AskAlex

Digital Team က client page မှာအမှားတစ်ခုခုလုပ်မိတာမျိုးဆို ဘယ်လို react လုပ်သင့်လဲ?


Listen Later

Q: Digital team junior တစ်ယောက် or team member တစ်ယောက်က client page မှာအမှားတစ်ခုခုလုပ်မိတာမျိုးဆို ဘယ်လို react လုပ်သင့်လဲ။ ဥပမာ- page ၂ ခု မှားတင်မိတာမျိုး။ 

A: ကြည့်ရတာတော့ မမေဘရဏီက account manager ဖြစ်ဖို့များမယ်နဲ့တူတယ်။ ပထမမေးခွန်းက team မှာကိုယ့်ရဲ့ junior တစ်ယောက်က၊ ဒါမှမဟုတ်ကိုယ့်ရဲ့ team member တစ်ယောက်က client page မှာ အမှားတစ်ခုခုလုပ်မိတာမျိုးဆို ဘယ်လိုမျိုး react လုပ်သင့်လဲဆိုတော့။ နှစ်ခုပေါ့လေ။ ဒီထဲမှာရေးထားတဲ့ သူများ page ပေါ်မှာ၊ မဆိုင်တဲ့ page တစ်ခုပေါ်မှာ post သွားတင်တယ်ဆိုရင်တော့ warning process နဲ့ သွားစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ လူတိုင်းအမှားလုပ်လေ့ရှိတာပဲဆိုတော့ first or second time က တော့ သိပ်ပြီးတော့ကြီးလေးတဲ့အမှားမဟုတ်တဲ့အတွက်ကြောင့် warning လောက်ပဲပေးပြီးတော့ သွား မယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေမယ်လို့တော့မြင်တယ်။ ကျွန်တော်တို့ဆို ဘယ်လိုလုပ်လေ့ရှိလဲဆိုတော့ ဟိုတစ်နေ့ကမှ မှားတင်ထားတာပေါ့နော်။ ဘယ်လိုမျိုး check ရလဲဆိုတော့ မှားတင်တဲ့ post တွေအများစု ကကျတော့ သူကဘယ်နေရာမှာသွားပြီးတော့ အားနည်းတာလဲဆိုရင် agency ပဲပြောပြော၊ client site ပဲ ပြောပြောပေါ့နော်။ နှစ်ပိုင်းလုံးပြောြပပါမယ်။ ကျွန်တော်တို့ပုံမှန် post တင်တာက team ထဲမှာရှိတဲ့ အငယ်တွေ လုပ်တာများတယ်။ အဲ့တော့ team ထဲမှာရှိတဲ့ အကြီးတွေက cross check လုပ်ပေးသင့် ပါတယ်။ cross check မလုပ်ဘူးဆိုရင် မှားတာတွေလည်း အများကြီးရှိလာနိုင်တာဆိုတော့ ကျွန်တော် တို့က AE တို့က post တင်တဲ့ဟာတွေကို AM တွေရဲ့တာဝန်အနေနဲ့ပေးထားပါတယ်။ အငယ်တွေကတော့ မှားမှာပဲ။ အဲ့တော့အငယ်တွေမမှားအောင် အကြီးတွေကနေဝိုင်းကြီးကြပ်ရမှာပဲ။ အဲ့တော့ကျွန်တော်တို့ ကိုယ်တိုင်လည်း account manager တွေအကုန်လုံးကို ကျွန်တော်တို့ team ဘက်က CO ကနေတာဝန် ခံတယ်။ နောက်ဆုံးကျွန်တော် chairman ကနေတာဝန်ယူပေးရတယ်ပေါ့လေ။ ဆိုတော့အဲ့ဒီ culture တစ်ခုကိုဝင်စေချင်တယ်။ ပြောရမယ်ဆိုရင် ကိုယ့် team ကိုကိုယ့်အနေနဲ့ အမြဲတမ်းကာကွယ်ပေးသင့် တယ်လို့ ခံယူထားတာဆိုတော့။ 

#marketing #digitalmarketing #market #career #askalex #askalexmm

...more
View all episodesView all episodes
Download on the App Store

AskAlexBy Alex Khine