Sign up to save your podcasts
Or

မြန်မာနိုင်ငံမှာ စနစ်ဆိုးတွေကြောင့် နိုင်ငံရေးအကျဉ်းကျ ထောင်ဇာတ်လမ်းတွေဟာ ခေတ်အဆက်ဆက် မပြီးမစီးနိုင်ရှိနေတယ်။ စာအုပ်စာပေ၊ အသံစာအုပ်၊ ဇာတ်ကား၊ မှတ်တမ်းရုပ်ရှင် စသဖြင့် နယ်ပယ်စုံကလည်း နည်းအမျိုးမျိုးနဲ့ မှတ်တမ်းပြုကြတယ်။ ထောင်ဆိုတာ အပြစ်ကြွေးဆပ်ရာနေရာ၊ ဘဝတက္ကသိုလ် စသဖြင့် တင်စားကြတယ်ဆိုပေမဲ့ မတရားသဖြင့် အကျဉ်းကျရသူများအတွက်ကတော့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ငရဲခံကြရပါတယ်။ ကိုယ်တစ်သက်လုံး သတိကြီးကြီးထား ရှောင်ရှားလာခဲ့တဲ့၊ ကိုယ်မဖြစ်ချင်တဲ့ ဇာတ်ကောင်တစ်ကောင်အဖြစ် ကိုယ့်ကိုယ်ကိုမွေးမြူပြီး ရှင်သန်ရေးအတွက် မာန်သွင်းရပုံတွေဟာ သူတို့ရဲ့နဂိုစိတ်ကို ဆိုးဆိုးဝါးဝါးထိခိုက်စေပါတယ်။ မြန်မာနိုင်ငံအကျဉ်းထောင်စနစ်လိုမျိုး မတရားမှုကိုတွန်းလွန်သူတွေကို ဖိနှိပ်ကွပ်ညှပ်ဖို့ ရည်ရွယ်ချက်ရှိရှိ ယန္တရားတစ်ခုအဖြစ် အသုံးချရာနေရာတွေဆိုရင် အဝီစိရဲ့အောက်ထပ်လိုပါပဲ။ ဒါပေမဲ့ ဖိနှိပ်ခံတွေမှာလည်း တိုက်ပွဲပုံစံမျိုးစုံရှိပြန်တယ်။ ငရဲကိုအံတုတာပေါ့။ ဒီအပိုင်းဟာ အဲ့လိုအဖြစ်ပျက်တွေထဲက ပုံစံတစ်ခုကို တင်ဆက်ထားတာဖြစ်ပါတယ်။
အခုကြားကြရမှာ ၁၄၅/ ၅၀၅ ထောင်မှတ်စု အပိုင်း ၃ ဖြစ်ပါတယ်။ ဒီအစီအစဉ်က မြန်မာ့ထောင်တွင်း မတရားမှုတွေကို အနုပညာအားဖြင့် တစ်နည်း အသံအားဖြင့် မှတ်တမ်းတင်တဲ့ လူ့အဖွဲ့အစည်းရဲ့ နောက်ထပ်အားထုတ်မှုတစ်ခုလည်းဖြစ်ပါတယ်။ မိတ်ဆွေတို့ကြားဖူးနေကျ ထောင်ဇာတ်လမ်းများနဲ့ တူသလိုလိုကွဲပြားတဲ့ တူကွဲပြားဇာတ်လမ်းတစ်ခုဖြစ်မှာပါ။ ကွဲပြားဆို စာရေးသူကလည်း တမူထူးခြားတဲ့ ခံစားချဉ်းကပ်မှုရှိတာကိုး။
ကိုင်း အရေးအသား အပြောအဆို ကွက်တိနီးပါးကျတဲ့ MYP၊ မင်းခေါင်၊ BPN တို့ရဲ့ ရသပိုင်းဆိုင်ရာဖန်တီးထုတ်လုပ်မှုတစ်ပုဒ်ကို နားအရသာခံစားနိုင်ပါပြီ။
ဇာတ်ညွှန်း - MYP
ဇာတ်ကြောင်းပြော - မင်းခေါင်
Illustration by Wooh
Produced by Burma Podcast Network
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
https://linktr.ee/burmapodcastnetwork
By Burma Podcast Networkမြန်မာနိုင်ငံမှာ စနစ်ဆိုးတွေကြောင့် နိုင်ငံရေးအကျဉ်းကျ ထောင်ဇာတ်လမ်းတွေဟာ ခေတ်အဆက်ဆက် မပြီးမစီးနိုင်ရှိနေတယ်။ စာအုပ်စာပေ၊ အသံစာအုပ်၊ ဇာတ်ကား၊ မှတ်တမ်းရုပ်ရှင် စသဖြင့် နယ်ပယ်စုံကလည်း နည်းအမျိုးမျိုးနဲ့ မှတ်တမ်းပြုကြတယ်။ ထောင်ဆိုတာ အပြစ်ကြွေးဆပ်ရာနေရာ၊ ဘဝတက္ကသိုလ် စသဖြင့် တင်စားကြတယ်ဆိုပေမဲ့ မတရားသဖြင့် အကျဉ်းကျရသူများအတွက်ကတော့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ငရဲခံကြရပါတယ်။ ကိုယ်တစ်သက်လုံး သတိကြီးကြီးထား ရှောင်ရှားလာခဲ့တဲ့၊ ကိုယ်မဖြစ်ချင်တဲ့ ဇာတ်ကောင်တစ်ကောင်အဖြစ် ကိုယ့်ကိုယ်ကိုမွေးမြူပြီး ရှင်သန်ရေးအတွက် မာန်သွင်းရပုံတွေဟာ သူတို့ရဲ့နဂိုစိတ်ကို ဆိုးဆိုးဝါးဝါးထိခိုက်စေပါတယ်။ မြန်မာနိုင်ငံအကျဉ်းထောင်စနစ်လိုမျိုး မတရားမှုကိုတွန်းလွန်သူတွေကို ဖိနှိပ်ကွပ်ညှပ်ဖို့ ရည်ရွယ်ချက်ရှိရှိ ယန္တရားတစ်ခုအဖြစ် အသုံးချရာနေရာတွေဆိုရင် အဝီစိရဲ့အောက်ထပ်လိုပါပဲ။ ဒါပေမဲ့ ဖိနှိပ်ခံတွေမှာလည်း တိုက်ပွဲပုံစံမျိုးစုံရှိပြန်တယ်။ ငရဲကိုအံတုတာပေါ့။ ဒီအပိုင်းဟာ အဲ့လိုအဖြစ်ပျက်တွေထဲက ပုံစံတစ်ခုကို တင်ဆက်ထားတာဖြစ်ပါတယ်။