၁၄၅/၅၀၅ ထောင်မှတ်စု

EP002: ၂၀၂၁ ရဲ့မတ်လမှာ


Listen Later

၁၄၅/၅၀၅ ထောင်မှတ်စု

အပိုင်း ၂ - ၂၀၂၁ ရဲ့မတ်လမှာ


အဲ့ဒီနှစ်ရဲ့ အစောပိုင်းလတွေမှာ လူတွေဟာ လမ်းပေါ်မှာတရုန်းရုန်းနဲ့ ရာဘာကျည်ကနေ ဗုံးသီးတွေအထိ ကြံ့ကြံ့ခံခဲ့ကြတယ်။


တောင့်ခံနေရင်းနဲ့ ခုမြင် ခုပျောက် ဖြစ်သွားသူတွေ၊ ဘယ်တော့မှ ပြန်မဆုံတော့မယ့် အထိအတွေ့ အမူအရာတွေ၊ လွင့်စင်သွားတဲ့ ဘဝတွေများခဲ့တယ်။ ဒီဘဝတွေထဲမှာ စာရေးဆရာရဲ့ ဘဝခဏခဏ‌ တွေထဲက ကိုယ်ပိုင်ဖြစ်တည်မှုတစ်ခုလည်း ပါသွားတယ်။ မတရားမှုကို ရှိသမျှအားနဲ့ ကန်ဖြိုရင်း အဖမ်းခံလိုက်ရတဲ့ ဘဝဖြစ်ရပ်တစ်ခု။


၂၀၂၁ ရဲ့မတ်လမှာ သူ့ဘဝက သီချင်းစာသားတစ်ခုထဲကလိုမျိုး ရာဇဝင်ပြောင်းခဲ့ပြီပေါ့။


အနုပညာသမားတစ်ယောက်ရဲ့ အဖမ်းခံရတဲ့အခန်းနဲ့ စစ်ကြောရေးငရဲခန်းကအသံတွေကို အခုအပိုင်းမှာ အကြမ်း အတွေး များစွာနဲ့ ခံစားကြားသိကြရမှာဖြစ်ပါတယ်။

ဇာတ်ညွှန်း - MYP

ဇာတ်ကြောင်းပြော - မင်းခေါင်

Illustration by Wooh

Produced by Burma Podcast Network

Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

⁠⁠https://linktr.ee/burmapodcastnetwork⁠

...more
View all episodesView all episodes
Download on the App Store

၁၄၅/၅၀၅ ထောင်မှတ်စုBy Burma Podcast Network