AskAlex

Instagram Shop အကြောင်း


Listen Later

Q: မင်္ဂလာပါ ကို Alex။ Instagram shop ဖွင့်တာနဲ့ပတ်သက်ပြီးတော့ အတွေ့အကြုံလေး မျှဝေပေးလို့ ရမလားရှင့်။ ညီမလုပ်ကြည့်တာ website ရှိမှရမယ်ဆိုလို့ပါရှင့်။ Facebook shop လိုမျိုး website မရှိဘဲနဲ့ တခြားနည်းလမ်းရော ရှိမလားရှင့်။ 


A: ကျွန်တော်သိသလောက်ကတော့ မရဘူး။ website ရှိမှပဲ သူ့ရဲ့ requirement ထဲကတစ်ခုပေါ့။ အဲ့တော့ website ရှိမှပဲ ဘယ်လို‌ခေါ်မလဲ domain verification လုပ်ရတာ။ အဲ့တော့ ကျွန်တော်တို့ရဲ့ web domain ကို verify လုပ်ရတာဆိုတော့ website ရေးတာဘယ်လောက်မှ စျေးများတာမှမဟုတ်တာ။ domain ဝယ် တာက ဘယ်လောက်ရှိလဲ။ ကျွန်တော်အရင်တုန်းကဝယ်တာ ၁၂ ဒေါ်လာရှိတယ်။ hosting ဘာညာ ကလည်း ကိုယ့်မှာ site ရှိရင်ရှိသလောက် ဆယ်ဂဏန်းပတ်ချာလည်လောက်တော့ရှိမယ်။ website ရေး တာကတော့ ကိုယ့်ရဲ့ developer ပေါ်မူတည်ပြီးတော့ ကွာနိုင်တဲ့အတွက်ကြောင့် အများ ကြီးတော့ ဒီမှာပြောလို့မရဘူး။ ကိုယ့်ဒေါသနဲ့ကိုယ်ပေါ့လေ။ ထားပါတော့ သိန်းဂဏန်းကနေ သိန်းကို ဆယ်ဂဏန်း ကနေ ရာဂဏန်းလောက်ထိ ဖြစ်သွားနိုင်တဲ့အတွက်ကြောင့်ပါ။ နောက်တစ်ခုကတော့ ကျွန်တော်တို့ level up မှာလည်း website ရေးပေးပါတယ်။ (ကြော်ငြာဝင်တာပါ)။ စိတ်ဝင်စားတယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ကူညီပေးလို့ရပါတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm

...more
View all episodesView all episodes
Download on the App Store

AskAlexBy Alex Khine