Sign up to save your podcasts
Or

Burma Podcast Network အနေနဲ့ Famj7 ကို ကမ္ဘာမြေအတွက်လိုအပ်တဲ့ ဂီတဓါတ်ကို ဖြည့်ဆည်းဖို့တင်ဆက်လာတာ အခုဆိုရင် သင်္ကြန်အထူးထုတ်တစ်ပုဒ်အပါအဝင် စုစုပေါင်း (၁၈) ပုဒ် ရှိခဲ့ပြီဖြစ်ပါတယ်။ Famj7 ဟာ BPN ရဲ့ ကနဦးအစီစဉ်တွေထဲက တစ်ခုဖြစ်ပြီး ဂန္ဓဝင်ဂီတနဲ့ ဂီတဆိုင်ရာ နောက်ခံအကြောင်း၊ အနုပညာရပ်တချို့အကြောင်းကို အဓိကတင်ဆက်ခဲ့ပါတယ်။ အစီအစဉ်တင်ဆက်သူ ကိုမာကျူရီ (Mercury) ရဲ့ ဂီတသုတေသနတွေ၊ BPN ရဲ့ ထုတ်လုပ်တင်ဆက်မှုတွေအပြင် အားပေးနားဆင်ကြသူ မိတ်ဆွေအပေါင်းဟာလည်း Fmaj7 ကိုတည်ရှိနေစေတဲ့အရာတွေ ဖြစ်ပါတယ်။ ဒီအတွက်လည်း အစဉ်ဆက် အားပေးခဲ့ကြသူ မိတ်ဆွေများနဲ့ ကိုမာကျူရီကို အထူးကျေးဇူးတင်ရှိပါတယ်။
အနောက်တိုင်းရဲ့ ဂန္ဓဝင်ဂီတဟာ ရာစုနှစ်တွေ အများကြီး ရှင်သန်တည်တံ့နေတယ်။ ဒါပေမဲ့ ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစုအစလောက်မှာ ဂန္ဓဝင်ဂီတကိုအခြေခံတဲ့ အာဖရိကန်-အမေရိကန်နွယ်ဝင် ဂီတအမျိုးစားတစ်ခု ခေတ်စားခဲ့ပါတယ်။ အခုမာကျူရီတင်ဆက်မယ့် ရဂ်တိုမ်း (Ragtime) ဂီတပါ။ အဲ့ဒီဂီတအမျိုးစားက လူသိများလှတဲ့ ကမ္ဘာကျော် ဂျက်ဇ် (Jazz) ဂီတကို ကူးလူးဆက်နွယ်စေခဲ့တဲ့ဂီတ ဖြစ်ပါတယ်။ အမေရိကားမှာ အခြေတည်ခဲ့တဲ့ ရဂ်တိုမ်းဟာ ဂန္ဓဝင်ဂီတအခြေခံတယ်ဆိုပေမဲ့ သီခြားလက္ခဏာတွေရှိပြီး အခုလက်ရှိခေတ်စားနေတဲ့ ဂီတရေစီးကြောင်းပုံစံကို ပြောင်းလဲလာစေခဲ့တဲ့ ဂီတသမိုင်းဆိုင်ရာ အချိုးကွေ့ကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သမိုင်းဆိုင်ရာ အမှောင်ခြမ်းတွေကလည်း တပြုံကြီးပါပဲ။ ဒါတွေကို မာကျူရီက ထုံးစံအတိုင်း သမိုင်းနောက်ခံအခြေအနေတွေနဲ့ ဆက်စပ်ပြောပြထားပါတယ်။
ရဂ်တိုမ်းခေတ်နဲ့အပြိုင် အနောက်တိုင်းဂန္ဓဝင်ဂီတအမျိုးအစားတွေက မာကျူရီရှေ့အပိုင်းမှာ တင်ဆက်ခဲ့တဲ့ ဂန္ဓဝင်ဂီတသစ် (Modern Classical) ပုံစံနဲ့ လက်ရှိထိ ဆက်သွားနေဆဲဖြစ်ပါတယ်။ ရဂ်တိုမ်းဟာ ဂန္ဓဝင်ဂီတစာရင်းသွင်းမခံခဲ့ရတာကြောင့် အမေရိကန်ဦးဆောင်တဲ့ ပေါ်ပြူလာဂီတ (Popular Music) တွေထဲပါသွားပြီး