AskAlex

Hotel Page အတွက် ဘယ်လို Content Idea မျိုးတွေ စဉ်းစားသင့်လဲ..?


Listen Later

Q: Hotel အတွက် Page Run ရတာ content အရမ်းရှားတယ် အခြား business တွေနဲ့ယှဉ်ရင် ပိုရှားတယ်လို့ ခံစားရတယ် Promotion ပြောင်းမှသာ content ထပ်ဖန်တီးနိုင်တာ မဟုတ်ရင် ဒီအကြောင်းတွေဘဲထပ်ပြီး ဖန်တရာကြေနေရော၊ ဘယ်လို Content Idea မျိုးတွေ စဉ်းစားသင့်လဲခင်ဗျ။


A: ကျွန်တော့်ကတော့ အကြံပေးချင်တာကတော့ Customer အနေနဲ့ Market မှာ Offlineမှာ တိုက်ရိုက်သွားစကားပြောကြည့်ပါ။ သူတို့ရဲ့ Need တွေ Work တွေ Challenge တွေ ထွက်လာပါလိမ့်မယ်၊ အဲ့ဟာတွေမှာ မူတည်ပြီးတော့မှ ကျွန်တော်တို့က content marketing လုပ်လို့ရတယ်၊ အဲ့ hotel မှာ ဘာကြောင့်လာပြီးနေရတာလဲပေါ့နော် ဥပမာ အဲ့ဒီ hotel က မြို့ထဲနဲ့ နီးလို့၊ အကုန်လုံးနဲ့ accessible ဖြစ်လို့၊ Chill ဖြစ်လို့ ဒါမှမဟုတ်ရင် အပေါ်မှာ Bar ရှိလို့ စတဲ့ဟာတွေ အများကြီးရှိတယ်၊ ဆိုတော့ ဘာကြောင့်လာတာလဲ Why ဆိုတဲ့ဟာကို အရင်ဆုံး Unlock လုပ်ကြည့်ပါ။ Unlock လုပ်မယ်ဆိုရင် အဲ့ဟာနဲ့ ပတ်သက်ပြီးရေးလို့ရတာအများကြီးဘဲ၊ ဘာလို့လာတယ်၊ ဘားအတွက်လာတယ်၊ Chillတယ်‌ဗျာ ရေကူးကန်ရှိတယ်ဆိုရင် အိုကေ ဘားထဲမှာ ကော့တေးဘယ်လိုဖျော်လဲဆိုတဲ့ ပုံစံမျိုးနဲ့ ဟော်တယ်ကို ကြော်ငြာလို့ရတယ်ဗျာ၊ ရေကူးကန်နဲ့ လာတယ်ဆိုရင် ဘယ်လိုမျိုး Chill ကြမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သွားလို့ရတယ်၊ ဥပမာ- အွန်လိုင်းပေါ်က ရေကူးသင်လို့ရတယ်ဗျာ၊ အဲ့လိုမျိုးဆန်ဆန် ပုံစံမျိုးနဲ့ ကျွန်တော်တို့အနီးနားက ပတ်ဝန်းကျင်အ‌ကြောင်းဆိုလို့ရှိရင်လည်း ဒီဟော်တယ်အနီးနားမှာ City Mart မှာ မုန့်သွားဝယ်လို့ရတယ်၊ သူငယ်ချင်းတွေနဲ့ ဟော်တယ်ခန်းထဲမှာ စုစားတယ်၊ ဒါမှမဟုတ်ရင် အနီးနားမှာ ဘယ်လိုတန်ခိုးကြီး ဘုရားတွေရှိတယ်၊ အဲ့လိုဆန်ဆန်မျိုးတွေ လုပ်လို့ရပါတယ်၊  ကျွန်တော်ကတော့ အဲ့ဒီ Unlock the Why ဆိုတဲ့ ပုံစံမျိုးတွေကို အရင်ဆုံးလုပ်စေချင်ပါတယ်၊ ဒါဆိုရင် ပိုအဆင်ပြေမှာပါ။
#marketing #digitalmarketing #market #career #askalex #askalexmm

...more
View all episodesView all episodes
Download on the App Store

AskAlexBy Alex Khine