AskAlex

Dream Map ဘယ်လိုဆွဲရမလဲ..?


Listen Later

Q: ဆရာ့လိုဖြစ်ချင်တာ ဘယ်လိုလုပ်ရမလဲ။ ဆရာစိုင်းနဲ့ ဆရာ့အတန်းတက်ခဲ့သူပါဗျ။

A: ကျွန်တော့်လိုဖြစ်တယ်မဖြစ်ဘူးက အရေးမကြီးပါဘူး။ အဓိကက ကိုထွန်းထွန်းကျော်ရဲ့ dream တစ်ခုကို အရင်ဆုံး mark လုပ်စေချင်တယ်။ dream ဆိုတာ ဘယ်နှစ်နှစ်မှာ ဘာဖြစ်ချင်တယ်ဆိုတာပေါ့လေ။ ဘာလို့လဲဆိုတော့ အဲ့ဒီဟာမှာမှ ကြားကာလမှာဘာလုပ်လို့ရမလဲဆိုတဲ့ ဥပမာ- အသက်ရှစ်ဆယ်မှာ တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးကို စျေးရောင်းနေတဲ့လူဖြစ်ချင်တယ်။ ဒါမှမဟုတ် တစ်ကမ္ဘာလုံးကို service ပေးနေတဲ့ marketing agency လုပ်ချင်တယ်ဆိုရင်တော့ အိုကေ။ အသက်ခုနှစ်ဆယ်၊ ခြောက်ဆယ်၊ ငါးဆယ်မှာ ဘာလုပ်မှာလဲဆိုတဲ့ဟာမျိုး ချလို့ရတာကိုး။ ကျွန်တော်မှာလည်း အဲ့ဒီ goal ရှိတယ်။ long term ကို တစ်ချက် mark လုပ်ပြီးတော့မှပဲ ဆယ်စုနှစ်ဆီဖြတ်သွားတာ။ ဆိုတော့ ကျွန်တော့်ရဲ့သုံးဆယ် goal မှာ company ထောင်ကိုထောင်ရမှာ ကျွန်တော်ရဲ့ plan ရှိတယ်။ အခုကျွန်တော်ရဲ့အသက် နှစ်ဆယ့်ရှစ်မှာ Level Up ဆိုတဲ့ company ကိုထောင်တယ်။ အခု run တယ်။ အဆင်ပြေတယ်။ ပြေနေသေးတယ် ဆိုတော့ ကျွန်တော့်သုံးဆယ်ရဲ့ goal ပေါ့လေ။ လေးဆယ်မှာရှိတယ်။ ငါးဆယ်မှာရှိတယ်။ ခြောက်ဆယ်မှာရှိတယ်။ ကြားထဲမှာသေသွားလည်း ဘာဖြစ်လဲ။ အဲ့တော့ ကိုယ့်ရဲ့ goal ကို mark လုပ်ပြီးတော့မှ ကြားထဲကနေ ဘယ်လိုမျိုးတွေဖြည့်။ life goal တစ်ခုထားလိုက်ပြီးတော့မှ ကြား ဆယ်စုနှစ်တစ်ခုစီရဲ့ goal ကိုသတ်မှတ်တယ် ဆိုရင် ကျွန်တော်တို့လာမယ့်အသက်နှစ်ဆယ့်ငါးနှစ်မှာဘာလုပ်မှာလဲ။ သုံးဆယ်မှာဘာလုပ်မှာလဲ။ သုံး ဆယ့်ငါးမှာဘာလုပ်မှာလဲဆိုတဲ့ goal အသေးစားလေးတွေ ပြန်ပြီးတော့သတ်မှတ်လို့ရတယ်။ အဲ့ဒီကနေ ငါသည်အသက်နှစ်ဆယ့်ငါးနှစ်မှာ marketing manager ကိုဖြစ်ကိုဖြစ်ရမယ်ဆိုရင် လက်ရှိမှာ ကိုယ်က operation ကိုင်နေတယ်ဆိုရင် အသက်နှစ်ဆယ့်နှစ်မှာ operation ကိုင်နေတယ်။ နှစ်ဆယ့်ငါးမှာ marketing manager ဖြစ်ကိုဖြစ်ရမယ်။ သုံးနှစ်မှာ marketing manager ဖြစ်ဖို့အတွက်ကို ဘာတွေ လိုအပ်လဲဆိုတာကို marketing manager ကိုလိုက်မေးလို့ရတယ်။ ဥပမာ- strategy ဆွဲနေရတာလား။ သူတို့ report တွေဘယ်လိုပြင်နေရတာလဲ။ ဘယ်လိုမျိုး trend တွေကိုလိုက်ကြည့်နေရတာလဲ။ ကျွန်တော့်လိုဖြစ်ဖို့မဖြစ်ဖို့က အရေးမကြီးဘူး။ ဘာကောင်မှလည်းမဟုတ်နေဘူး။ ဆိုတော့ကျတော့ ကိုယ်ဖြစ်ချင်တဲ့ဟာဖြစ်ဖို့က အရေးကြီးတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm

...more
View all episodesView all episodes
Download on the App Store

AskAlexBy Alex Khine