Sign up to save your podcasts
Or

လူအတော်များများက ဆောင်းရာသီနဲ့ ပတ်သက်လာရင် အမှတ်တရလေးတွေ ကိုယ်စီရှိနေတတ်ကြပါတယ်၊ အခုလို ဆောင်းရာသီမှာ ခရစ်စမတ်နဲ့ နှစ်သစ်ကူးပွဲတော်ကြီးတွေ ရှိနေခြင်းကလည်း အမှတ်တရပေါင်းများစွာကို ကျန်ရစ်စေပါတယ်၊ ဒါတင်မကသေးပါဘူး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ် ဒီဇင်ဘာလ ၃ ရက်နေ့တိုင်း အမျိုးမျိုးသော လှုပ်ရှားမှုတွေနဲ့ ကျင်းပလေ့ရှိကြတာဖြစ်လို့ မသန်စွမ်းသူတွေအတွက်လည်း ဆောင်းရာသီမှာ အမှတ်တရတွေပိုပြီး ရှိနေတတ်ပါတယ်။ ဒါကြောင့် ဆောင်းရာသီချစ်သူများရဲ့ အမှတ်တရ စကားသံများနဲ့အတူ ၂၀၂၁ ကနေ ၂၀၂၂ ကာလ အကူအပြောင်းမှာရှိနေတဲ့ ခံစားချက်တွေကိုပါ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး နားဆင်စေချင်တဲ့အတွက် ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင်က“ဟေမာန်လရဲ့ ရင်ခုန်သံ စကားဝိုင်း” အတွက် ဖိတ်ခေါ်ထားတဲ့ တင်ဆက်သူများကတော့ မောင်ကောင်းထွန်းနဲ့ မိခင် ဒေါ်မိမိခိုင်၊ ကိုဇေမင်းလွင်နဲ့ မတင်နီလာဝင်းတို့ မိသားစု၊ ကိုထွေးပိုင်နဲ့ Wheel-chair Dancer ဟန်လီတို့နဲ့အတူ ခံစားချက်ဖလှယ်ရုံသာမက ကျဘန်းမေးခွန်းတစ်ခုစီနဲ့ ဂိမ်းအစီအစဉ်အပြင် မသန်စွမ်းအသိုက်အဝန်းက ဦးစိုင်းမြတ်မိုး၊ ဒေါ်စိုးမိုးဦး၊ ကိုထင်လင်းအောင်၊ မသင်းထက်စံနဲ့ မလွင်ဝါဝါအောင်တို့ရဲ့ ဆောင်းရာသီအမှတ်တရများကိုလည်း ပြည်သူ့အသံများအဖြစ် ထည့်သွင်းတင်ဆက်ပေးထားပါတယ်။ အပိုင်း(၁)မှာတော့ မတင်နီလာဝင်း၊ ကိုဇေမင်းလွင်နဲ့ ကိုထွေးပိုင်တို့ရဲ့ ရင်ခုန်သံများကို နားဆင်ရမှာဖြစ်ပြီး လာမယ့် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ဒုတိယပိုင်းအနေနဲ့ မောင်ကောင်းထွန်းနဲ့ မိခင်ဖြစ်သူ ဒေါ်မိမိခိုင်အပြင် ဟန်လီတို့ရဲ့ ရင်ခုန်သံများနဲ့ ဂိမ်းအစီအစဉ်များကို အသီးသီးထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် မေတ္တာဖြင့် တေးသီချင်းများကို ပါဝင်တင်ဆက်ပေးခဲ့ကြတဲ့ တေးသံရှင် မနှင်းယုခင်နဲ့ ကိုချမ်းမြေ့အောင်တို့နဲ့ သက်ဆိုင်ရာ တေးရေးဆရာများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။ မိတ်ဆွေတို့အနေနဲ့ ဆောင်းညလေးတစ်ညမှာ တင်ဆက်သူများနဲ့ထပ်တူ ရင်ခုန်ပျော်ရွှင်စွာ ရယ်မောပေါ့ပါးလျှက် နားဆင်နိုင်စေဖို့ အပတ်စဉ် စနေနေ့ည ၇ နာရီတိုင်းမှာ စောင့်မျှော်နားဆင်အားပေးကြဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ရပါတယ်။
နောက်အပတ်မှာ ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊ အကြံဉာဏ်များပေးကြသူများနဲ့ နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို အထူးပဲကျေးဇူးတင်ပါသည်။
မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊ မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း သတင်းကောင်းပေးနိုင်ပါတယ်။ Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက် Myanmar CinemAbility Network ရဲ့ Youtube Channel မှာလည်း သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ် တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး - ၀၉၄၅၀၀၆၇၃၅၂ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှု အသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။
By MCA Networkလူအတော်များများက ဆောင်းရာသီနဲ့ ပတ်သက်လာရင် အမှတ်တရလေးတွေ ကိုယ်စီရှိနေတတ်ကြပါတယ်၊ အခုလို ဆောင်းရာသီမှာ ခရစ်စမတ်နဲ့ နှစ်သစ်ကူးပွဲတော်ကြီးတွေ ရှိနေခြင်းကလည်း အမှတ်တရပေါင်းများစွာကို ကျန်ရစ်စေပါတယ်၊ ဒါတင်မကသေးပါဘူး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ် ဒီဇင်ဘာလ ၃ ရက်နေ့တိုင်း အမျိုးမျိုးသော လှုပ်ရှားမှုတွေနဲ့ ကျင်းပလေ့ရှိကြတာဖြစ်လို့ မသန်စွမ်းသူတွေအတွက်လည်း ဆောင်းရာသီမှာ အမှတ်တရတွေပိုပြီး ရှိနေတတ်ပါတယ်။ ဒါကြောင့် ဆောင်းရာသီချစ်သူများရဲ့ အမှတ်တရ စကားသံများနဲ့အတူ ၂၀၂၁ ကနေ ၂၀၂၂ ကာလ အကူအပြောင်းမှာရှိနေတဲ့ ခံစားချက်တွေကိုပါ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး နားဆင်စေချင်တဲ့အတွက် ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင်က“ဟေမာန်လရဲ့ ရင်ခုန်သံ စကားဝိုင်း” အတွက် ဖိတ်ခေါ်ထားတဲ့ တင်ဆက်သူများကတော့ မောင်ကောင်းထွန်းနဲ့ မိခင် ဒေါ်မိမိခိုင်၊ ကိုဇေမင်းလွင်နဲ့ မတင်နီလာဝင်းတို့ မိသားစု၊ ကိုထွေးပိုင်နဲ့ Wheel-chair Dancer ဟန်လီတို့နဲ့အတူ ခံစားချက်ဖလှယ်ရုံသာမက ကျဘန်းမေးခွန်းတစ်ခုစီနဲ့ ဂိမ်းအစီအစဉ်အပြင် မသန်စွမ်းအသိုက်အဝန်းက ဦးစိုင်းမြတ်မိုး၊ ဒေါ်စိုးမိုးဦး၊ ကိုထင်လင်းအောင်၊ မသင်းထက်စံနဲ့ မလွင်ဝါဝါအောင်တို့ရဲ့ ဆောင်းရာသီအမှတ်တရများကိုလည်း ပြည်သူ့အသံများအဖြစ် ထည့်သွင်းတင်ဆက်ပေးထားပါတယ်။ အပိုင်း(၁)မှာတော့ မတင်နီလာဝင်း၊ ကိုဇေမင်းလွင်နဲ့ ကိုထွေးပိုင်တို့ရဲ့ ရင်ခုန်သံများကို နားဆင်ရမှာဖြစ်ပြီး လာမယ့် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ဒုတိယပိုင်းအနေနဲ့ မောင်ကောင်းထွန်းနဲ့ မိခင်ဖြစ်သူ ဒေါ်မိမိခိုင်အပြင် ဟန်လီတို့ရဲ့ ရင်ခုန်သံများနဲ့ ဂိမ်းအစီအစဉ်များကို အသီးသီးထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် မေတ္တာဖြင့် တေးသီချင်းများကို ပါဝင်တင်ဆက်ပေးခဲ့ကြတဲ့ တေးသံရှင် မနှင်းယုခင်နဲ့ ကိုချမ်းမြေ့အောင်တို့နဲ့ သက်ဆိုင်ရာ တေးရေးဆရာများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။ မိတ်ဆွေတို့အနေနဲ့ ဆောင်းညလေးတစ်ညမှာ တင်ဆက်သူများနဲ့ထပ်တူ ရင်ခုန်ပျော်ရွှင်စွာ ရယ်မောပေါ့ပါးလျှက် နားဆင်နိုင်စေဖို့ အပတ်စဉ် စနေနေ့ည ၇ နာရီတိုင်းမှာ စောင့်မျှော်နားဆင်အားပေးကြဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ရပါတယ်။