ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

ဇာတ်လမ်းရုပ်ရှင်ထဲက "ကျွန်တော်"


Listen Later

“ရယ်ရယ်မောမောပေါ့ပေါ့ပါးပါး”  Podcast အစီအစဉ်ရဲ့ နားဆင်သူ သောတရှင်တို့ရေ အပတ်စဉ်တင်ဆက်ပေး နေတဲ့  အစီအစဉ်ကောင်းများထဲက တစ်ခုဖြစ်တဲ့ “ခွဲထွက်လာသော ရုပ်ရှင်များထဲက  မသန်စွမ်းဇာတ်ကောင်များ” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ “ဇာတ်လမ်းရုပ်ရှင်ထဲက  ကျွန်တော်” ဆိုတဲ့ podcast အစီအစဉ်ကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။  “ဇာတ်လမ်းရုပ်ရှင်ထဲက ကျွန်တော်” ဆိုတဲ့ ခေါင်းစဉ်လေး အတိုင်းပါပဲ  ကျွန်တော် ပြည့်ဖြိုးအောင် ကိုယ်တိုင် ပါဝင်ရိုက်ကူး သရုပ်ဆောင်ဖြစ်ခဲ့တဲ့  ဇာတ်လမ်းရုပ်ရှင်တွေရဲ့ အကြောင်းကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။  ဒီတစ်ခေါက်အတွက် ရွေးချယ်ထားတဲ့ ဇာတ်လမ်းရုပ်ရှင်ကတော့ ကျွန်တော်  ကိုယ်တိုင် ရေးသားထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ကိုယ်အင်္ဂါမသန်စွမ်းသူ  တစ်ဦးလည်း ဖြစ်သလို ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ တစ်ဦးလည်း ဖြစ်တဲ့ ဒါရိုက်တာ  သမီးမြတ်ကျော်ကနေ မေတ္တာနဲ့ ရိုက်ကူးပေးခဲ့တဲ့ “အမြဲတမ်းပြုံးမယ့်သူ”  ဆိုတဲ့ ဇာတ်လမ်းရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင်  ကျွန်တော်နဲ့အတူ ဝါရင့်အနုပညာရှင်များစွာကလည်း မေတ္တာနဲ့  ပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။ အခု “ဇာတ်လမ်းရုပ်ရှင်ထဲက ကျွန်တော်” ဆိုတဲ့  podcast အစီအစဉ်မှာတော့ ဒီဇာတ်လမ်းလေး ဖြစ်ပေါ်လာပုံနဲ့ ရုပ်ရှင်  ဇာတ်လမ်းတိုအဖြစ် ရိုက်ကူးဖြစ်ခဲ့ပုံတွေ မသန်စွမ်းသူတစ်ယောက်အနေနဲ့  သရုပ်ဆောင်ရတဲ့အခါမှာ ကြုံတွေ့ရတဲ့ ရိုက်ကူးရေးအတွေ့အကြုံတွေ အမှတ်တရတွေ  ကို နားဆင်ရမှာဖြစ်ပါတယ် ဪ ပြီးတော့ အလွဲလေးတွေကလည်း ပါသေးတာပေါ့ဗျာ  ပြီးတော့ မသန်စွမ်းသူ တစ်ယောက်အနေနဲ့ မသန်စွမ်းဇာတ်ကောင်နေရာကနေ  သရုပ်ဆောင်ရတဲ့အခါမှာ ကျွန်တော်ဘာကို ခံစားမိလဲဆိုတော့ မသန်စွမ်းသူတွေလည်း  ဒီလိုသရုပ်ဆောင်နိုင်ပါလား ဆိုတာကို ဒီရုပ်ရှင်က သတ်သေပြနိုင်တယ်လို့  ကျနော်ခံစားမိပါတယ် ယုံလည်း ယုံကြည်ပါတယ် နောက်တစ်ခုက  မသန်စွမ်းဇာတ်ကောင်ဆိုရင် ကျွန်တော်တို့ အရင်က ကြည့်ဖူးနေကြ  ဇာတ်ကောင်ပုံစံတွေကနေ ခွဲထွက်လာတဲ့ ဇာတ်ကောင်ပုံစံတွေကိုလည်း  ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

နောက်အပတ်မှာ  ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက  ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast  အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊ အကြံဉာဏ်များပေးကြသူများနဲ့  နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို အထူးပဲကျေးဇူးတင်ပါသည်။

မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊  မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့်  ဝေမျှပေးရင်း သတင်းကောင်းပေးနိုင်ပါတယ်။ Anchor မှာ နားဆင်ဖို့    အခက်အခဲရှိသူများအတွက် Myanmar CinemAbility Network ရဲ့ Youtube   Channel  မှာလည်း   သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး    မိတ်ဆွေတို့ရဲ့  မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊  မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ  ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့  ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက်    [email protected] သို့မဟုတ် တင်ဆက်သူများရဲ့ Viber   နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့   မနွေး  - ၀၉၉၄၁၅၅၉၈၉၇    တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှု အသိပညာတွေတိုးပွားကာ    ခွဲခြားဆက်ဆံမှုကင်းတဲ့    အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို     အမြန်ဆုံးထူထောင်နိုင်ပါစေလို့   ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။

...more
View all episodesView all episodes
Download on the App Store

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးBy MCA Network