
Sign up to save your podcasts
Or


ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ အပိုင်း(၈)အတွက် ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုး ရွေးချယ်ထားတာကတော့ ၂၀၁၇ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ Radiance ဂျပန်အချစ် ရုပ်ရှင်ကားဖြစ်ပြီး မသန်စွမ်းအရေးကို လုပ်ဆောင်နေသူ ညီမငယ် မေမြတ်ထူးစံနဲ့အတူ ဆွေးနွေးပေးမှာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ မျက်စိအလင်း တစ်စတစ်စ ကွယ်ပျောက်လာတဲ့ ဓာတ်ပုံဆရာ တစ်ယောက်နဲ့ အမြင်အာရုံ မသန်စွမ်းသူတွေကို ရုပ်ရှင်တွေခံစားနိုင်ဖို့ အသံနဲ့ ဖွင့်ဆိုရှင်းပြပေးရတဲ့ လူမှုဝန်ထမ်း အမျိုးသမီးလေးတို့ကြားက ရုပ်ပုံခံစားမှု သဘောတရားတွေ မတူညီနေတဲ့အခါ ဓာတ်ပုံဆရာရဲ့ တည့်တိုးပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် အောင့်သက်သက် ခံစားသွားရတဲ့ အမျိုးသမီးလေးရဲ့ အဖြစ်နဲ့ သူတို့ရဲ့ ကသိကအောက်နိုင်တဲ့ ဆုံတွေ့မှုကို အစပြုထားတာ ဖြစ်ပါတယ်။ မသန်စွမ်းမှုနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ရုပ်ရှင်ပြိုင်ပွဲတွေမှာဆိုရင် အမြင်အာရုံမသန်စွမ်းသူတွေလည်း ရုပ်ရှင်ကို အများနည်းတူ ခံစားနိုင်အောင် Audio Description လို့ခေါ်တဲ့ အသံနဲ့ သရုပ်ဖော် ဖွင့်ဆိုရှင်းပြပေးခြင်းတွေ ရုပ်ရှင်ထဲမှာ တစ်ပါတည်း ထည့်သွင်းတင်ဆက်ပေးရပါတယ်။ ဒါမှသာ အများနည်းတူ တစ်ပြိုင်နက် ရုပ်ရှင်ထဲက ဇာတ်ကောင်တွေရဲ့ အမူအရာတွေ၊ လှုပ်ရှားမှုတွေ၊ အရောင်တွေ၊ သဘာဝတရားတွေ၊ ဖြစ်ရပ်တွေကို စကားပြောတွေတင်မကဘဲ အသေးစိတ် ပူးဝင်ခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒါကို ဝန်ဆောင်မှုပေးတဲ့ နေရာကို အလွယ်ခေါ်ရရင် မျက်မမြင်ရုပ်ရှင်ရုံလို့ သုံးနှုန်းတတ်ကြပါတယ်။ ဒီထဲမှာတော့ အသံနဲ့ဖွင့်ဆိုရှင်းပြခြင်းရဲ့ အခန်းကဏ္ဍနဲ့ အရေးပါပုံကို အထူးလေ့လာရမှာဖြစ်ပြီး ရုပ်ရှင်နဲ့ပတ်သက်တဲ့ အမြင်အာရုံမသန်စွမ်းသူ မောင်နှမများရဲ့ ပြည်သူ့အသံကိုလည်း ပြည့်ပြည့်စုံစုံ ထည့်သွင်းတင်ဆက်ထားပါတယ်။ 📲 မူရင်း ဇာတ်ကားကို MCA Network ရဲ့ Telegram Channel မှာ ရှုစားနိုင်ပါတယ်။ ရုပ်ရှင်ပူးတွဲ တင်ဆက်သူအဖြစ် လေ့လာလိုသူများ ဒီနေရာမှာ 👉 https://forms.gle/spKJrGkFtRdJajri9 လျှောက်ထားနိုင်ပါတယ်။
🎧"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"📲
👉https://www.facebook.com/MyanmarCinemAbilityNetwork/
👉https://myanmarcinemabilitynetwork.wordpress.com/
👉https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA
👉https://t.me/mcanetwork
📧 Gmail: [email protected]
☎️ 09261256493, 09941559897
By MCA Networkခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ အပိုင်း(၈)အတွက် ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုး ရွေးချယ်ထားတာကတော့ ၂၀၁၇ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ Radiance ဂျပန်အချစ် ရုပ်ရှင်ကားဖြစ်ပြီး မသန်စွမ်းအရေးကို လုပ်ဆောင်နေသူ ညီမငယ် မေမြတ်ထူးစံနဲ့အတူ ဆွေးနွေးပေးမှာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ မျက်စိအလင်း တစ်စတစ်စ ကွယ်ပျောက်လာတဲ့ ဓာတ်ပုံဆရာ တစ်ယောက်နဲ့ အမြင်အာရုံ မသန်စွမ်းသူတွေကို ရုပ်ရှင်တွေခံစားနိုင်ဖို့ အသံနဲ့ ဖွင့်ဆိုရှင်းပြပေးရတဲ့ လူမှုဝန်ထမ်း အမျိုးသမီးလေးတို့ကြားက ရုပ်ပုံခံစားမှု သဘောတရားတွေ မတူညီနေတဲ့အခါ ဓာတ်ပုံဆရာရဲ့ တည့်တိုးပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် အောင့်သက်သက် ခံစားသွားရတဲ့ အမျိုးသမီးလေးရဲ့ အဖြစ်နဲ့ သူတို့ရဲ့ ကသိကအောက်နိုင်တဲ့ ဆုံတွေ့မှုကို အစပြုထားတာ ဖြစ်ပါတယ်။ မသန်စွမ်းမှုနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ရုပ်ရှင်ပြိုင်ပွဲတွေမှာဆိုရင် အမြင်အာရုံမသန်စွမ်းသူတွေလည်း ရုပ်ရှင်ကို အများနည်းတူ ခံစားနိုင်အောင် Audio Description လို့ခေါ်တဲ့ အသံနဲ့ သရုပ်ဖော် ဖွင့်ဆိုရှင်းပြပေးခြင်းတွေ ရုပ်ရှင်ထဲမှာ တစ်ပါတည်း ထည့်သွင်းတင်ဆက်ပေးရပါတယ်။ ဒါမှသာ အများနည်းတူ တစ်ပြိုင်နက် ရုပ်ရှင်ထဲက ဇာတ်ကောင်တွေရဲ့ အမူအရာတွေ၊ လှုပ်ရှားမှုတွေ၊ အရောင်တွေ၊ သဘာဝတရားတွေ၊ ဖြစ်ရပ်တွေကို စကားပြောတွေတင်မကဘဲ အသေးစိတ် ပူးဝင်ခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒါကို ဝန်ဆောင်မှုပေးတဲ့ နေရာကို အလွယ်ခေါ်ရရင် မျက်မမြင်ရုပ်ရှင်ရုံလို့ သုံးနှုန်းတတ်ကြပါတယ်။ ဒီထဲမှာတော့ အသံနဲ့ဖွင့်ဆိုရှင်းပြခြင်းရဲ့ အခန်းကဏ္ဍနဲ့ အရေးပါပုံကို အထူးလေ့လာရမှာဖြစ်ပြီး ရုပ်ရှင်နဲ့ပတ်သက်တဲ့ အမြင်အာရုံမသန်စွမ်းသူ မောင်နှမများရဲ့ ပြည်သူ့အသံကိုလည်း ပြည့်ပြည့်စုံစုံ ထည့်သွင်းတင်ဆက်ထားပါတယ်။ 📲 မူရင်း ဇာတ်ကားကို MCA Network ရဲ့ Telegram Channel မှာ ရှုစားနိုင်ပါတယ်။ ရုပ်ရှင်ပူးတွဲ တင်ဆက်သူအဖြစ် လေ့လာလိုသူများ ဒီနေရာမှာ 👉 https://forms.gle/spKJrGkFtRdJajri9 လျှောက်ထားနိုင်ပါတယ်။
🎧"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"📲
👉https://www.facebook.com/MyanmarCinemAbilityNetwork/
👉https://myanmarcinemabilitynetwork.wordpress.com/
👉https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA
👉https://t.me/mcanetwork
📧 Gmail: [email protected]
☎️ 09261256493, 09941559897