Fmaj7 - Produced by Burma Podcast Network

EP015: ပန်းချီကားတွေထဲက မြောလွင့်နေတဲ့ဂီတ Impressionism


Listen Later

အနုပညာရပ်တွေဟာလည်း လောကနိယာမအတိုင်း တစ်ခုနဲ့တစ်ခု ဆက်စပ်တည်ရှိနေကြပါတယ်။ အနုပညာဆိုင်ရာအကျုံးဝင်တဲ့ ဂီတဖြစ်ဖြစ်၊ ပန်းချီဖြစ်ဖြစ်၊ ကဗျာစာပေပဲဖြစ်ဖြစ် နဂိုကနေ ဆန်းသစ်တီထွင်ပြီး တိုးတက်ဖြစ်ပေါ်လာတဲ့အခါ လောကအတွက် အကျိုးများလှတယ်။ တစ်ဖက်မှာလည်း ဝေဖန်ရေးလုပ်သူတွေက ဆန်းသစ်လာတဲ့ အနုပညာလှုပ်ရှားမှုတွေကို ခေါင်းစဉ်တပ်စောကြောကြရာကနေ ဘယ်အစ်ဇင်၊ ညာအစ်ဇင်၊ ဘယ့်နှယ့် ညဲ့နှယ့်ဝါဒတွေ ပိုင်းခြားဖြစ်ပေါ်လာရပါတော့တယ်။

အနုပညာလှုပ်ရှားမှု ဒါမှမဟုတ် ဝါဒ၊ ဝါဒီတွေအကြောင်း ခေတ်အလိုက်ဆွဲထုတ်ပြီး Fmaj7 ကတင်ဆက်လာတာ အခုဆိုရင် “Impression - အင်ပရက်ရှင်း” ခေတ်ကိုရောက်လာပြီဖြစ်ပါတယ်။ အဲ့ဒီခေတ်ဟာ ပန်းချီပညာရပ်ကနေ အစပြုတာဆိုတော့ “ပန်းချီကားတွေထဲက မြောလွင့်နေတဲ့ဂီတ အင်ပရက်ရှင်နစ်ဇင်” ဆိုပြီး ဂီတရေစီးကြောင်းကို မာကျူရီက ခေါင်းစဉ်တပ်ပါတယ်။ အခုအပိုင်းမှာ ထုံးစံအတိုင်း သူ့ရဲ့ လက်တံရှည်ရှည်နဲ့ ကြိုးစားမျှဝေထားတဲ့ ၂၀ ရာစုအစောပိုင်း ပန်းချီ၊ ဂီတ ဆက်စပ်လှုပ်ရှားမှုတွေအပြင် ဂီတဆိုင်ရာသီဝရီတွေ၊ အနောက်တိုင်း မဟာဂီတသီချင်းကြီးတွေကိုလည်း နားဆင်သူတွေ နားကြောစိမ့်စိမ့် ကြားသိကြရမှာဖြစ်ပါကြောင်း။

ဒီလိုအကြောင်းအရာတွေ တင်ဆက်နိုင်ဖို့ အချိန်အတော်ကြာ သုတေသနပြုတာ၊ အတွေ့အကြုံ ဝေမျှပေးမယ့် မိတ်ဆွေတွေနဲ့ ယုံကြည်မှု တည်ဆောက်တာ၊ တည်းဖြတ်တာ စတာတွေ အားလုံးပြီးမှ မိတ်ဆွေတို့ နားဆင်နိုင်တဲ့ Podcast တစ်ပုဒ်ဖြစ်လာပါတယ်။ Like, Subscribe, Share လုပ်ပေးခြင်းဖြင့် Burma Podcast Network မှ နောက်ထပ်အပိုင်းများ ထုတ်လုပ်နိုင်ဖို့ ကူညီနိုင်ပါတယ်။

Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

⁠⁠https://linktr.ee/burmapodcastnetwork⁠

...more
View all episodesView all episodes
Download on the App Store

Fmaj7 - Produced by Burma Podcast NetworkBy BurmaPodcastNetwork