Dawei Watch Podcast

ဟာလန်း သို့မဟုတ် တစ်ခြမ်းပဲ့လတစ်စင်း


Listen Later

နော်ဝေ ဟာ စကင်ဒီနေးဗီးယန်းနိုင်ငံတစ်နိုင်ငံပါ။ ဒါပေမဲ့ နော်ဝေ ရေမမြင့်တာက ဘောလုံးရပ်ဝန်းပဲဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါတုန်းက ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားခွင့်ကို ရရှိခဲ့ပေမယ့် ဒီနေ့ ဒီအချိန်မှာတော့ ကမ္ဘာ့အဆင့် ဘောလုံးပြိုင်ပွဲကြီးတွေနဲ့ နော်ဝေ ဝေးကွာနေခဲ့တာဟာ ကာလတစ်ခု ရှိလာခဲ့ပါပြီ။ ဒီအချိန်မှာ နော်ဝေဘောလုံးရပ်ဝန်းဆီက ကမ္ဘာ့အဆင့် လတစ်စင်းထွက်ပေါ်လာခဲ့ပါတယ်။ 


အဲ့ဒီလမင်းကတော့ ဟာလန်း ဆိုတဲ့ လူငယ်လေးပါပဲ။  မက်ဆီဟာ လုံးဝကို ပြီးပြည့်စုံတဲ့ ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့အတွက် နိုင်ငံအဆင့်အောင်မြင်မှုကို မရသေးခင်အချိန်အထိ အဲ့ဒါဟာ သူ့ရဲ့ချို့ယွင်းချက်တစ်ခုပမာ ဝေဖန်ခံခဲ့ရတာပါပဲ။ အခုမှပဲ မက်ဆီဆိုတာ ပြီးပြည့်စုံတဲ့ ကစားသမားတစ်ယောက်လို့ အားလုံးက လက်ခံလာခဲ့ကြတာပါ။ 


ဒါကြောင့်လည်း နိုင်ငံတစ်နိုင်ငံရဲ့ပုံရိပ်ဆိုတာက အရမ်းကို အရေးပါတယ်လို့ သတ်မှတ်ကြတာဖြစ်ပါတယ်။ လက်ရှိဘောလုံးလောကမှာ ထွန်းတောက်လာတဲ့ နော်ဝေသားလေး ဟာလန်း ရင်ဆိုင်ရမယ့်အရေးက အဲ့ဒီအတိုင်းပဲ ဖြစ်လို့နေပါတယ်။

...more
View all episodesView all episodes
Download on the App Store

Dawei Watch PodcastBy Dawei Watch

  • 5
  • 5
  • 5
  • 5
  • 5

5

2 ratings