အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ Gmail အတွက် လုံခြုံရေးလုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ အီးမေးလ်စစ်မှန်ကြောင်း သိနိုင်ဖို့ အမှတ်တံဆိပ်တွေရဲ့လိုဂိုကို ထည့်သွင်းလိုက်တဲ့ Google အကြောင်း၊ ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှုကို ဆက်လက် ထောက်ပံ့တဲ့အနေနဲ့ ဇူလိုင် ၂၁ ရက်က ယူရိုငွေ ၃၇.၆၂၅ မီလီယံ [ကျပ်ငွေ ၅၉.၆၉၃ ဘီလီယံ] ကို ပေးအပ်ခဲ့တဲ့ အကြောင်း၊ Google ရဲ့ Pixel ဖုန်း ဓာတ်ပုံအင်ဂျင်နီယာဟောင်း ဖြစ်သူ မာ့ဘ်လီဗွိုင်က Adobe အတွက် universal camera app တစ်မျိုးကို ဖန်တီးမယ့်အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို တင်ဆက်ပေးထားပါတယ်။