Summer Kites

ဂျပုရဲ့မိန့်ခွန်း - မောင်ဖီလာ


Listen Later

Collab series "X" ရဲ့ track no. 13 ပါ။ ဆရာမောင်ဖီလာရဲ့ ဂျပုရဲ့မိန့်ခွန်း ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ Hein Tay Za ဖြစ်ပါတယ်။

Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် [email protected] ကို အသံ sample file ပို့လို့ရပါတယ်

-----

ဂျပုရဲ့မိန့်ခွန်း (မောင်ဖီလာ)

သူ မိန့်ခွန်းပြောနေတယ် . . .။

ခွေးပါးစပ်ထဲ ဝါးလုံးခြောက်ထိုးထည့်ပြီး ခလောက်နေသလို
သူ မိန့်ခွန်းပြောနေတယ် . . .။
မီးလောင်သလို အခန်းထဲပတ်ပြေးနေတဲ့
နှိုးစက်သံအတိုင်း သူ မိန့်ခွန်းပြောနေတယ် . . .။
သူ့မိန့်ခွန်းပြောသံကို ငါ ဆောင့်နင်းချလိုက်တယ် . . .။
သူ့မိန့်ခွန်းပြောသံဟာ ချာလပတ်လည်ထွက်သွားပြီး
နိုင်ငံတော်အလံရှေ့မှာ မှောက်လျက်လဲသွားတယ်. . .။
မိန့်ခွန်းပြောသံဟာ နိုင်ငံတော်အလံကို မော့ကြည့်တယ် . . .။
ဒီအလံတော်ကို သူ မကြည်ညိုခဲ့ဘူး
သူတို့ကိုယ်တိုင်အသွင်ပြောင်းထားတဲ့ ဒီစပ်ဖြဲဖြဲအလံကို သူ မလေးစားဘူး။
မိန့်ခွန်းပြောသံဟာ ကယိမ်းကယိုင် မတ်တတ်ထရပ်တယ်
တဆတ်ဆတ်တုန်ယင်နေတဲ့ ဒူးဆစ်တွေနဲ့ မတ်တတ်ထရပ်တယ် . . .။
မိန့်ခွန်းပြောသံဟာ ဘေးဘီဝဲယာကို စောင်းကြည့်တယ် . . .။
နယ်ဆင်မင်ဒဲလားရဲ့ မိန့်ခွန်းပြောသံ
ချေဂွေဗားရားရဲ့ မိန့်ခွန်းပြောသံ
အေဗရာဟင်လင်ကွန်းရဲ့ မိန့်ခွန်းပြောသံ
ဖီဒယ်ကက်စထရိုရဲ့ မိန့်ခွန်းပြောသံ
မဟတ္တမဂန္ဒီရဲ့ မိန့်ခွန်းပြောသံ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းပြောသံ
အဲ့ဒီအသံတွေဟာ သူ့ရှေ့မှာ မားမားမတ်မတ်ရပ်နေကြတယ် . . .။
ဂျပုရဲ့ မိန့်ခွန်းပြောသံဟာ
အဲဒီမိန့်ခွန်းတွေကို သိမ်ငယ်တဲ့မျက်လုံးတွေနဲ့ ငေးကြည့်နေတယ်။
မိန့်ခွန်းပြောသံထဲ သပိတ်တပ်တွေ ချီတက်ပြီး ဝင်သွားတယ်။
မိန့်ခွန်းပြောသံက သံဆူးကြိုးခွေတွေ ထွေးထုတ်လိုက်တယ်။
ပေါက်ပြဲ ရိကျနေတဲ့ မိန့်ခွန်းပြောသံ
ကျည်ဆံပူပူတွေကို ငုံထားတဲ့ မိန့်ခွန်းပြောသံ
မိန့်ခွန်းပြောသံထဲက သံချပ်ကာကားကြီးတွေ လွင့်ထွက်လာတယ်။
အမေရိကန် သူကြွယ်မလေး ကီကီဟာ
သူ့ကလေးတွေကို အိပ်ရာဝင်ပုံပြင်ပြောပြနေချိန်မှာ
ကွန်ဒိုလီဇာရိုက်ဟာ တစ်ကမ႓ာလုံးကို မိန့်ခွန်းပြောနေခဲ့တယ်။
ငါတို့ဆီက ဂျပုကလည်း ငါတို့နိုင်ငံကို မိန့်ခွန်းပြောနေခဲ့တယ်။
သူ မိန့်ခွန်းပြောနေချိန်မှာ အထည်ချုပ်စက်ရုံက အလုပ်သမကလေးရီရီဟာ
မှောင်ရိပ်က လမ်းကြားထဲမှာ သူ့ခန္ဓာအတွက် စျေးစကားပြောနေရတယ်။
မိန့်ခွန်းပြောသံဟာ ငါတို့ပခုံးပေါ် တက်ရပ်နေတယ်။
ဒီမိန့်ခွန်းဟာ ငါတို့အတွက်ဝန်ထုပ်ဝန်ပိုးပဲ။
ဒီမိန့်ခွန်းဟာ ငါတို့အတွက် ထမင်းသိုး ဟင်းသိုးတွေပဲ
အဲဒီမိန့်ခွန်းပြောသံဟာ ဆယ့်နှစ်နာရီထိုးဖို့ တစ်လက်မအလိုမှာ
ရေအိမ်ကြွေခွက်ထဲ
မစင်တစ်တုံးကို ညှစ်ချလိုက်တဲ့အတိုင်း
ဂျပုရဲ့ လည်ချောင်းထဲ
ခွေးဝဲစားတစ်ကောင်လို အမြှီးနှံ့ပြီး ပြေးဝင်သွားခဲ့တယ် ...။

မောင်ဖီလာ

...more
View all episodesView all episodes
Download on the App Store

Summer KitesBy Summer Kites

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings