AskAlex

Facebook က Reach တွေချပစ်တာ ဘာလို့လဲ..?


Listen Later

Q: Facebook ကနေ တချို့ရက်တွေမှာ Reach တွေချချပစ်တာ ဘာလို့လဲရှင့် တခါတလေ Page မှာ Post တင်ခါနီး တခြား Page ရဲ့အခြေအနေကို ကြည့်ပြီးမှဘဲ တင်လို့အဆင်ပြေတယ်။

A: တချို့ရက်တွေမှာ Reach ချပစ်တာထက်စာလို့ရှိရင် ကျွန်တော်မြင်တာကတော့ တချို့ရက်တွေမှာ လူတွေ မသုံးတာ ဖြစ်ဖို့များတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေကလည်း ကျွန်တော်တို့ ဒီကာလမှာကျတော့ အမြဲတမ်းသုံးနိုင်ဖို့ အတွက်က Chance မရှိဘူးလေ၊ အရင်တုန်းကလောက်တော့ Data ဖိုးတွေ ပိုက်ဆံရှာတဲ့ဟာတွေက ပေါများမနေဘူး ဆိုတော့ကျတော့ ဒီရက်ပိုင်းမှာ ကျွန်တော်လည်း သတိထားမိပါတယ်       Facebook         ရဲ့ Daily  User Based က ကျတယ် ကျတတ်တယ်  ဘာလို့လဲ ဆိုတော့ အဲ့တာကတော့ လူတွေကမေးရပါမယ် ဘာလို့ မသုံးကျလဲပေါ့နော် အဲ့တော့မှ တချို့သောအခြေအနေတွေမှာ ဥပမာ ကျွန်တော်တို့ Political၊ national issues  တွေကြောင့် ကျွန်တော်တို့လူတွေက Facebook မသုံးကြတော့ဘဲ တခြားသော Platform တစ်ခုခုပြောင်းသုံးနေတဲ့ ဟာမျိုးတွေလည်း အများကြီး ဖြစ်နိုင်တာကို ဒါမှမဟုတ်ရင်လည်း လုံးဝကြီး ကျွန်တော်တို့ Digital ကိုမသုံးတော့ တာလည်း ဖြစ်နိုင်တာပေါ့ (အဲ့ရက်တွေမှာပြောပါတယ်) ဆိုတော့ အဲ့လိုမျိုးတွေကြောင့် Facebook မှာ ကျွန်တော်တို့ တစ်ချို့ရက်တွေမှာ Reach ကရောက်သင့်သလောက်မရောက်တာလည်း ဖြစ်နိုင်တယ်။ နောက်တစ်ခုကကျတော့ ကျွန်တော်တို့ဖြစ်နိုင်တာတစ်ခုက ကျွန်တော်ရဲ့ Facebook Post တွေထဲမှာ Facebook က မကြိုက်တဲ့ Community  Standard နဲ့ ငြိနေနိုင်တဲ့ စကားလုံးတွေပါ နေနိုင်တာလည်း ဖြစ်နေနိုင်ပါတယ် ဆို‌တော့ အဲ့ဒီဟာကိုလည်း ကျွန်တော်တို့က ဂရုစိုက်ရပါမယ်။ အဲ့တာကတော့ ကျွန်တော်အဓိကမြင်တဲ့ အကြောင်းအရာတွေပါ။

...more
View all episodesView all episodes
Download on the App Store

AskAlexBy Alex Khine