Sign up to save your podcasts
Or

ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ ခေါင်းစဉ်အောက်ကနေ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုး ရွေးချယ်ထားတာကတော့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ကနေ ၂၀၁၂ ခုနှစ်က ရိုက်ကူးထုတ်လုပ်ပြီး ဒါရိုက်တာ သမီးမြတ်ကျော် ခံစားတင်ပြတဲ့ "ဘေးဖယ်မထားပါနဲ့" ဇာတ်လမ်းတို (၁) နဲ့ ၂၀၁၅ ခုနှစ်မှာ ဒါရိုက်တာ နွေးဇာခြည်စိုး ရိုက်ကူးခွင့်ရခဲ့တဲ့ "အဖိုးမဖြတ် မဲတစ်ကတ်" ဇာတ်လမ်းတိုများမှာ အဓိက ဇာတ်ကောင် တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ပေးခဲ့တဲ့ မစိုးမိုးဦးက သူမရဲ့ ရိုက်ကွင်း နောက်ကွယ်က အမှတ်တရမျိုးစုံနဲ့ ဇာတ်ကောင်တွေ အကြောင်းအပြင် လေ့လာမှတ်သားမိခဲ့တဲ့ အတွေ့အကြုံတွေကို "ဇာတ်လမ်းရုပ်ရှင်ထဲက သူမ" ခေါင်းစဉ်နဲ့ ဝေမျှတင်ဆက်ထားတာ ဖြစ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ မူရင်း ဇာတ်လမ်းတိုများကို ဒီနေရာကနေလည်း ဘေးဖယ်မထားပါနဲ့ အဖိုးမဖြတ် မဲတစ်ကတ် ကြိုတင်ဝင်ရောက် ခံစားနိုင်ပါတယ်။
နောက်အပတ်မှာ ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊ အကြံဉာဏ်များပေးကြသူများနဲ့ နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို အထူးပဲကျေးဇူးတင်ပါသည်။ မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊ မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း သတင်းကောင်းပေးနိုင်ပါတယ်။
Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက် Myanmar CinemAbility Network ရဲ့ Youtube Channel မှာလည်း စနေနေ့ည (၇)နာရီမှာ Premiere Show အဖြစ် သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected]သို့မဟုတ် တင်ဆက်သူများရဲ့ ဖုန်းနံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး - ၀၉၉၄၁၅၅၉၈၉၇ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှုအသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။
By MCA Networkခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ ခေါင်းစဉ်အောက်ကနေ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုး ရွေးချယ်ထားတာကတော့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ကနေ ၂၀၁၂ ခုနှစ်က ရိုက်ကူးထုတ်လုပ်ပြီး ဒါရိုက်တာ သမီးမြတ်ကျော် ခံစားတင်ပြတဲ့ "ဘေးဖယ်မထားပါနဲ့" ဇာတ်လမ်းတို (၁) နဲ့ ၂၀၁၅ ခုနှစ်မှာ ဒါရိုက်တာ နွေးဇာခြည်စိုး ရိုက်ကူးခွင့်ရခဲ့တဲ့ "အဖိုးမဖြတ် မဲတစ်ကတ်" ဇာတ်လမ်းတိုများမှာ အဓိက ဇာတ်ကောင် တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ပေးခဲ့တဲ့ မစိုးမိုးဦးက သူမရဲ့ ရိုက်ကွင်း နောက်ကွယ်က အမှတ်တရမျိုးစုံနဲ့ ဇာတ်ကောင်တွေ အကြောင်းအပြင် လေ့လာမှတ်သားမိခဲ့တဲ့ အတွေ့အကြုံတွေကို "ဇာတ်လမ်းရုပ်ရှင်ထဲက သူမ" ခေါင်းစဉ်နဲ့ ဝေမျှတင်ဆက်ထားတာ ဖြစ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ မူရင်း ဇာတ်လမ်းတိုများကို ဒီနေရာကနေလည်း ဘေးဖယ်မထားပါနဲ့ အဖိုးမဖြတ် မဲတစ်ကတ် ကြိုတင်ဝင်ရောက် ခံစားနိုင်ပါတယ်။