်တော်ပြောတယ်လေ ဒီ Facebook တစ်ခုကဒီနေ့ရှိနေတယ်။ ဒါပေမဲ့ နောက်ငါးနှစ်လောက်မှာ တခြားသော platform တစ်ခုကနေ Facebook ကိုကျော်သွားတာလည်း ဖြစ်နိုင်တယ်လေ။ ကျွန်တော်လဲသေချာတော့မသိဘူး။ အဲ့တော့ Facebook မရှိ တော့ဘူးဆိုရင် ဘာလုပ်ကြမှာလဲ။ I mean မရှိဘူးဆိုတာလေ Facebook ကိုလူတွေ အဲ့လောက်ကြီးမသုံးတော့ဘူး။ နောက်ဆုံး ဒေဝါလီခံသွားတယ်ဗျာ။ TikTok ကိုလူတွေသုံးလာကြတယ်။ TikTok ဘက်ကို ပြောင်းရမှာပဲ။ အဲ့တော့ ကျွန်တော်တို့ရဲ့ concept တွေအကုန်လုံးကိုတော့ marketing concept တွေကိုကြည့်စေချင်တယ်။ လေ့လာစေချင်တယ်။ ပိုင်နိုင်စေချင်တယ်။ marketing သမားလုပ်ပါ။ Digital Marketing သမားလုပ်နေမဲ့အစား Marketing သမားလုပ်ပါ။
#marketing #digitalmarketing #market #career #askalex #askalexmm

...more
View all episodesView all episodes
Download on the App Store

AskAlexBy Alex Khine