Arakan Sagawar

Episode - 32 (2022) Rohingya version


Listen Later

Arakan Sagawar

Rakhine State's News-You-Can-Use Talk Show. A weekly curated news and talk radio program and podcast with episodes in Rohingya and Rakhine languages. The show promotes social cohesion and reconciliation in Rakhine State, creating a space for dialogue on ethnic and religious diversity.

ရခိုင်ပြည်နယ်ရဲ့  News-You-Can-Use Talk Show အပတ်စဥ်သတင်းအစီအစဥ်၊ စကားပြောရေဒီယိုအစီအစဥ်နဲ့ အသံ podcast တွေကို ရိုဟင်ဂျာ၊ ရခိုင်ဘာသာစကား ၂ မျိုးနဲ့ တင်ဆက်ထားတာ ဖြစ်ပါတယ်။

ဒီတပတ်မှာတော့

- စစ်ကောင်စီတပ်က တိုက်လေယဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေရှ့်ရှိ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာတစ်ဦးသေ ငါးဦးဒဏ်ရာရ 

- လက်နက်ကြီးကျည်ကြောင့် ရိုဟင်ဂျာတွေ သေဆုံးဒဏ်ရာရမှု စစ်ကောင်စီနဲ့ အေအေ အပြန်အလှန်စွပ်စွဲ

- ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ လက်နက်ကြီးကျည်ကျရောက်မှု မြန်မာသံအမတ်ကြီးကို ၄ ကြိမ်မြောက်ဆင့်ခေါ်သတိပေး

- အဆုံးဖြတ်တိုက်ပွဲ အချိန်ကျရောက်ပြီဟု  AA ဒု- စစ်ဦးစီးချုပ်ပြော 

- ရခိုင်စစ်ရေးတင်းမာမှုနဲ့အတူ ရသေ့တောင်မြို့အဝင်အထွက်ကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိပိတ် 

- စစ်ကောင်စီက ဆက်သွယ်ရေးထပ်မံဖြတ်တောက်ထားလို့ ပလက်ဝမှာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက် 

- ပုသိမ်ရွှေသောင်ယံကမ်းခြေမှာ ရိုဟင်ဂျာ ၃၁ ဦး အဖမ်းခံရ 

- ဒီပဲယင်းမှာ လေကြောင်းကနေပစ်ခတ်ခံရပြီးတစ်ရက်အတွင်း ကလေးငယ်တွေအပါအဝင် အရပ်သား ၁၃ ဦးထိ သေဆုံးမှုရှိလာ 

- ကုလညီလာခံမှာ မြန်မာပြည်သူတွေနဲ့ တစ်သွေးတည်း ရပ်တည်ပြောဆိုမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော 

- ကလေးဝမြို့နယ်ရှိ ရဲစခန်းအား ဝင်ရောက်တိုက်ခိုက် ရဲ ၇ ဦး သေဆုံး၊ လက်နက်များသိမ်းဆည်းရရှိ

- စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရ 

- ကိုဗစ်ဖြစ်ပွားမှု ပြန်လည်မြင့်တက်၊ အသေအပျောက်ရှိလာ 

- ဗြိတိန်ဘုရင်မကြီး နိုင်ငံတော် ဈာပနအခမ်းအနားပြီးဆုံး 

- စူပါတိုင်ဖွန်းမုန်တိုင်းကြောင့် ဂျပန်က လူကိုးသန်းကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ ညွှန်ကြားထားတဲ့သတင်းနဲ့

- ယူကရိန်းကို ဆက်လက်ကူညီသွားမယ်လို့ ထိုင်ဝမ်သမ္မတပြောကြားလိုက်တဲ့သတင်း အပါအဝင် ပြည်တွင်းပြည်ပသတင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။ 


...more
View all episodesView all episodes
Download on the App Store

Arakan SagawarBy Rakhine State Youth