ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

ဇာတ်လမ်းရုပ်ရှင်နဲ့ ကျွန်တော် အပိုင်း (၁)


Listen Later

“ရယ်ရယ်မောမောပေါ့ပေါ့ပါးပါး” Podcast အစီအစဉ်ရဲ့ နားဆင်သူ မိတ်ဆွေတို့ရေ “ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ “ဇာတ်လမ်းရုပ်ရှင်နဲ့ ကျွန်တော်” ဆိုတဲ့ podcast အစီအစဉ်လေးကို မိတ်ဆက်ပေးချင်ပါတယ်။ “ဇာတ်လမ်းရုပ်ရှင်နဲ့ ကျွန်တော်” အပိုင်း (၁)မှာတော့ ခေါင်းစဉ်လေး အတိုင်းပါပဲ ကျွန်တော် ပြည့်ဖြိုးအောင် ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခွင့်ရခဲ့တဲ့ ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် UNCRPD ရဲ့ အပိုဒ် (၂၄) မှာပါဝင်တဲ့ ပညာရေးဆိုင်ရာ အခွင့်အရေးကို ဇာတ်လမ်းတို အဖြစ်ပုံဖော်ရာမှာ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ပေးတဲ့ ကျွန်တော့်ရဲ့ ချစ်ခင်ရတဲ့ သူငယ်ချင်းဖြစ်သူ ကိုပြည့်ဖြိုးဝေနဲ့အတူ တင်ဆက်ပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီဇာတ်လမ်းကို ဆရာ ဦးအောင်ကိုမြင့်က ရေးသားခဲ့ပြီး ကျွန်တော်နဲ့အတူ ၂၀၁၉ ခုနှစ် MCA Network ဇာတ်ညွှန်း သင်တန်းသားများနဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့က ပရောဂျက် ဝန်ထမ်းတွေ သာမကဘဲ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်က Filmmaker တွေနဲ့ ရန်ကုန်ရုပ်ရှင်ကျောင်းက Filmmaker တွေကလည်း မေတ္တာနဲ့ ပူးပေါင်းပံ့ပိုး ကူညီပေးခဲ့ကြပါတယ်။ အခု “ဇာတ်လမ်းရုပ်ရှင်နဲ့ ကျွန်တော်” ဆိုတဲ့ podcast အစီအစဉ်မှာတော့ ဒီဇာတ်လမ်း ဖြစ်ပေါ်လာပုံ၊ ရုပ်ရှင် ဇာတ်လမ်းတိုအဖြစ် ရိုက်ကူးဖြစ်ခဲ့ပုံတွေ၊ မသန်စွမ်းသူနဲ့ ဝန်ထမ်းတွေ၊ Independent Filmmaker တွေက ကင်မရာရှေ့နောက်မှာ ဝန်းရံပေးခဲ့ကြတဲ့ ရိုက်ကူးရေး အတွေ့အကြုံ အမှတ်တရတွေကို နားဆင်ရမှာဖြစ်ပါတယ်။ ဪ ဒါနဲ့ ကျွန်တော့်ရဲ့ ထုံးစံအတိုင်း အလွဲလေးတွေကလည်း ပါသေးတာပေါ့ဗျာ။ ဒါကြောင့် ရှည်ရှည်ဝေးဝေးတွေ မပြောနေတော့ပါဘူး ကျွန်တော်တို့အစီအစဉ်ကိုသာ မလွတ်တမ်း စောင့်မျှော် နားဆင်ကြပါဦးလို့ ဖိတ်ခေါ်ပါရစေ ခင်ဗျာ။ အခုဆွေးနွေးထားတဲ့ “ခွင့်တူညီမျှ” ဇာတ်လမ်းကို ဒီနေရာမှာ ကြိုတင်ခံစား ကြည့်ရှု့နိုင်ပါပြီနော်။

👉 https://youtu.be/P__9bjUBXwo

"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"

👉 https://anchor.fm/mcanetwork

👉 https://myanmarcinemabilitynetwork.wordpress.com/

👉https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA

👉https://t.me/mcanetwork

...more
View all episodesView all episodes
Download on the App Store

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးBy MCA Network