Straight Forward by Shoon Naing

EP 003: ဝိသမလောကသား


Listen Later

ဝိသမလောဘနဲ့ မျက်စိမှားနေကြပြီလား။ တကယ်က ဝိလို့ခေါ်ကြတဲ့ ဆေးခြောက်ကို သမကြတဲ့ လောကအကြောင်းကို တင်ဆက်မယ့်အပိုင်းပါ။ ဒါ့အပြင် တစ်ချိန်ကမြန်မာပြည်မှာ မိတ်ဆွေတို့ ဝယ်ယူစားသုံးခဲ့ကြတဲ့ “သင့်ရဲ့ပုံမှန်မဟုတ်သောချော့ကလက်ကိတ်မုန့်” ဖြစ်လာပုံကိုလည်း အလွမ်းပြေနားဆင်ကြရမှာဖြစ်ပါတယ်။

ဒီအစီအစဉ်မှာတင်ဆက်တဲ့အကြောင်းအရာတွေက မူးယစ်ထုံထိုင်းစေတဲ့အရာတွေနဲ့ပတ်သက်ပြီး လူတစ်ဦးချင်းစီတွေရဲ့ တွေ့ကြုံခံစားရပုံတွေနဲ့ ဖြတ်သန်းမှုကို မှတ်တမ်းတင်တဲ့ ပုံစံဖြစ်ပါတယ်။ ဒါ့ကြောင့်နားဆင်ကြသူတွေအနေနဲ့ မိမိတို့ရဲ့ပုဂ္ဂလဆင်ခြင်တုံတရားနဲ့ ယှဉ်ထိုးစဉ်းစား ဆုံးဖြတ်ကြရမှာဖြစ်ကြောင်း အစီစဉ်မှူးရွှန်းနိုင်က ရှင်းလင်းထားပါတယ်။

ဒီလိုအကြောင်းအရာတွေ တင်ဆက်နိုင်ဖို့ အချိန်အတော်ကြာ သုတေသနပြုတာ၊ အတွေ့အကြုံ ဝေမျှပေးမယ့် မိတ်ဆွေတွေနဲ့ ယုံကြည်မှု တည်ဆောက်တာ၊ တည်းဖြတ်တာ စတာတွေ အားလုံးပြီးမှ မိတ်ဆွေတို့ နားဆင်နိုင်တဲ့ Podcast တစ်ပုဒ်ဖြစ်လာပါတယ်။ Like, Subscribe, Share လုပ်ပေးခြင်းဖြင့် Burma Podcast Network မှ နောက်ထပ်အပိုင်းများ ထုတ်လုပ်နိုင်ဖို့ ကူညီနိုင်ပါတယ်။

Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

⁠⁠https://linktr.ee/burmapodcastnetwork⁠

...more
View all episodesView all episodes
Download on the App Store

Straight Forward by Shoon NaingBy Burma Podcast Network