ဒီတပတ်ဆွေးနွေးပေးမယ့် ခေါင်းစဉ်ကတော့ ''Mental Detox ''စိတ်အဆိပ်ထုတ်ခြင်း''ဆိုတဲ့ခေါင်းစဥ်ကို ဆွေးနွေးပေးသွားမှာပါ။ကိုယ်ခန္ဓာကို သန့်စင်ဖို့ Detox (အဆိပ်ထုတ်)လုပ်သလို စိတ်ကျန်းမာဖို့လည်း စိတ်အနှောင့်အယှက်ဖြစ်စေသော အတွေးများကို သန့်စင်ပေးဖို့အရေးကြီးလှပါတယ်။စိတ်ပိုင်းဆိုင်ရာ detox(အဆိပ်ထုတ်ခြင်း) သည် မိမိစိတ်ကို မကျန်းမာစေသော် မပျော်ရွှင်သောအတွေးများကို ဖယ်ရှားပေးခြင်းဖြင့် စိတ်ကို သန့်စင်စေပြီး စိတ်ကိုငြိမ်းချမ်စေကာ ပိုမိုကောင်းမွန်လှပသော ဘဝများကိုရရှိနိုင်ပါတယ်။