Jazz, Blues, R&B စတဲ့ ကိုယ်ပိုင်ဟန်ဂီတသစ်တွေကို မျိုးစေ့ချပေးနိုင်ခဲ့တယ်။ ရဂ်တိုမ်းခေတ်ရောက်တဲ့ ဒီအပိုင်းမှာ BPN နဲ့ မာကျူရီတို့ ထုတ်လုပ်တဲ့ ဂန္ဓဝင်ဂီတဆိုင်ရာပေါ့ကတ်စ်တွေက ပြီးဆုံးသွားပြီဖြစ်ပါတယ်။ သို့သော် နားဆင်သူမိတ်ဆွေများအတွက် ဝမ်းမြောက်ဖွယ်သတင်းတစ်ခု ပြောချင်တာက ကိုမာကျူရီရဲ့ ကိုယ်တိုင်ဖန်တီးထားတဲ့ သီချင်းတွေကို သူ့ရဲ့ကိုယ်ပိုင်ပလက်ဖောင်းတွေမှာ နားဆင်နိုင်တော့မှာပါ။ BPN အနေနဲ့လည်း လက်ရှိမှာထုတ်လုပ်ဆဲဖြစ်တဲ့ ရုပ်ရှင်၊ အရှေ့တိုင်း၊ အနောက်တိုင်း ဂီတနဲ့ အနုပညာဆိုင်ရာအစီစဉ်သစ်တွေကို လာမယ့် လပိုင်းတွေမှာ ချပြသွားမှာဖြစ်ကြောင်း သတင်းကောင်းမျှလိုက်ပါတယ်။
ခုနောက်ဆုံးအပိုင်းထဲမှာ အထူးခြားဆုံးကတော့ မိတ်ဆွေများအတွက် ကိုမာကျူရီကိုယ်တိုင်ဖန်တီးထားတဲ့ ဂီတလက်ရာတချို့ကိုပါ မေတ္တာလက်ဆောင်အဖြစ် ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။ နားဆင်ရမယ့် သီချင်းကတော့ ၂၀၂၃ ခုနှစ်မှာ ကိုမာကျူရီ ဖန်တီးထားပြီး Cinematic Orchestral Score သီချင်းအမျိုးအစားဖြစ်တဲ့ သီချင်းနာမည် Drowning in the Shadow ဖြစ်ပါတယ်။
မိတ်ဆွေများအားလုံး စိတ်ဓါတ်ခိုင်ကြည်စွာ ကျန်းမာကြပါစေ။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
https://linktr.ee/burmapodcastnetwork
By BurmaPodcastNetworkBurma Podcast Network အနေနဲ့ Famj7 ကို ကမ္ဘာမြေအတွက်လိုအပ်တဲ့ ဂီတဓါတ်ကို ဖြည့်ဆည်းဖို့တင်ဆက်လာတာ အခုဆိုရင် သင်္ကြန်အထူးထုတ်တစ်ပုဒ်အပါအဝင် စုစုပေါင်း (၁၈) ပုဒ် ရှိခဲ့ပြီဖြစ်ပါတယ်။ Famj7 ဟာ BPN ရဲ့ ကနဦးအစီစဉ်တွေထဲက တစ်ခုဖြစ်ပြီး ဂန္ဓဝင်ဂီတနဲ့ ဂီတဆိုင်ရာ နောက်ခံအကြောင်း၊ အနုပညာရပ်တချို့အကြောင်းကို အဓိကတင်ဆက်ခဲ့ပါတယ်။ အစီအစဉ်တင်ဆက်သူ ကိုမာကျူရီ (Mercury) ရဲ့ ဂီတသုတေသနတွေ၊ BPN ရဲ့ ထုတ်လုပ်တင်ဆက်မှုတွေအပြင် အားပေးနားဆင်ကြသူ မိတ်ဆွေအပေါင်းဟာလည်း Fmaj7 ကိုတည်ရှိနေစေတဲ့အရာတွေ ဖြစ်ပါတယ်။ ဒီအတွက်လည်း အစဉ်ဆက် အားပေးခဲ့ကြသူ မိတ်ဆွေများနဲ့ ကိုမာကျူရီကို အထူးကျေးဇူးတင်ရှိပါတယ်။