အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ မြန်မာ့ဒီဂျစ်တယ်ခေတ်သစ်အတွက် ရေရှည်တည်တံ့တဲ့ အလားအလာကောင်းတွေ ဖော်ဆောင်ပေးမယ့် ICT ရဲ့ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့တဲ့အကြောင်း၊ COVID-19 ရောဂါကာကွယ်တားဆီးရေးလုပ်ငန်း ဆန်းစစ်ပုံစံတွေနဲ့ ဆန်းစစ်စိစစ် အကဲဖြတ်ဆောင်ရွက် ပြီးစီးတဲ့ကျောင်း စုစုပေါင်း ( ၇၀၀၄ ) ကျောင်းရှိတဲ့အကြောင်း၊ ဆုကြေးငွေ ကျပ်သိန်း ၅၀၀ ကျော်ရရှိမယ့် PUBG MOBILE Myanmar Championship 2020 Season 2 ပြိုင်ပွဲအတွက် စာရင်းပေးသွင်းနိုင်တဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို တင်ဆက်ပေးထားပါတယ်။