Sign up to save your podcasts
Or

ဆောင်းရာသီချစ်သူများရဲ့ အမှတ်တရ စကားသံများနဲ့အတူ ၂၀၂၁ ကနေ ၂၀၂၂ ကာလ အကူအပြောင်းမှာရှိနေတဲ့ ခံစားချက်တွေကိုပါ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး နားဆင်စေချင်တဲ့အတွက် ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင်က“ဟေမာန်လရဲ့ ရင်ခုန်သံ စကားဝိုင်း” ဒုတိယပိုင်းမှာ မောင်ကောင်းထွန်းနဲ့ မိခင် ဒေါ်မိမိခိုင်အပြင် ဟန်လီတို့ရဲ့ ဆောင်းရာသီအမှတ်တရများကို မေးမြန်းထားပြီး မောင်ကောင်းထွန်းရဲ့ မင်္ဂလာဆုတောင်း စောင်းလက်သံကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။ စကားဝိုင်းအဆုံးမသတ်ခင် ဆောင်းရာသီချစ်သူများဖြစ်တဲ့ မောင်ကောင်းထွန်းနဲ့ မိခင် ဒေါ်မိမိခိုင်၊ ကိုဇေမင်းလွင်နဲ့ မတင်နီလာဝင်း၊ ကိုထွေးပိုင်နဲ့ Wheel-chair Dancer ဟန်လီတို့ကို ကျဘန်းမေးခွန်းတစ်ခုစီနဲ့ ဂိမ်းအစီအစဉ်ကိုလည်း ထည့်သွင်းတင်ဆက်ပေးထားပါတယ်။ ဒါ့အပြင် ကိုချမ်းမြေ့အောင်ရဲ့ နှင်းဆိုတဲ့ ကိုယ်ပိုင်တေးသီချင်းသစ်လေးကိုလည်း တပါတည်း ခံစားကြရမှာဖြစ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ ဆောင်းညလေးတစ်ညမှာ စကားဝိုင်းထဲမှာ ကိုယ်တိုင်ပါဝင်နေရသလိုမျိုး တင်ဆက်သူများနဲ့ထပ်တူ ရင်ခုန်ပျော်ရွှင်စွာ ရယ်မောပေါ့ပါးလျှက် နားဆင်နိုင်စေဖို့ အပတ်စဉ် စနေနေ့ည ၇ နာရီတိုင်းမှာ စောင့်မျှော်နားဆင်အားပေးကြဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ရပါတယ်။
နောက်အပတ်မှာ ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊ အကြံဉာဏ်များပေးကြသူများနဲ့ နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို အထူးပဲကျေးဇူးတင်ပါသည်။
မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊ မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း သတင်းကောင်းပေးနိုင်ပါတယ်။ Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက် Myanmar CinemAbility Network ရဲ့ Youtube Channel မှာလည်း သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ် တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး - ၀၉၄၅၀၀၆၇၃၅၂ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှု အသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။
By MCA Networkဆောင်းရာသီချစ်သူများရဲ့ အမှတ်တရ စကားသံများနဲ့အတူ ၂၀၂၁ ကနေ ၂၀၂၂ ကာလ အကူအပြောင်းမှာရှိနေတဲ့ ခံစားချက်တွေကိုပါ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး နားဆင်စေချင်တဲ့အတွက် ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင်က“ဟေမာန်လရဲ့ ရင်ခုန်သံ စကားဝိုင်း” ဒုတိယပိုင်းမှာ မောင်ကောင်းထွန်းနဲ့ မိခင် ဒေါ်မိမိခိုင်အပြင် ဟန်လီတို့ရဲ့ ဆောင်းရာသီအမှတ်တရများကို မေးမြန်းထားပြီး မောင်ကောင်းထွန်းရဲ့ မင်္ဂလာဆုတောင်း စောင်းလက်သံကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။ စကားဝိုင်းအဆုံးမသတ်ခင် ဆောင်းရာသီချစ်သူများဖြစ်တဲ့ မောင်ကောင်းထွန်းနဲ့ မိခင် ဒေါ်မိမိခိုင်၊ ကိုဇေမင်းလွင်နဲ့ မတင်နီလာဝင်း၊ ကိုထွေးပိုင်နဲ့ Wheel-chair Dancer ဟန်လီတို့ကို ကျဘန်းမေးခွန်းတစ်ခုစီနဲ့ ဂိမ်းအစီအစဉ်ကိုလည်း ထည့်သွင်းတင်ဆက်ပေးထားပါတယ်။ ဒါ့အပြင် ကိုချမ်းမြေ့အောင်ရဲ့ နှင်းဆိုတဲ့ ကိုယ်ပိုင်တေးသီချင်းသစ်လေးကိုလည်း တပါတည်း ခံစားကြရမှာဖြစ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ ဆောင်းညလေးတစ်ညမှာ စကားဝိုင်းထဲမှာ ကိုယ်တိုင်ပါဝင်နေရသလိုမျိုး တင်ဆက်သူများနဲ့ထပ်တူ ရင်ခုန်ပျော်ရွှင်စွာ ရယ်မောပေါ့ပါးလျှက် နားဆင်နိုင်စေဖို့ အပတ်စဉ် စနေနေ့ည ၇ နာရီတိုင်းမှာ စောင့်မျှော်နားဆင်အားပေးကြဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ရပါတယ်။