ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

ဇာတ်လမ်းရုပ်ရှင်နဲ့ ကျွန်တော် အပိုင်း (၂)


Listen Later

“ရယ်ရယ်မောမောပေါ့ပေါ့ပါးပါး” podcast အစီအစဉ်ကို နားဆင်အားပေးနေကြတဲ့ မိတ်ဆွေတို့ရေ “ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ “ဇာတ်လမ်း ရုပ်ရှင်နဲ့ ကျွန်တော်” ဆိုတဲ့ အပိုင်း (၂)မှာတော့ ကျွန်တော် ပြည့်ဖြိုးအောင် ကိုယ်တိုင်ဒါရိုက်တာအနေနဲ့ ရိုက်ကူးခွင့်ရခဲ့တဲ့ ဇာတ်လမ်းတိုလေးတစ်ပုဒ်ဖြစ်တဲ့ “Respect on Our  Ability” ဆိုတဲ့ ဇာတ်လမ်းတိုလေးအကြောင်းကို ဒီဇာတ်လမ်းတိုလေးထဲက သရုပ်ဆောင် နှစ်ဦးဖြစ်တဲ့ ကိုယ်အင်္ဂါ မသန်စွမ်းသူ မတင်နီလာဝင်း၊ အမြင်အာရုံ မသန်စွမ်းသူ ညီလေး စောမနိုင်းဖောင်နဲ့ ရိုက်ကူးရေး ကာလတစ်လျှောက်လုံး အင်တိုက်အားတိုက်နဲ့ စိတ်အားထက်သန်စွာ နောက်ကွယ်ကနေ ပံ့ပိုးကူညီပေးခဲ့တဲ့ ကျွန်တော်ရဲ့ ထုတ်လုပ်ရေး မန်နေဂျာဖြစ်တဲ့ ညီမလေး ချစ်စုထွေးတို့ကနေ ပါဝင်တင်ဆက် ပေးသွားဦးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လေးယောက်ရဲ့ ရိုက်ကူးရေး အတွေ့အကြုံတွေ ကင်မရာ နောက်ကွယ်က အလွဲတွေ မသန်စွမ်း သရုပ်ဆောင်တွေရဲ့ အတွေ့အကြုံ အမှတ်တရတွေ ဇာတ်လမ်းရိုက်ကူးဖို့ ဖြစ်ပေါ်လာပုံတွေ စတာတွေကို နားထောင်ရမှာ ဖြစ်ပါတယ်ဗျာ။ ကျွန်တော်တို့ ဆွေးနွေးမယ့် “Respect on Our Ability” ဇာတ်လမ်းနဲ့ ရိုက်ကွင်းနောက်ကွယ် ပုံရိပ်များကို မိတ်ဆွေတို့အနေနဲ့ ဒီနေရာမှာ ကြိုတင်ခံစား ကြည့်ရှု့နိုင်ပါပြီနော်။

 https://www.youtube.com/watch?v=fs_yZDphmB0

Day 1 Shooting: https://www.facebook.com/media/set/?set=a.541358756314110...

Day 2 Shooting: https://www.facebook.com/media/set/?set=a.541742669609052...

"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"

👉 https://www.facebook.com/MyanmarCinemAbilityNetwork/

👉 https://myanmarcinemabilitynetwork.wordpress.com/

👉 https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA

👉 https://t.me/mcanetwork

...more
View all episodesView all episodes
Download on the App Store

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးBy MCA Network