eaineain

ကျောင်းဘင်ခရာတီးဝိုင်း၊ လွန်းဆက်နိုးမြတ်


Listen Later

ကျောင်းဘင်ခရာတီးဝိုင်း လွန်းဆက်နိုးမြတ် အတန်းထဲက ငါတို့ ဂွင်းမှန်းထုနေကျ စပ်စလူးမတွေ စကပ်တိုကိုယ်စီနဲ့ ပန်းပွားကိုယ်စီနဲ့ ရှေ့ဆုံးက ကောင်မက စလွယ်တွေ ဘာတွေ လွယ်လို့ အလံတွေ ဘာတွေကိုင်လို့။ မာစတာဘေးရှင်းဆိုတဲ့ စကားလုံးကို ဘယ်နတ်ဘုရားမှ ငါတို့ကို လာအလင်းမပြသေး။ ငါတို့ဖို့ အောစာအုပ်တွေ ဘယ်ကမှန်းမသိ မ မ လာတဲ့ ဟိုမအေးပေးကလည်း ဝတ်စုံဖြူတောက်တောက်ပြောင်ပြောင်နဲ့ ဒီကောင် ငါ့ရှေ့က ပုလွေမှုတ်ရင်း ဖြတ်သွားတော့ ငါဖီးလ်တက်ပြလိုက်တယ်။ သူ့စာသင်ချိန်တွေမှာ ငါတို့ကို လိင်ကိစတွေ ခပ်ကြမ်းကြမ်းပြောတတ်တဲ့ သချာ်ဆရာလည်း တပည့်တွေကို ခပ်လှမ်းလှမ်းက ကြည့်ရင်း ပြုံးနေတယ်။ အဲဒီ့တုန်းက လိင်ပညာပေးဆိုတဲ့ စကားလုံး ငါတို့ မကြားဖူးသေးဘူး။ ကျောင်းဘင်ခရာတီးဝိုင်းက သီချင်းနှစ်ပုဒ်ပဲ တီးတတ်တာ ငါတို့က သိတယ်။ တပုဒ်က နိုင်ငံတော်သီချင်း နောက်တပုဒ်က ဟသ်ာတမြင့်ငွေရဲ့ မြန့်မာ့အားကစား ကမာကို လွှမ်းစေရမယ်စာသားပါတဲ့ သီချင်း ကျောင်းဘင်ခရာတီးဝိုင်းကို တကျောင်းလုံး အာရုံကျနေတုန်း အပေါင်းအသင်းနှစ်ယောက်နဲ့ ကျောင်းအိမ်သာနောက်က နံရံပေါ် ကျော်တက် တရုံလုံးဘုန်းကြီးတွေပြည့်နေတဲ့ အောကားပြတဲ့ ဗီဒီယိုရုံဆီ ငါတို့ ထွက်ခဲ့တယ်။ အဲဒီ့တုန်းက ငါတို့ လွယ်အိတ်ထဲမှာ စောက်ပုံနှိပ်စာအုပ်တွေအများကြီး ငါတို့ရဲ့ ခေါင်းပေါ်က ကောင်းကင်မှာကျ ငါတို့ ပစ်ချမရတဲ့ စောက်ကြိုးကြာငှက်တွေက ဗွီပုံသဏ္ဌာန်စုဖွဲ့ပျံသန်းလို့။
...more
View all episodesView all episodes
Download on the App Store

eaineainBy eaineain